အဂတိလိုက္စားမႈျဖင့္ မြန္ျပည္နယ္မွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး (၂)ဦးကို ေထာင္ဒဏ္ခ်မွတ္ထားၿပီး ရန္ကုန္တုိင္းမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကို အမႈဖြင့္ စစ္ေဆးေန

အဂတိလိုက္စားမႈျဖင့္ မြန္ျပည္နယ္မွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး (၂)ဦးကို ေထာင္ဒဏ္ခ်မွတ္ထားၿပီး ရန္ကုန္တုိင္းမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကို အမႈဖြင့္ စစ္ေဆးေန
ဇူလိုင် 15, 2018
By Tachileik News Agency

အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္ရံုး စတင္ဖြင့္လွစ္သည့္ ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၄)ရက္ေန႔မွစ၍ ၂၀၁၈ ခုႏွစ္ ဇြန္လ (၃၀)ရက္ေန႔အထိ ေကာ္မရွင္အဖြဲ႔ထံ တုိင္ၾကားစာေပါင္း (၄,၁၁၆)ေစာင္ကို လက္ခံရရိွ ထားၿပီး ၂၀၁၈ ခုႏွစ္ဇူလိုင္လအတြင္း အုပ္ခ်ဳပ္ေရးမွဴး (၂)ဦးကို ျပစ္ဒဏ္ခ်မွတ္ခဲ့ကာ အုပ္ခ်ဳပ္ေရးမွဴး (၁)ဦးကို အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

လုပ္ပိုင္ခြင့္ အာဏာအလြဲသံုးစားျပဳ၍ အဂတိလုိက္စားမႈျဖင့္ မြန္ျပည္နယ္၊ က်ဳိက္ထုိၿမိဳ႕နယ္၊ ေကာ့ထင္းစံျပေက်းရြာ၏ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္းတုိ႔အား ၂၀၁၈ ခုႏွစ္ ဇူလိုင္လ (၁၃)ရက္ေန႔တြင္ အလုပ္ႏွင့္ေထာင္ဒဏ္ (၃)ႏွစ္စီခ်မွတ္လုိက္ၿပီး ရန္ကုန္တုိင္းေဒသႀကီး ေထာက္ႀကံ႕တိုးခ်ဲ႕ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးကို အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

လက္ရိွတြင္ တာဝန္မွ ရပ္စဲခံရသည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးသက္တင္သည္ ၂၀၁၄ ခုႏွစ္ႏွင့္ ၂၀၁၅ ခုႏွစ္အတြင္းက ေသာင္ႏုေျမကို သက္ဆုိင္ရာဌာနမ်ား၏ ခြင့္ျပဳခ်က္မရဘဲ ၿခံေျမအကြက္မ်ား ရိုက္၍ ေရာင္းစားၿပီး ရရွိေငြမ်ားကို စာရင္းရွင္းလင္းရာ၌ အမွန္တကယ္ေဆာင္ရြက္ျခင္းမရွိသည့္ လုပ္ငန္းေျပစာ အတုမ်ား တင္ျပခဲ့ေၾကာင္း စိစစ္ေတြ႔ရိွရျခင္းျဖစ္ၿပီး ယခင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေဟာင္း ဦးျမင့္လြင္က ပူးေပါင္းပါဝင္ခဲ့ေၾကာင္း စစ္ေဆးသိရိွရျခင္းျဖစ္သည္ဟု သိရသည္။

