ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား (၅)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား (၅)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
ဇူလိုင် 11, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏုိင္ငံသား (၅)ဦးကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၁)ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲဝန္းက်င္က လာေရာက္လႊဲေျပာင္းေပးရာ ၂၀၁၈ ခုႏွစ္အတြင္း ထုိင္းနိုင္ငံမွ တာခ်ီလိတ္သို႔ လႊဲေျပာင္းသူဦးေရ (၅၇၉)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

ယေန႔လႊႊဲေျပာင္းလာသည့္ အမ်ိဳးသား (၃)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးမွာ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ (၄)ဦး ပါဝင္ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ (၁)ဦးပါဝင္ေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာသူမ်ားအား ျမန္မာႏုိင္ငံဖက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC)ေကာ္မတီ၀င္မ်ားက စိစစ္လက္ခံႀကိဳဆိုၾကၿပီး ေနရပ္အသီးသီးသို႔ျပန္ႏုိင္ေရး ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔မွ ဇူလုိင္လ (၁၁)ရက္ေန႔အထိ ထုိင္းႏုိင္ငံဘက္မွ တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းလာသူဦးေရမွာ အမ်ိဳးသား (၃၈၄)ဦးႏွင့္ အမ်ိဳးသမီး (၁၇၄)ဦး စုစုေပါင္း (၅၇၉)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

ထုိင္းနုိင္ငံတြင္း တရားမဝင္ေနထုိင္မႈ၊ ခြင့္ျပဳနယ္ေျမထက္ေက်ာ္လြန္သြားလာမႈတုိ႔ျဖင့္ ဖမ္းဆီးခံရသူမ်ားကို ထုိင္းႏုိင္ငံက ျမန္မာႏုိင္ငံဘက္မွ နယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ တာခ်ီလိတ္ႏွင့္ ျမဝတီၿမိဳ႕မ်ားတြင္ တာဝန္ ရိွသူမ်ားထံ လႊဲေျပာင္းေပးေလ့ရိွၿပီး ထုိင္းႏုိင္ငံတြင္း ေ႐ႊ႕ေျပာင္း အလုပ္သမားဆိုင္ရာ အက္ဥပေဒျပင္ဆင္ ေျပာင္းလဲမႈေၾကာင့္ ဥပေဒႏွင့္မညီၫြတ္သည့္အတြက္ ေနရပ္ျပန္လာသည့္ ျမန္မာႏုိင္ငံသားမ်ားမွာ အမ်ားအားျဖင့္ ျမဝတီနယ္စပ္မွ ျပန္ဝင္လာေလ့ရိွရာ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၁၀) ရက္ေန႔တြင္ ေရႊ႕ေျပာင္းလုပ္သား (၂၇၉) ဦး ဝင္ေရာက္လာေၾကာင္း သိရသည္။

ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၅)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်က လာရောက်လွှဲပြောင်းပေးရာ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ တာချီလိတ်သို့ လွှဲပြောင်းသူဦးရေ (၅၇၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ယနေ့လွှဲပြောင်းလာသည့် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၂)ဦးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ (၄)ဦး ပါဝင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁)ဦးပါဝင်ကြောင်း သိရသည်။

လွှဲပြောင်းပေးလာသူများအား မြန်မာနိုင်ငံဖက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)ကော်မတီဝင်များက စိစစ်လက်ခံကြိုဆိုကြပြီး နေရပ်အသီးသီးသို့ပြန်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၁၁)ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာသူဦးရေမှာ အမျိုးသား (၃၈၄)ဦးနှင့် အမျိုးသမီး (၁၇၄)ဦး စုစုပေါင်း (၅၇၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှု၊ ခွင့်ပြုနယ်မြေထက်ကျော်လွန်သွားလာမှုတို့ဖြင့် ဖမ်းဆီးခံရသူများကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်မှ နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်နှင့် မြဝတီမြို့များတွင် တာဝန် ရှိသူများထံ လွှဲပြောင်းပေးလေ့ရှိပြီး ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အက်ဥပဒပြေင်ဆင် ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့်အတွက် နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများမှာ အများအားဖြင့် မြဝတီနယ်စပ်မှ ပြန်ဝင်လာလေ့ရှိရာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် ရွှေ့ပြောင်းလုပ်သား (၂၇၉) ဦး ဝင်ရောက်လာကြောင်း သိရသည်။

ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~