၂၁ ရာစုပင္လံု တတိယအစည္းအေဝးတြင္ လံုၿခံဳေရးက႑ဆုိင္ရာမွလြဲ၍ က်န္က႑မ်ားအတြက္ အေျခခံမူ (၁၄)ခ်က္ သေဘာတူလက္မွတ္ေရးထုိး

၂၁ ရာစုပင္လံု တတိယအစည္းအေဝးတြင္ လံုၿခံဳေရးက႑ဆုိင္ရာမွလြဲ၍ က်န္က႑မ်ားအတြက္ အေျခခံမူ (၁၄)ခ်က္ သေဘာတူလက္မွတ္ေရးထုိး
ဇူလိုင် 16, 2018
By Tachileik News Agency
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစု ပင္လုံ၊ တတိယအစည္းအေဝးတြင္ ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္၏ အစိတ္အပိုင္း(၂)မွ ႏိုုင္ငံေရးက႑ (၄)ခ်က္၊ စီးပြားေရးက႑(၁)ခ်က္၊ လူမႈေရးက႑ (၇)ခ်က္ႏွင့္ ေျမယာက႑(၂)ခ်က္ စုစုေပါင္း အေျခခံမူ(၁၄)ခ်က္ကို လက္မွတ္ေရးထိုးႏုိင္ခဲ့ေၾကာင္း သိရသည္။

ဇူလုိင္လ (၁၀)ရက္ေန႔မွ (၁၆)ရက္ေန႔အထိ က်င္းပခဲ့သည့္ ၂၁ ရာစုပင္လံု တတိယအစည္းအေဝးတြင္ တက္ေရာက္ခဲ့သည့္ အစုအဖြဲဲ႕အားလံုးမွ ညီလာခံကိုယ္စားလွယ္ (၇၀၀)ဦး၊  အထူးဖိတ္ၾကား၍ တက္ေရာက္သူ (၂၉)ဦး၊ ေလ့လာသူ (၂၀၄)ဦး၊ အက်ိဳးေဆာင္(၂၇)ဦးႏွင့္ အေထာက္အကူျပဳ(၁၅၂)ဦးတို႔က က႑အလုိက္၊ အစုအဖြဲ႕အလုိက္ ေဆြးေႏြးမႈမ်ားမွ သေဘာတူညီခ်က္မ်ားရရိွခဲ့ၾကၿပီး သေဘာတူလက္မွတ္ ေရးထုိးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီအခ်က္ေတြကိုု ၾကည့္လိုက္ရင္ ႏွစ္မ်ဳိးေတြ႕ရွိႏိုင္ပါတယ္။ တစ္မ်ဳိးက တိုုင္းရင္းသားေတြ လိုုခ်င္တဲ့ အရာေတြ၊ စိုုးရိမ္ေနတဲ့အခ်က္ေတြကိုု လက္ရွိ ဖြဲ႕စည္းပုုံအေျခခံဥပေဒမွာ ပါရွိေပမဲ့လည္း ပိုုမိုုေသခ်ာတဲ့ စကားလုုံး အသုံးအႏူန္းေတြနဲ႕ ထည့္သြင္းခဲ့တဲ့အခ်က္ေတြ ျဖစ္ပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ ဖြဲ႕စည္းပုုံ အေျခခံဥပေဒမွာ မပါရွိေသးတဲ့ အခ်က္ေတြကိုု ျပည္ေထာင္စုု သေဘာတူညီမႈတစ္ရပ္အေနနဲ႔ ထည့္သြင္း ခဲ့ၾကတာ ျဖစ္ပါတယ္။ အခုု သေဘာတူညီလိုုက္တဲ့ အခ်က္ေတြက ျပည္ေထာင္စုု သေဘာတူ စာခ်ဳပ္ရဲ႕ အစိတ္အပိုုင္းေတြပဲ ျဖစ္ပါတယ္။ ေနာင္တစ္ခ်ိန္မွာ ၿပီးျပည့္စုုံတဲ့ ျပည္ေထာင္စုု သေဘာတူ စာခ်ဳပ္ၾကီး ခ်ဳပ္ဆိုႏိုုင္ဖိုု႕အတြက္ ေနာက္ထပ္ တက္လွမ္းလိုက္တဲ့ ေျခလွမ္းသစ္ေတြလည္း ျဖစ္ပါတယ္” ဟု အမိ်ဳးသားျပန္လည္သင့္ျမတ္ေရးနွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန ဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစုပင္လုံ၊ တတိယအစည္းအေဝး ဆ႒မေန႔ အခမ္းအနားတြင္ ေျပာၾကားသည့္ ေက်းဇူးတင္စကားတြင္ ထည့္သြင္းေျပာၾကားသြားသည္။

