အသက္(၁၀)ႏွစ္၀န္းက်င္ရွိ ေျမးျဖစ္သူအား အဖိုးျဖစ္သူမွ မဖြယ္မရာျပဳလုပ္မႈ တာခ်ီလိတ္ၿမိဳ႕တြင္ ျဖစ္ပြား

အသက္(၁၀)ႏွစ္၀န္းက်င္ရွိ ေျမးျဖစ္သူအား အဖိုးျဖစ္သူမွ မဖြယ္မရာျပဳလုပ္မႈ တာခ်ီလိတ္ၿမိဳ႕တြင္ ျဖစ္ပြား
ဇူလိုင် 25, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္တြင္ အသက္(၁၀)ႏွစ္၀န္းက်င္ အရြယ္  မိန္းကေလးငယ္အား အဖိုးျဖစ္သူ ဦးေက်ာ္ေအာင္ထြန္းမွ မဖြယ္မရာျပဳလုပ္သည့္ အတြက္ ဖခင္ျဖစ္သူက ရဲစခန္းသို႔ သြားေရာက္ တိုင္ၾကားရာ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္  (ပ) ၂၄၁/၂၀၁၈၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆/ ၅၁၁ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၂၀၁၈ခုႏွစ္ ဇူလိုင္(၂၂)ရက္ေန႔ ည(၈)နာရီ ၀န္းက်င္အခ်ိန္က အသက္(၁၀)ႏွစ္၀န္းက်င္ရွိ မ...၏ ဖခင္သည္ ေနအိမ္ အိမ္ျပန္ေရာက္လာစဥ္ သမီးျဖစ္သူက ၎အား အဖိုးျဖစ္သူက မဖြယ္မရာ ျပဳလုပ္ေၾကာင္း အေသးစိတ္ျပန္လည္ ေျပာျပရာက  မိန္းကေလးငယ္၏ ဖခင္မွာ ဦးေလးျဖစ္သူႏွင့္ တုိင္ပင္ရာမွ ဦးေလးျဖစ္သူက စိတ္လိုက္မာန္ပါ မလုပ္ရန္ေျပာျပခဲ့သျဖင့္  ယင္းေန႔က အမႈမဖြင့္ခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ဇူလိုင္လ(၂၄)ရက္ေန႔တြင္ မိန္းကေလးငယ္၏ ဖခင္မွာ ေယာကၡမေတာ္စပ္သူ(ဒုတိယဇနီး၏ ဖခင္) ဦးေက်ာ္ေအာင္ထြန္း၏ ေနအိမ္သို႔ သြားေရာက္ၿပီး စိတ္မထိန္းႏိုင္ဘဲ လက္သီးျဖင့္(၂)ခ်က္ထိုးခဲ့ၿပီး ဇူလုိင္လ(၂၅)ရက္ေန႔အကူး (၀၀း၃၀)နာရီအခ်ိန္တြင္ အမႈဖြင့္လွစ္လိုက္ျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

မိဘအုပ္ထိန္းမႈ ေအာက္ရွိ အရြယ္မေရာက္ေသးသည့္ ကေလးအား အဓမၼျပဳက်င့္ရန္ အားထုတ္ ႀကံစည္ျခင္းတို႔ေၾကာင့္ဟုဆိုကာ  ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆(မုဒိမ္းမႈ)၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၁၁(ႀကံစည္မႈ)မ်ားျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် အသက်(၁၀)နှစ်ဝန်းကျင် အရွယ် မိန်းကလေးငယ်အား အဖိုးဖြစ်သူ ဦးကျော်အောင်ထွန်းမှ မဖွယ်မရာပြုလုပ်သည့် အတွက် ဖခင်ဖြစ်သူက ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၂၄၁/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ် ဇူလိုင်(၂၂)ရက်နေ့ ည(၈)နာရီ ဝန်းကျင်အချိန်က အသက်(၁၀)နှစ်ဝန်းကျင်ရှိ မ...၏ ဖခင်သည် နေအိမ် အိမ်ပြန်ရောက်လာစဉ် သမီးဖြစ်သူက၎င်းအား အဖိုးဖြစ်သူက မဖွယ်မရာ ပြုလုပ်ကြောင်း အသေးစိတ်ပြန်လည် ပြောပြရာက မိန်းကလေးငယ်၏ ဖခင်မှာ ဦးလေးဖြစ်သူနှင့် တိုင်ပင်ရာမှ ဦးလေးဖြစ်သူက စိတ်လိုက်မာန်ပါ မလုပ်ရန်ပြောပြခဲ့သဖြင့် ယင်းနေ့က အမှုမဖွင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇူလိုင်လ(၂၄)ရက်နေ့တွင် မိန်းကလေးငယ်၏ ဖခင်မှာ ယောက္ခမတော်စပ်သူ(ဒုတိယဇနီး၏ ဖခင်) ဦးကျော်အောင်ထွန်း၏ နေအိမ်သို့ သွားရောက်ပြီး စိတ်မထိန်းနိုင်ဘဲ လက်သီးဖြင့်(၂)ချက်ထိုးခဲ့ပြီး ဇူလိုင်လ(၂၅)ရက်နေ့အကူး (ဝဝး၃၀)နာရီအချိန်တွင် အမှုဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

မိဘအုပ်ထိန်းမှု အောက်ရှိ အရွယ်မရောက်သေးသည့် ကလေးအား အဓမ္မပြုကျင့်ရန် အားထုတ် ကြံစည်ခြင်းတို့ကြောင့်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၁၁(ကြံစည်မှု)များဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~