တာခ်ီလိတ္တြင္ လူတစ္ဦးေသဆံုးသြားသည့္ ေသနတ္ပစ္ခတ္မႈ အပါအဝင္ သံုးေနရာ၌ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ (၆)ဦးအား နာရီပိုင္းအတြင္း ဖမ္းမိ

တာခ်ီလိတ္တြင္ လူတစ္ဦးေသဆံုးသြားသည့္ ေသနတ္ပစ္ခတ္မႈ အပါအဝင္ သံုးေနရာ၌ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ (၆)ဦးအား နာရီပိုင္းအတြင္း ဖမ္းမိ
ဇူလိုင် 3, 2018
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလုိင္လ(၂)ရက္ေန႔က ကားအေရာင္းျပခန္း တစ္ခုအား ေသနတ္ျဖင့္ ပစ္ခတ္မႈႏွင့္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူတစ္ဦး ေသဆံုးသည့္ ေသနတ္ပစ္ခတ္မႈတို႔မွ က်ဴးလြန္သူ (၆)ဦးကို ဇူလုိင္လ (၃)ရက္ေန႔ နံနက္(၁)နာရီဝန္းက်င္တြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိလုိက္ၿပီး ဖမ္းဆီးသည့္ အဖြဲ႔ဝင္တစ္ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

“ရဲတပ္ဖြဲ႕က ေရာက္လာတာ သိတာနဲ႔ သူတို႔က မီးပိတ္ပစ္လုိက္တယ္။ အေမွာင္ခ်ပစ္လုိက္တဲ့ အတြက္ ရဲတပ္ဖြဲ႕က သူတို႔ ေနအိမ္ၿခံဝင္းကုိ ခ်က္ခ်င္းေနရာယူ အကာအကြယ္ယူၿပီး ဝင္ဖမ္းရတယ္။ အိမ္ရဲ႕ ေျမေအာက္ခန္းက တစ္ေယာက္ ဖမ္းမိတယ္။ က်န္တဲ့သူေတြကို အိမ္ထဲမွာပဲ ဖမ္းဆီးရမိတယ္။ သူတုိ႔ဘက္က ပစ္ခတ္တဲ့အတြက္ ဖမ္းဆီးေရးအဖြဲ႕ထဲက ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္တစ္ဦး ဒဏ္ရာ ရသြားပါတယ္။ စိုးရိမ္စရာ အေျခအေနေတာ့ မဟုတ္ပါဘူး”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး မ်ိဳးခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလုိင္လ (၂)ရက္ေန႔ ည (၇)နာရီ (၁၅)မိနစ္ဝန္းက်င္က အာခါေစ်းလမ္းတြင္ လူႏွစ္ဦး လုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို ကားလမ္းေဘးတြင္ ရပ္ေနသူတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ ယာဥ္ေမာင္းႏွင္သူမွာ ေသနတ္ဒဏ္ရာသံုးခ်က္ရရိွ ေသဆံုးသြားသျဖင့္ ရဲတပ္ဖြဲ႕က စံုစမ္း စစ္ေဆးေနစဥ္ ပါဆတ္ရပ္ကြက္မွ ကားအေရာင္းျပခန္းတစ္ခုကိုလည္း လမ္းေပၚမွ ပစ္ခတ္သြားေၾကာင္း သတင္းထပ္မံ ရရိွျခင္းျဖစ္ေၾကာင္း သိရသည္။