ညီလာခံတြင္ သေဘာတူလက္မွတ္ေရးထုိးႏုိင္သည့္ အေျခခံမူ(၁၄)ခ်က္တြင္ လံုၿခံဳေရးက႑ပါဝင္ျခင္း မရိွေသးေၾကာင္းႏွင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးသေဘာတူညီမႈအတြက္ လံုၿခံဳေရးက႑ဆုိင္ရာ သေဘာတူညီခ်က္မွ အေရးႀကီးေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ထည့္သြင္းေျပာၾကားသြားသည္။

“လုုံျခဳံေရး က႑ကိုု ညိႇႏိူင္းၾကရာမွာ အဖက္ဖက္ကသတိႀကီးစြာနဲ႕ ေဆာင္ရြက္ေနတာကိုု ေတြ႕ရွိရပါတယ္။ လုုံၿခဳံေရးက႑မွာ ရလဒ္ထြက္ႏိုုင္ဖိုု႔က ျငိမ္းခ်မ္းေရး ျဖစ္စဥ္အတြက္ အမ်ားႀကီးအေရးႀကီးပါတယ္။ ျပီးျပည့္စုုံတဲ့ ျပည္ေထာင္စုုၿငိမ္းခ်မ္းေရး သေဘာတူညီမႈျဖစ္ဖိုု႕ဆိုုတာ လုုံျခဳံေရးက႑ဆိုုင္ရာ သေဘာ တူညီခ်က္ေတြ ပါဝင္မွ ျဖစ္မွာပါ။ ဒီအခက္အခဲေတြ ေျပလည္ေအာင္ ေျဖရွင္းႏိုင္ဖို႕ဆိုရင္ ကၽြန္မတို႔ရဲ႔ ႏိုင္ငံေရး ေဆြးေႏြးမႈမူေဘာင္၊ ဖဲြ႕စည္းတည္ေဆာက္မႈနဲ႕ ဒီဇိုင္းေတြကို အရွိအတိုင္း ရဲရဲတင္းတင္း ျပန္လည္သုံးသပ္ျပီး ပိုမိုေကာင္းမြန္တဲ့လုပ္ငန္းစဥ္ ျဖစ္ေပၚလာေအာင္ ကၽြန္မတို႕ ဆက္လက္ျပီး ၾကဳိးပမ္း ၾကရဦးမွာျဖစ္ပါတယ္”ဟု အမိ်ဳးသားျပန္လည္သင့္ျမတ္ေရးနွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန ဥကၠ႒၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။

ဆက္လက္ ေဆြးေႏြးရမည့္ ကိစၥမ်ားႏွင့္ ပတ္သက္၍ UPDJC ပူးတြဲေကာ္မတီကဖြဲ႕စည္းေပးထားသည့္ အလုပ္အဖြဲ႕မ်ားအေနျဖင့္ အျမန္ဆုံးစတင္ ေဆာင္ရြက္ သြားၾကရန္ႏွင့္ ေခါင္းေဆာင္မ်ားၾကား အလြတ္ သေဘာ သီးသန္႔ေဆြးေႏြးပြဲ အျမန္ဆုံးစတင္ႏိုင္ရန္ကိုလည္း အစိုးရဘက္က အေလးအနက္ထား ဦးစားေပးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားသည္။

ညီလာခံအၿပီးတြင္ သေဘာထားထုတ္ျပန္ခ်က္တစ္ေစာင္ကိုလည္း ထုတ္ျပန္လုိက္ၿပီး ၂၀၁၈ ခုနွစ္အတြင္း ညီလာခံ(၁)ႀကိမ္၊ ၂၀၁၉ ခုနွစ္ အတြင္း ညီလာခံ (၂)ႀကိမ္ ဆက္လက္က်င္းပသြားရန္၊ ဆက္လက္ က်င္းပသည့္ ညီလာခံမ်ားတြင္ ဒီမုိကေရစီႏွင့္ ဖက္ဒရယ္ဆုိင္ရာ အေျခခံမူမ်ားခ်မွတ္ႏုိင္ေရး၊ ၂၀၂၀ ျပည့္ႏွစ္တြင္ ညီလာခံကို လိုအပ္သလိုက်င္းပႏုိင္ေရးတို႔ကို ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေဖၚျပထားသည္။