စစ္ေဆးေတြ႔ရိွခ်က္မ်ား အရ  ဦးသက္တင္အား အဂတိလိုက္စားမႈတုိက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ အရ လည္းေကာင္း၊ ဦးျမင့္လြင္အား အဂတိလိုက္စားမႈတုိက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆/၆၃ အရလည္းေကာင္း မြန္ျပည္နယ္တရားလႊတ္ေတာ္သို႔ ေကာ္မရွင္က တရားစြဲဆိုတင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမႈမ်ားကို မြန္ျပည္နယ္တရားလႊတ္ေတာ္က လက္ခံစစ္ေဆးၿပီးေနာက္ ဦးသက္တင္ႏွင့္ ဦးျမင့္လြင္တို႔ သည္ စြဲဆိုထားသည့္ ျပစ္မႈမ်ားကို က်ဴးလြန္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ဦးသက္တင္ကို အဂတိ လိုက္စားမႈတုိက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၃) ႏွစ္၊ ဦးျမင့္လြင္ကို အဂတိ လိုက္စားမႈတုိက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆/၆၃ အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၃) ႏွစ္ အသီးသီးက်ခံရန္ အမိန္႔ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရပ္ကြက္ပိုင္ပလပ္ေျမမ်ားကို ေျမကြက္မ်ားရိုက္ၿပီး တရားမ၀င္ေရာင္းခ်သည့္ ရန္ကုန္တို္င္းေဒသႀကီး၊ မဂၤလာဒံုၿမိဳ႕နယ္၊ ေထာက္ၾကန္႔တိုးခ်ဲ႕ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦး၀င္းျမင့္ကိုလည္း ရပ္ကြက္ေန ျပည္သူမ်ားက အဂတိလိုက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္သို႔ တုိင္ၾကားလာသျဖင့္ ေကာ္မရွင္က စံုစမ္းစစ္ေဆးေရးအဖြဲ႕ျဖင့္ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပုိင္သာယာေရးေကာ္မတီမွ စီမံခန္႔ခြဲပိုင္ခြင့္ ရွိသည့္ ပလပ္ေျမမ်ားကို ၄င္း၏သေဘာဆႏၵအေလ်ာက္ ေဖာ္ထုတ္ေရာင္းခ်ၿပီး ေငြက်ပ္သိန္း (၃၀၀) ခန္႔ယူေဆာင္၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ သြားေရာက္ကာ ေျမကြက္မ်ား အျမန္ရရွိေရး ေဆြးေႏြးညွိႏိႈင္းခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု သိရသည္။

သို႔ျဖစ္၍ ဦး၀င္းျမင့္အား ၂၀၁၃ ခုႏွစ္ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၇ အရ အေရးယူ ေပးပါရန္ ေကာ္မရွင္က ရန္ကုန္တုိင္းေဒသႀကီး၊ မဂၤလာဒံု ၿမိဳ႕နယ္ ေထာက္ၾကန္႔ရဲစခန္းသို႔ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၁၂)ရက္ေန႔တြင္ အမႈဖြင့္တိုင္တန္းခဲ့ရာ ရဲစခန္းက ပထမ သတင္းေပး တုိင္တန္းခ်က္အမွတ္ ၇၂၁/၂၀၁၈ ျဖင့္ လက္ခံဖြင့္လွစ္ကာ သက္ဆုိင္ရာတရားရံုးသို႔ တရားစြဲတင္ပို႔ႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္သည္ အဂတိလိုက္စားမႈမ်ား ေလ်ာ့နည္း က်ဆင္းေစေရး အတြက္ ပညာေပးျခင္း၊ တားဆီးကာကြယ္ျခင္း၊ စံုစမ္းစစ္ေဆးအေရးယူျခင္း နည္းလမ္း(၃)သြယ္ျဖင့္ ေဆာင္ရြက္လွ်က္ရွိရာ တိုင္တန္းလိုသူမ်ားရိွပါက အေထာက္အထားမ်ားျဖင့္ ဥကၠဌ၊ အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္၊ အုပ္စု(၁)၊ ေနျပည္ေတာ္အားကစားေလ့က်င့္ေရးစခန္း၊ ဝဏၰသိဒၶိရပ္ကြက္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ ေနျပည္ေတာ္သို႔ လိပ္မူတုိင္ၾကားႏုိင္သည့္အျပင္ အေသးစိတ္အခ်က္အလက္မ်ားအား https://www.facebook.com/accmyanmar တြင္လည္းေကာင္း ၾကည့္ရႈႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စတင်ဖွင့်လှစ်သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့မှစ၍ ၂၀၁၈ ခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ ကော်မရှင်အဖွဲ့ထံ တိုင်ကြားစာပေါင်း (၄,၁၁၆)စောင်ကို လက်ခံရရှိ ထားပြီး ၂၀၁၈ ခုနှစ်ဇူလိုင်လအတွင်း အုပ်ချုပ်ရေးမှူး (၂)ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကာ အုပ်ချုပ်ရေးမှူး (၁)ဦးကို အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