ကားအေရာင္းျပခန္းအား ရဲတပ္ဖြဲ႕က စစ္ေဆးေနစဥ္ ဗိုလ္ခ်ဳပ္လမ္းမေပၚတြင္ ဆိုင္ကယ္တစ္စီးျဖင့္ လူႏွစ္ဦးေရာက္လာၿပီး မိုးေပၚေထာင္၍ ေသနတ္(၃)ခ်က္ ပစ္ခတ္ ထြက္ေျပးရာ ရဲတပ္ဖြဲ႕က လုိက္လံ ဖမ္းဆီးစဥ္ ေဟာင္လိတ္လမ္းဆံုမီးပိြဳင့္တြင္လည္း ေသနတ္ကို မိုးေပၚေထာင္၍ သံုးခ်က္ထပ္မံ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေသနတ္ပစ္ခတ္မႈမ်ားမွ က်ဴးလြန္သူမ်ားအား တာခ်ီလိတ္ခရိုင္ရဲရံုးမွ ဒုရဲမွဴးစံသိန္း၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ိဳးခုိင္၊ ခရိုင္မႈကူမွ ရဲအုပ္ ေသာင္းေရႊ၊ ျပည္နယ္မႈကူမွ ရဲအုပ္ေအးထြန္းသိန္း၊ ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္၊ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က စံုစမ္းဖမ္းဆီးရာ ဇူလိုင္လ (၃)ရက္ေန႔ နံနက္တြင္ ပဏၰိတဆိုသူကို စတင္ ဖမ္းဆီးရမိျခင္းျဖစ္ၿပီး က်န္အဖြဲ႕ဝင္မ်ားကို ဖန္မင္ေက်းရြာအုပ္စု၊ ဧဒင္ေက်းရြာမွ စိုင္းသိန္းေက်ာ္(ခ)ႏႈတ္ခမ္းေမႊး၏ ေနအိမ္အတြင္းမွ ထပ္မံ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ပစ္ခတ္သူမ်ားျဖစ္သည့္ အသက္ (၄၀)အရြယ္ စိုင္းသိန္းေက်ာ္(ခ) ႏႈတ္ခမ္းေမႊး၊ အသက္(၁၈)ႏွစ္အရြယ္ စိုင္းလွဝင္း၊ အသက္(၃၄)ႏွစ္အရြယ္ စိုင္းရွဲန္မိန္း၊ အသက္(၂၀)အရြယ္ စိုင္းေအာင္(ခ) စိုင္းဆန္းေအာင္၊ အသက္(၄၅)ႏွစ္အရြယ္ စို္င္းေအာင္ထူးႏွင့္ အသက္(၃၁)ႏွစ္အရြယ္ ပဏၰိတဆိုသူတို႔ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကနဦး စစ္ေဆးမႈတြင္ ထြက္ဆိုခ်က္အရ ၎တုိ႔က အဆုိပါ ကားအေရာင္းျပခန္းတြင္ ကားတစ္စီး ေရာင္းထားသည့္ အတြက္ ကားဖိုးေငြေတာင္းခံတုိင္း ဖုန္းစက္ပိတ္ပစ္သျဖင့္ ဆိုင္ပိတ္ခ်ိန္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔ ပစ္ခတ္ထြက္ေျပးခ်ိန္တြင္ ေနာက္မွ ကားတစ္စီးပါလာရာ ကားျပခန္းပိုင္ရွင္၏ တပည့္မ်ား လုိက္လာသည္ဟု ယူဆသျဖင့္ လမ္းေဘးအေမွာင္ရိပ္တြင္ ေသနတ္ျဖင့္ ေစာင့္ေနၿပီး ကားျဖတ္သြားခ်ိန္တြင္ ပစ္ခတ္လုိက္ျခင္းျဖစ္သည္ဟု ထြက္ဆိုထားေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္တြင္ ဝင္ေရာက္ ဖမ္းဆီးခ်ိန္တြင္ က်ည္ (၁၆)ေတာင့္ပါ က်ည္အိမ္တပ္လ်က္ K 1205549 နံပါတ္ပါ M 22 ေမာင္းျပန္ရိုင္ဖယ္ တစ္လက္၊  က်ည္ (၅)ေတာင့္ပါ က်ည္အိမ္တပ္လ်က္ CZ 6.35 အမ်ိဳးအစား ပိြဳင့္ ၂၂ ပစၥတိုေသနတ္တစ္လက္၊ 5.56 က်ည္ (၂၆)ေတာင့္၊ အရိုးအသြား(၁၀)လက္မခန္႔ ေခါက္ဓါး (၁)ေခ်ာင္း၊ ဆိုင္ကယ္တစ္စီး၊ အခင္းျဖစ္ေနရာတြင္ က်ည္ခြံ (၄)ခု၊ ကားအေရာင္းျပခန္းေရွ႕မွ က်ည္ခြံ(၃)ခု၊ ေဟာင္လိတ္မီးပိြဳင့္လမ္းဆံုမွ က်ည္ခြံ(၃)ခု စုစုေပါင္း က်ည္ခြံ(၁၀)ခုတုိ႔ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသည့္ ဆုိင္ကယ္ေမာင္းႏွင္သူမွာ စိုင္းေအာင္(ခ) စုိင္းဆန္းေအာင္ျဖစ္ၿပီး ေသနတ္ပစ္သူမွာ စိုင္းေက်ာ္သိန္း(ခ) ႏႈတ္ခမ္းေမႊးျဖစ္ေၾကာင္း သိရသည္။