ယခုက်င္းပသည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁) ရာစုပင္လံု တတိယအစည္းအေဝးတြင္ NCA လက္မွတ္ေရးထုိးထားသည့္အဖြဲ႕မ်ားအျပင္ လက္မွတ္မထိုးထားသည့္အဖြဲ႕မ်ားလည္း တက္ေရာက္ ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။

လက္ရိွအစိုးရလက္ထက္တြင္ ပင္လံုညီလာခံအစည္းအေဝးကို (၂)ႀကိမ္က်င္းပခဲ့ၿပီး ျပည္ေထာင္စု သေဘာတူစာခ်ဳပ္၏ အစိတ္အပိုင္း (၁)ကို (၂၁)ရာစု ပင္လံု၊ ဒုတိယအစည္းအေဝး၌ လက္မွတ္ေရးထိုးခဲ့ၿပီး ယခုတတိယအစည္းအေဝးတြင္ ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္၏ အစိတ္အပိုင္း(၂)မွ အေျခခံမူ(၁၄)ခ်က္ကို လက္မွတ္ေရးထုိးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁) ရာစုပင္လံု ပထမအစည္းအေဝးကို ၂၀၁၆ ခုႏွစ္ ၾသဂုတ္လတြင္ လည္းေကာင္း၊ ဒုတိယအစည္းအေဝးကို ၂၀၁၇ ခုႏွစ္ ေမလတြင္လည္းေကာင္း က်င္းပခဲ့ၿပီး ညီလာခံ အစည္းအေဝးမ်ားမက်င္းပသည့္ အခ်ိန္မ်ားတြင္လည္း အလြတ္သေဘာအစည္းအေဝးမ်ား၊ NCA လက္မွတ္မထုိးရေသးသည့္အဖြဲ႕မ်ားျဖင့္ ေဆြးေႏြးမႈမ်ားလည္းရိွေၾကာင္း သိရသည္။

