မုိင္းဆတ္ - မိုင္းခုတ္လမ္း၌ ေျမပိေသဆုံးသူမ်ား၏ မိသားစုမ်ားအား က်ပ္(၄၉)သိန္း ေထာက္ပံ့

မုိင္းဆတ္ - မိုင္းခုတ္လမ္း၌ ေျမပိေသဆုံးသူမ်ား၏ မိသားစုမ်ားအား က်ပ္(၄၉)သိန္း ေထာက္ပံ့
ဇူလိုင် 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မိုင္းဆတ္ခရိုင္၊ မိုင္းခုတ္ၿမိဳ႕ မိုင္းဆတ္ - မိုင္းခုတ္လမ္း သဲေတာင္(၃၈) ကီလိုမီတာတြင္ ေျမသားမ်ား ၿပဳိက်၍ ေျမပိေသဆုံးခဲ့သည့္ လမ္းလုပ္သား(၃)ဦး၏ မိသားစုမ်ားအား ေထာက္ပ့ံေငြကို ဇူလိုင္လ (၂၉) ရက္ေန႔ ညေန (၅) နာရီခဲြက ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အစည္းအေ၀းခန္းမ၌ က်င္းပသည္။

"ဇူလိုင္လ (၂၇) ရက္ေန႔ နံနက္ပိုင္းက မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ မိုင္းဆတ္ - မိုင္းခုတ္သြားလမ္းမ သဲေတာင္ (၃၈)ကီလိုမီတာမွာ လမ္းခင္းအလုပ္သမားေတြေနထိုင္တဲ့ ယာယီတဲတန္းေပၚကို ေျမသားေတြ ၿပိဳက်လို႔  ကၽြန္ေတာ့္သား တင္လင္းနဲ႔ စိုးပိုင္၃၅ႏွစ္၊ ေဇာ္ဦးတို႔(၃)ဦး ေျမပိေသဆုံးခဲ့ပါတယ္။ အခုလို သဘာ၀ေဘး အႏၲရာယ္ေၾကာင့္ ေသဆုံးသြားသူေတြရဲ႕ မိသားစုေတြကို ပစ္မထားဘဲ ေငြေထာက္ပံ့ ေပးတာ၊ အားေပးစကား ေျပာေပးတာေတြကို အထူးေက်းဇူးတင္ပါတယ္"ဟု ေသဆုံးသူ တင္လင္း၏ ဖခင္ ဦးပဲြက ေျပာသည္။

ေသဆံုးသြားသည့္ လမ္းလုပ္သားမ်ားအတြက္ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခဲြမႈဦးစီးဌာနက ေထာက္ပံ့သည့္ တစ္ဦးလွ်င္ ေငြက်ပ္(၃)သိန္းႏႈန္းျဖင့္ ေငြက်ပ္(၉)သိန္းကို မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္က လည္းေကာင္း၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လမ္းဦးစီးဌာန၊ အင္ဂ်င္နီယာ၀န္ထမ္းမ်ားက ေထာက္ပံ့သည့္ တစ္ဦးလွ်င္ ေငြက်ပ္(၁၀)သိန္းႏႈန္းျဖင့္ ေငြက်ပ္သိန္း (၃၀)ကို ခ႐ိုင္လမ္းဦးစီးဌာန၊ ခ႐ိုင္အင္ဂ်င္နီယာမွဴး ဦးမ်ဳိးဇာနည္ဦးက လည္းေကာင္း၊ အလုပ္သမားေခါင္းေဆာင္ ဦးေအာင္တင္၀င္းက ေငြက်ပ္ (၁၀)သိန္းကိုလည္းေကာင္း ေသဆုံးသူမ်ား၏ မိသားစု၀င္မ်ားကို ေထာက္ပံ့ ေပးအပ္ ခဲ့ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု -  သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~



ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မိုင်းဆတ် - မိုင်းခုတ်လမ်း သဲတောင်(၃၈) ကီလိုမီတာတွင် မြေသားများ ပြိုကျ၍ မြေပိသေဆုံးခဲ့သည့် လမ်းလုပ်သား(၃)ဦး၏ မိသားစုများအား ထောက်ပံ့ငွေကို ဇူလိုင်လ (၂၉) ရက်နေ့ ညနေ (၅) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအေဝးခန်းမ၌ ကျင်းပသည်။

"ဇူလိုင်လ (၂၇) ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းဆတ် - မိုင်းခုတ်သွားလမ်းမ သဲတောင် (၃၈)ကီလိုမီတာမှာ လမ်းခင်းအလုပ်သမားတွေနေထိုင်တဲ့ ယာယီတဲတန်းပေါ်ကို မြေသားတွေ ပြိုကျလို့ ကျွန်တော့်သား တင်လင်းနဲ့ စိုးပိုင်၃၅နှစ်၊ ဇော်ဦးတို့(၃)ဦး မြေပိသေဆုံးခဲ့ပါတယ်။ အခုလို သဘာဝဘေး အန္တရာယ်ကြောင့် သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို ပစ်မထားဘဲ ငွေထောက်ပံ့ ပေးတာ၊ အားပေးစကား ပြောပေးတာတွေကို အထူးကျေးဇူးတင်ပါတယ်"ဟု သေဆုံးသူ တင်လင်း၏ ဖခင် ဦးပွဲက ပြောသည်။

သေဆုံးသွားသည့် လမ်းလုပ်သားများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ်(၃)သိန်းနှုန်းဖြင့် ငွေကျပ်(၉)သိန်းကို မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်က လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာန၊ အင်ဂျင်နီယာဝန်ထမ်းများက ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် ငွေကျပ်သိန်း (၃၀)ကို ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်အင်ဂျင်နီယာမှူး ဦးမျိုးဇာနည်ဦးက လည်းကောင်း၊ အလုပ်သမားခေါင်းဆောင် ဦးအောင်တင်ဝင်းက ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း သေဆုံးသူများ၏ မိသားစုဝင်များကို ထောက်ပံ့ ပေးအပ် ခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~