၎တို႔အဖြဲ႕အား ရန္က်ားခ်ိန္ ေသဆံုးသည့္ ေသနတ္ပစ္ခတ္မႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားၿပီး ဆက္လက္ စစ္ေဆးမႈမ်ားေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဇူလိုင်လ(၂)ရက်နေ့က ကားအရောင်းပြခန်း တစ်ခုအား သေနတ်ဖြင့် ပစ်ခတ်မှုနှင့် မော်တော်ယာဉ်မောင်းနှင်သူတစ်ဦး သေဆုံးသည့် သေနတ်ပစ်ခတ်မှုတို့မှ ကျူးလွန်သူ (၆)ဦးကို ဇူလိုင်လ (၃)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ပြီး ဖမ်းဆီးသည့် အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

“ရဲတပ်ဖွဲ့က ရောက်လာတာ သိတာနဲ့ သူတို့က မီးပိတ်ပစ်လိုက်တယ်။ အမှောင်ချပစ်လိုက်တဲ့ အတွက် ရဲတပ်ဖွဲ့က သူတို့ နေအိမ်ခြံဝင်းကို ချက်ချင်းနေရာယူ အကာအကွယ်ယူပြီး ဝင်ဖမ်းရတယ်။ အိမ်ရဲ့ မြေအောက်ခန်းက တစ်ယောက် ဖမ်းမိတယ်။ ကျန်တဲ့သူတွေကို အိမ်ထဲမှာပဲ ဖမ်းဆီးရမိတယ်။ သူတို့ဘက်က ပစ်ခတ်တဲ့အတွက် ဖမ်းဆီးရေးအဖွဲ့ထဲက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာ ရသွားပါတယ်။ စိုးရိမ်စရာ အခြေအနေတော့ မဟုတ်ပါဘူး”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ဇူလိုင်လ (၂)ရက်နေ့ ည (၇)နာရီ (၁၅)မိနစ်ဝန်းကျင်က အာခါဈေးလမ်းတွင် လူနှစ်ဦး လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးကို ကားလမ်းဘေးတွင် ရပ်နေသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ယာဉ်မောင်းနှင်သူမှာ သေနတ်ဒဏ်ရာသုံးချက်ရရှိ သေဆုံးသွားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေစဉ် ပါဆတ်ရပ်ကွက်မှ ကားအရောင်းပြခန်းတစ်ခုကိုလည်း လမ်းပေါ်မှ ပစ်ခတ်သွားကြောင်း သတင်းထပ်မံ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