ညီလာခံအစည္းအေဝးမ်ားအျပင္ အဖြဲ႕အစည္းကိုယ္စားလွယ္မ်ားသည္ အစိုးရပိုင္း၊ တပ္မေတာ္ပိုင္းနဲ႕ သီးျခားေတြ႕ဆုံမႈမ်ား ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Myanmar State Counsellor Office



~~~~~~~~⊰❂ unicode ~~~~~~~~


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ၊ တတိယအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၂)မှ နိုင်ငံရေးကဏ္ဍ (၄)ချက်၊ စီးပွားရေးကဏ္ဍ(၁)ချက်၊ လူမှုရေးကဏ္ဍ (၇)ချက်နှင့် မြေယာကဏ္ဍ(၂)ချက် စုစုပေါင်း အခြေခံမူ(၁၄)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် တက်ရောက်ခဲ့သည့် အစုအဖွဲ့အားလုံးမှ ညီလာခံကိုယ်စားလှယ် (၇၀၀)ဦး၊ အထူးဖိတ်ကြား၍ တက်ရောက်သူ (၂၉)ဦး၊ လေ့လာသူ (၂၀၄)ဦး၊ အကျိုးဆောင်(၂၇)ဦးနှင့် အထောက်အကူပြု(၁၅၂)ဦးတို့က ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးမှုများမှ သဘောတူညီချက်များရရှိခဲ့ကြပြီး သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအချက်တွေကို ကြည့်လိုက်ရင် နှစ်မျိုးတွေ့ရှိနိုင်ပါတယ်။ တစ်မျိုးက တိုင်းရင်းသားတွေ လိုချင်တဲ့ အရာတွေ၊ စိုးရိမ်နေတဲ့အချက်တွေကို လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိပေမဲ့လည်း ပိုမိုသေချာတဲ့ စကားလုံး အသုံးအနူန်းတွေနဲ့ ထည့်သွင်းခဲ့တဲ့အချက်တွေ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မပါရှိသေးတဲ့ အချက်တွေကို ပြည်ထောင်စု သဘောတူညီမှုတစ်ရပ်အနေနဲ့ ထည့်သွင်း ခဲ့ကြတာ ဖြစ်ပါတယ်။ အခု သဘောတူညီလိုက်တဲ့ အချက်တွေက ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု သဘောတူ စာချုပ်ကြီး ချုပ်ဆိုနိုင်ဖို့အတွက် နောက်ထပ် တက်လှမ်းလိုက်တဲ့ ခြေလှမ်းသစ်တွေလည်း ဖြစ်ပါတယ်” ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေး ဆဋ္ဌမနေ့ အခမ်းအနားတွင် ပြောကြားသည့် ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြားသွားသည်။

ညီလာခံတွင် သဘောတူလက်မှတ်ရေးထိုးနိုင်သည့် အခြေခံမူ(၁၄)ချက်တွင် လုံခြုံရေးကဏ္ဍပါဝင်ခြင်း မရှိသေးကြောင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူညီမှုအတွက် လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်မှ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသွားသည်။

“လုံခြုံရေး ကဏ္ဍကို ညှိနိူင်းကြရာမှာ အဖက်ဖက်ကသတိကြီးစွာနဲ့ ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ လုံခြုံရေးကဏ္ဍမှာ ရလဒ်ထွက်နိုင်ဖို့က ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အများကြီးအရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ဆိုတာ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘော တူညီချက်တွေ ပါဝင်မှ ဖြစ်မှာပါ။ ဒီအခက်အခဲတွေ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံရေး ဆွေးနွေးမှုမူဘောင်၊ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ဒီဇိုင်းတွေကို အရှိအတိုင်း ရဲရဲတင်းတင်း ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် ကျွန်မတို့ ဆက်လက်ပြီး ကြိုးပမ်း ကြရဦးမှာဖြစ်ပါတယ်”ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက် ဆွေးနွေးရမည့် ကိစ္စများနှင့် ပတ်သက်၍ UPDJC ပူးတွဲကော်မတီကဖွဲ့စည်းပေးထားသည့် အလုပ်အဖွဲ့များအနဖြေင့် အမြန်ဆုံးစတင် ဆောင်ရွက် သွားကြရန်နှင့် ခေါင်းဆောင်များကြား အလွတ် သဘော သီးသန့်ဆွေးနွေးပွဲ အမြန်ဆုံးစတင်နိုင်ရန်ကိုလည်း အစိုးရဘက်က အလေးအနက်ထား ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

ညီလာခံအပြီးတွင် သဘောထားထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်လိုက်ပြီး ၂၀၁၈ ခုနှစ်အတွင်း ညီလာခံ(၁)ကြိမ်၊ ၂၀၁၉ ခုနှစ် အတွင်း ညီလာခံ (၂)ကြိမ် ဆက်လက်ကျင်းပသွားရန်၊ ဆက်လက် ကျင်းပသည့် ညီလာခံများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများချမှတ်နိုင်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် ညီလာခံကို လိုအပ်သလိုကျင်းပနိုင်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအပြင် လက်မှတ်မထိုးထားသည့်အဖွဲ့များလည်း တက်ရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် ပင်လုံညီလာခံအစည်းအဝေးကို (၂)ကြိမ်ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း (၁)ကို (၂၁)ရာစု ပင်လုံ၊ ဒုတိယအစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့ပြီး ယခုတတိယအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၂)မှ အခြေခံမူ(၁၄)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ပထမအစည်းအဝေးကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် လည်းကောင်း၊ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလတွင်လည်းကောင်း ကျင်းပခဲ့ပြီး ညီလာခံ အစည်းအဝေးများမကျင်းပသည့် အချိန်များတွင်လည်း အလွတ်သဘောအစည်းအဝေးများ၊ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များဖြင့် ဆွေးနွေးမှုများလည်းရှိကြောင်း သိရသည်။

ညီလာခံအစည်းအဝေးများအပြင် အဖွဲ့အစည်းကိုယ်စားလှယ်များသည် အစိုးရပိုင်း၊ တပ်မတော်ပိုင်းနဲ့ သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Myanmar State Counsellor Office

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~