တာခ်ီလိတ္ၿမိဳ႕ အလင္းေရာင္ပရဟိတအသင္း ႏွင့္ ၿမိဳ႕သူ ၿမိဳ႕သားမ်ား စုေပါင္း၍ (၇)ႀကိမ္ေျမာက္ စုေပါင္း ၀ါဆိုသကၤန္ဆက္ကပ္လွဴဒါန္းကာ ဆြမ္းေလာင္း

တာခ်ီလိတ္ၿမိဳ႕ အလင္းေရာင္ပရဟိတအသင္း ႏွင့္ ၿမိဳ႕သူ ၿမိဳ႕သားမ်ား စုေပါင္း၍ (၇)ႀကိမ္ေျမာက္ စုေပါင္း ၀ါဆိုသကၤန္ဆက္ကပ္လွဴဒါန္းကာ ဆြမ္းေလာင္း
ဇူလိုင် 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အလင္းေရာင္ပရဟိတအသင္းႏွင့္ ၿမိဳ႕သူၿမိဳ႕သားမ်ား စုေပါင္း၍ (၇)ႀကိမ္ေျမာက္ စုေပါင္းသကၤန္းကပ္လွဴပြဲကို ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၇)ရက္ေန႔ နံနက္ပိုင္းတြင္ ရွမ္းရိုးမကြင္း အတြင္း က်င္းပသည္။

"အခုက ဝါဆိုသကၤန္းကပ္တာေရာ၊ ဆြမ္းေလာင္းလွဴတာေရာ က်င္းပတာပါ။ ကၽြန္ေတာ္တုိ႔အသင္းအျပင္ တာခ်ီလိတ္ၿမိဳ႕သူ ၿမိဳ႕သားမ်ားနဲ႔ ဌာနဆုိင္ရာေတြ ပါဝင္လွဴဒါန္းၾကတာပါ။ ဆြမ္းေလာင္းတာကေတာ့ ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ လစဥ္ လျပည့္၊ လကြယ္ေန႔တိုင္း ေလာင္းလွဴေနတာျဖစ္ပါတယ္။ တစ္ၿမိဳ႕လံုးအေနနဲ႔ ပူးေပါင္းၿပီး ဝါဆိုသကၤန္းကပ္တာကေတာ့ အခုက (၇)ႀကိမ္ေပါ့ေနာ္"ဟု အလင္းေရာင္ပရဟိတ အသင္း ဥကၠဌ ဦးျမင့္ဦးက ေျပာသည္။

သံဃာေတာ္အပါး (၂၀၀)၊ ကိုရင္အပါး (၄၀၀)ႏွင့္ သီလရွင္ (ဂ၁)ပါးတို႔အား သကၤန္းဆက္ကပ္ လွဴဒါန္းျခင္းအျပင္ ဆြမ္း၊ ဆြမ္းဟင္း၊ ခဲဘြယ္ေဘာဇဥ္၊ လွဴဖြယ္ပစၥည္းမ်ား ေလာင္းလွဴၾကျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အလင်းရောင်ပရဟိတအသင်းနှင့် မြို့သူမြို့သားများ စုပေါင်း၍ (၇)ကြိမ်မြောက် စုပေါင်းသင်္ကန်းကပ်လှူပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းရိုးမကွင်း အတွင်း ကျင်းပသည်။

"အခုက ဝါဆိုသင်္ကန်းကပ်တာရော၊ ဆွမ်းလောင်းလှူတာရော ကျင်းပတာပါ။ ကျွန်တော်တို့အသင်းအပြင် တာချီလိတ်မြို့သူ မြို့သားများနဲ့ ဌာနဆိုင်ရာတွေ ပါဝင်လှူဒါန်းကြတာပါ။ ဆွမ်းလောင်းတာကတော့ ကျွန်တော်တို့အသင်းအနေနဲ့ လစဉ် လပြည့်၊ လကွယ်နေ့တိုင်း လောင်းလှူနေတာဖြစ်ပါတယ်။ တစ်မြို့လုံးအနေနဲ့ ပူးပေါင်းပြီး ဝါဆိုသင်္ကန်းကပ်တာကတော့ အခုက (၇)ကြိမ်ပေါ့နော်"ဟု အလင်းရောင်ပရဟိတ အသင်း ဥက္ကဌ ဦးမြင့်ဦးက ပြောသည်။

သံဃာတော်အပါး (၂၀၀)၊ ကိုရင်အပါး (၄၀၀)နှင့် သီလရှင် (ဂ၁)ပါးတို့အား သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းအပြင် ဆွမ်း၊ ဆွမ်းဟင်း၊ ခဲဘွယ်ဘောဇဉ်၊ လှူဖွယ်ပစ္စည်းများ လောင်းလှူကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~