နမၼတူၿမိဳ႕ ပန္ဟိုက္(၅)ရပ္ကြက္အတြင္း ၂၀၁၇ခုႏွစ္က ေဖာက္ထြင္းခံခဲ့ရသည့္ ေနအိမ္တြင္ ဒုတိယအႀကိမ္ ထပ္မံ ေဖာက္ထြင္းခံရ၍ က်ပ္သိန္း(၂၀)ပါသြား

နမၼတူၿမိဳ႕ ပန္ဟိုက္(၅)ရပ္ကြက္အတြင္း ၂၀၁၇ခုႏွစ္က ေဖာက္ထြင္းခံခဲ့ရသည့္ ေနအိမ္တြင္ ဒုတိယအႀကိမ္ ထပ္မံ ေဖာက္ထြင္းခံရ၍ က်ပ္သိန္း(၂၀)ပါသြား
ဇူလိုင် 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမၼတူၿမိဳ႕၊ ပန္ဟိုက္ (၅) ရပ္ကြက္ရွိ ေနအိမ္အတြင္း ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၁၃) ရက္ေန႔ ေန႔လယ္ပိုင္းက ေဖါက္ထြင္းခံရၿပီး ေငြက်ပ္ သိန္း(၂၀) ခိုးယူခံရေၾကာင္း သိရသည္။

“ဖလက္တီဗြီကိုလည္း ႀကိဳးေတြျဖဳတ္ၿပီးခ်ထားတယ္။ ယူေတာ့ မယူသြားဘူး။ အိပ္ခန္းထဲကိုလည္း ေမႊေနာက္ၿပီး ရွာထားသလို အကုန္ျပန္႔က်ဲေနတယ္။ တစ္ျခားပစၥည္းေတြေတာ့ မပါသြားဘူး။ ေငြက သိန္း (၂၀) ပါ သြားတယ္။ လာစစ္ေဆးတဲ့ ရဲေတြကေတာ့ အမႈဖြင့္ မလားေမးပါတယ္။ ကၽြန္မက အမႈမဖြင့္ရေသးဘူး ”ဟု ေဖါက္ထြင္းခံရသည့္ ေနအိမ္ပိုင္ရွင္ ေဒၚစုစုေထြးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

နမၼတူၿမိဳ႕ ပန္ဟိုက္ (၅) ရပ္ကြက္ ပိေတာက္လမ္းရွိ အိမ္နံပါတ္ (၁၀၁) ေနအိမ္တြင္ ဇူလိုင္လ (၁၃) ရက္ေန႔ ေန႔လယ္ (၂) နာရီခန္႔က ေနအိမ္အားေသာ့ခတ္ကာ သမီးျဖစ္သူကိုေက်ာင္းသြားႀကိဳၿပီး ေန႔လယ္ (၃)နာရီ(၁၅)မိနစ္ခန္႔ အိမ္ျပန္ေရာက္ခ်ိန္တြင္ ေဖါက္ထြင္းခံထားရျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုေဖါက္ထြင္းခံရတဲ့ အိမ္က အိမ္ရွင္က အမႈ မဖြင့္ထားဘူး။ အရင္ႏွစ္ကလည္း သူ႔အိမ္ေဖါက္ထြင္း ခံရဖူးတယ္။ အခုတစ္ခါလည္း အမႈမဖြင့္ထားေပမဲ့ ျဖစ္စဥ္ေနရာကိုသြားၿပီးေတာ့ စစ္ေဆးထားပါတယ္။ အျပင္မွာလည္း စံုစမ္း ေနပါတယ္ ” ဟု နမၼတူရဲတပ္ဖြဲ႔မွ ရဲအုပ္ေအာင္ကိုသက္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ ေနအိမ္တြင္၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ေဖါက္ထြင္းခံရၿပီး ေငြက်ပ္ (၁၅)သိန္း ခိုးယူခံရေသာ္လည္း အမႈဖြင့္ထားခဲ့ျခင္း မရိွေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့၊ ပန်ဟိုက် (၅) ရပ်ကွက်ရှိ နေအိမ်အတွင်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ နေ့လယ်ပိုင်းက ဖောက်ထွင်းခံရပြီး ငွေကျပ် သိန်း(၂၀) ခိုးယူခံရကြောင်း သိရသည်။

“ဖလက်တီဗွီကိုလည်း ကြိုးတွဖြေုတ်ပြီးချထားတယ်။ ယူတော့ မယူသွားဘူး။ အိပ်ခန်းထဲကိုလည်း မွှေနောက်ပြီး ရှာထားသလို အကုန်ပြန့်ကျဲနေတယ်။ တစ်ခြားပစ္စည်းတွေတော့ မပါသွားဘူး။ ငွေက သိန်း (၂၀) ပါ သွားတယ်။ လာစစ်ဆေးတဲ့ ရဲတွေကတော့ အမှုဖွင့် မလားမေးပါတယ်။ ကျွန်မက အမှုမဖွင့်ရသေးဘူး ”ဟု ဖောက်ထွင်းခံရသည့် နေအိမ်ပိုင်ရှင် ဒေါ်စုစုထွေးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

နမ္မတူမြို့ ပန်ဟိုက် (၅) ရပ်ကွက် ပိတောက်လမ်းရှိ အိမ်နံပါတ် (၁၀၁) နေအိမ်တွင် ဇူလိုင်လ (၁၃) ရက်နေ့ နေ့လယ် (၂) နာရီခန့်က နေအိမ်အားသော့ခတ်ကာ သမီးဖြစ်သူကိုကျောင်းသွားကြိုပြီး နေ့လယ် (၃)နာရီ(၁၅)မိနစ်ခန့် အိမ်ပြန်ရောက်ချိန်တွင် ဖောက်ထွင်းခံထားရခြင်းဖြစ်ကြောင်း သိရသည်။

“အခုဖောက်ထွင်းခံရတဲ့ အိမ်က အိမ်ရှင်က အမှု မဖွင့်ထားဘူး။ အရင်နှစ်ကလည်း သူ့အိမ်ဖောက်ထွင်း ခံရဖူးတယ်။ အခုတစ်ခါလည်း အမှုမဖွင့်ထားပေမဲ့ ဖြစ်စဉ်နေရာကိုသွားပြီးတော့ စစ်ဆေးထားပါတယ်။ အပြင်မှာလည်း စုံစမ်း နေပါတယ် ” ဟု နမ္မတူရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကိုသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ နေအိမ်တွင်၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက ဖောက်ထွင်းခံရပြီး ငွေကျပ် (၁၅)သိန်း ခိုးယူခံရသော်လည်း အမှုဖွင့်ထားခဲ့ခြင်း မရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~