မြန်မာနှင့် သြစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့တို့ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ရန်ကုန်တွင် ဆွေးနွေး

မြန်မာနှင့် သြစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့တို့ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ရန်ကုန်တွင် ဆွေးနွေး
ဇူလိုငျ 11, 2018
By Tachileik News Agency



ပထမအကြိမ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့(AFP)တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပရာ မြန်မာ၊ ဩစတြေးလျ၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဟောင်ကောင်ရှိ ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ရုံး (DEA)တို့မှ(၂၄)ဦး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ(၅)ဦး၊ တရုတ်နိုင်ငံမှ(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ(၂)ဦး၊ မလေးရှားနိုင်ငံမှ(၂)ဦး၊ ကမ္ဘောဒီးယား နိုင်ငံမှ(၂)ဦး၊ ထိုင်းနိုင်ငံမှ(၄)ဦး စုစုပေါင်းကိုယ်စားလှယ်(၄၁)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများ၊ နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ကျူးလွန်ရာတွင် ပါဝင်သော တရားခံပြေးများ၊ စောင့်ကြည့်ပစ်မှတ်များနှင့် ပတ်သက်၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သြစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)တို့ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဆွေးနွေးကြောင်း သိရသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က Operation Dragon အဖြစ်လည်းကောင်း၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့က Operation Kungur အဖြစ်လည်းကောင်း လုပ်ဆောင်နေကြောင်း သိရသည်။

ပထမအကြိမ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့(AFP)တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပရာ မြန်မာ၊ ဩစတြေးလျ၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ ကမော္ဘဒီးယား၊ အင်ဒိုနီးရှား၊ ဟောင်ကောင်ရှိ ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ရုံး (DEA)တို့မှ(၂၄)ဦး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ(၅)ဦး၊ တရုတ်နိုင်ငံမှ(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ(၂)ဦး၊ မလေးရှားနိုင်ငံမှ(၂)ဦး၊ ကမော္ဘဒီးယား နိုင်ငံမှ(၂)ဦး၊ ထိုင်းနိုင်ငံမှ(၄)ဦး စုစုပေါင်းကိုယ်စားလှယ်(၄၁)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အပြင် နိုင်ငံတော်သမ္မတရုံးက တိုက်ရိုက် ကွပ်ကဲမည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ် ဇွန်လ (၂၂)ရက်နေ့ ရက်စွဲပါ နိုင်ငံတော်သမ္မတရုံး၏ ရုံးအမိန့်အမှတ် (၁၈၇/၂၀၁၈)ဖြင့် ဖွဲ့စည်းလိုက်ကာ သတင်းပေး တိုင်ကြား သူများအား နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်မည့် အစီအစဉ်ကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~