လုပ်ပိုင်ခွင့် အာဏာအလွဲသုံးစားပြု၍ အဂတိလိုက်စားမှုဖြင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းစံပြကျေးရွာ၏ အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးမှူးဟောင်းတို့အား ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်စီချမှတ်လိုက်ပြီး ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့တိုးချဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

လက်ရှိတွင် တာဝန်မှ ရပ်စဲခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်တင်သည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်းက သောင်နုမြေကို သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်မရဘဲ ခြံမြေအကွက်များ ရိုက်၍ ရောင်းစားပြီး ရရှိငွေများကို စာရင်းရှင်းလင်းရာ၌ အမှန်တကယ်ဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်းပြေစာ အတုများ တင်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရခြင်းဖြစ်ပြီး ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်လွင်က ပူးပေါင်းပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ဆေးတွေ့ရှိချက်များ အရ ဦးသက်တင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း၊ ဦးမြင့်လွင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း မွန်ပြည်နယ်တရားလွှတ်တော်သို့ ကော်မရှင်က တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုများကို မွန်ပြည်နယ်တရားလွှတ်တော်က လက်ခံစစ်ဆေးပြီးနောက် ဦးသက်တင်နှင့် ဦးမြင့်လွင်တို့ သည် စွဲဆိုထားသည့် ပြစ်မှုများကို ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးသက်တင်ကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်၊ ဦးမြင့်လွင်ကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် (၃) နှစ် အသီးသီးကျခံရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ကွက်ပိုင်ပလပ်မြေများကို မြေကွက်များရိုက်ပြီး တရားမဝင်ရောင်းချသည့် ရန်ကုန်တို်င်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကိုလည်း ရပ်ကွက်နေ ပြည်သူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားလာသဖြင့် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်မြို့တော်စည်ပိုင်သာယာရေးကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့် ရှိသည့် ပလပ်မြေများကို ၄င်း၏သဘောဆန္ဒအလျောက် ဖော်ထုတ်ရောင်းချပြီး ငွေကျပ်သိန်း (၃၀၀) ခန့်ယူဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကာ မြေကွက်များ အမြန်ရရှိရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

သို့ဖြစ်၍ ဦးဝင်းမြင့်အား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ အရေးယူ ပေးပါရန် ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ် ထောက်ကြန့်ရဲစခန်းသို့ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့တွင် အမှုဖွင့်တိုင်တန်းခဲ့ရာ ရဲစခန်းက ပထမ သတင်းပေး တိုင်တန်းချက်အမှတ် ၇၂၁/၂၀၁၈ ဖြင့် လက်ခံဖွင့်လှစ်ကာ သက်ဆိုင်ရာတရားရုံးသို့ တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုများ လျော့နည်း ကျဆင်းစေရေး အတွက် ပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်း နည်းလမ်း(၃)သွယ်ဖြင့် ဆောင်ရွက်လျှက်ရှိရာ တိုင်တန်းလိုသူများရှိပါက အထောက်အထားများဖြင့် ဥက္ကဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အုပ်စု(၁)၊ နပြေည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နပြေည်တော်သို့ လိပ်မူတိုင်ကြားနိုင်သည့်အပြင် အသေးစိတ်အချက်အလက်များအား https://www.facebook.com/accmyanmar တွင်လည်းကောင်း ကြည့်ရှုနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~