ကားအရောင်းပြခန်းအား ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးရောက်လာပြီး မိုးပေါ်ထောင်၍ သေနတ်(၃)ချက် ပစ်ခတ် ထွက်ပြေးရာ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးစဉ် ဟောင်လိတ်လမ်းဆုံမီးပွိုင့်တွင်လည်း သေနတ်ကို မိုးပေါ်ထောင်၍ သုံးချက်ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုများမှ ကျူးလွန်သူများအား တာချီလိတ်ခရိုင်ရဲရုံးမှ ဒုရဲမှူးစံသိန်း၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်၊ ခရိုင်မှုကူမှ ရဲအုပ် သောင်းရွှေ၊ ပြည်နယ်မှုကူမှ ရဲအုပ်အေးထွန်းသိန်း၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်းဖမ်းဆီးရာ ဇူလိုင်လ (၃)ရက်နေ့ နံနက်တွင် ပဏ္ဏိတဆိုသူကို စတင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ကျန်အဖွဲ့ဝင်များကို ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာမှ စိုင်းသိန်းကျော်(ခ)နှုတ်ခမ်းမွှေး၏ နေအိမ်အတွင်းမှ ထပ်မံ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ပစ်ခတ်သူများဖြစ်သည့် အသက် (၄၀)အရွယ် စိုင်းသိန်းကျော်(ခ) နှုတ်ခမ်းမွှေး၊ အသက်(၁၈)နှစ်အရွယ် စိုင်းလှဝင်း၊ အသက်(၃၄)နှစ်အရွယ် စိုင်းရှဲန်မိန်း၊ အသက်(၂၀)အရွယ် စိုင်းအောင်(ခ) စိုင်းဆန်းအောင်၊ အသက်(၄၅)နှစ်အရွယ် စို်င်းအောင်ထူးနှင့် အသက်(၃၁)နှစ်အရွယ် ပဏ္ဏိတဆိုသူတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကနဦး စစ်ဆေးမှုတွင် ထွက်ဆိုချက်အရ၎င်းတို့က အဆိုပါ ကားအရောင်းပြခန်းတွင် ကားတစ်စီး ရောင်းထားသည့် အတွက် ကားဖိုးငွေတောင်းခံတိုင်း ဖုန်းစက်ပိတ်ပစ်သဖြင့် ဆိုင်ပိတ်ချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၎င်းတို့ ပစ်ခတ်ထွက်ပြေးချိန်တွင် နောက်မှ ကားတစ်စီးပါလာရာ ကားပြခန်းပိုင်ရှင်၏ တပည့်များ လိုက်လာသည်ဟု ယူဆသဖြင့် လမ်းဘေးအမှောင်ရိပ်တွင် သေနတ်ဖြင့် စောင့်နပြေီး ကားဖြတ်သွားချိန်တွင် ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးချိန်တွင် ကျည် (၁၆)တောင့်ပါ ကျည်အိမ်တပ်လျက် K 1205549 နံပါတ်ပါ M 22 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည် (၅)တောင့်ပါ ကျည်အိမ်တပ်လျက် CZ 6.35 အမျိုးအစား ပွိုင့် ၂၂ ပစ္စတိုသေနတ်တစ်လက်၊ 5.56 ကျည် (၂၆)တောင့်၊ အရိုးအသွား(၁၀)လက်မခန့် ခေါက်ဓား (၁)ချောင်း၊ ဆိုင်ကယ်တစ်စီး၊ အခင်းဖြစ်နေရာတွင် ကျည်ခွံ (၄)ခု၊ ကားအရောင်းပြခန်းရှေ့မှ ကျည်ခွံ(၃)ခု၊ ဟောင်လိတ်မီးပွိုင့်လမ်းဆုံမှ ကျည်ခွံ(၃)ခု စုစုပေါင်း ကျည်ခွံ(၁၀)ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသည့် ဆိုင်ကယ်မောင်းနှင်သူမှာ စိုင်းအောင်(ခ) စိုင်းဆန်းအောင်ဖြစ်ပြီး သေနတ်ပစ်သူမှာ စိုင်းကျော်သိန်း(ခ) နှုတ်ခမ်းမွှေးဖြစ်ကြောင်း သိရသည်။

၎င်းတို့အဖွဲ့အား ရန်ကျားချိန် သေဆုံးသည့် သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ဆက်လက် စစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~