မႏၱေလး - ပုဂံလမ္းပိုင္း သူေကာင္းတည္ကၽြန္းရြာသစ္ အဝင္လမ္းတြင္ ရထားလမ္းေခ်ာ္၍ ရထားခရီးစဥ္မ်ား ယာယီဆုိင္းငံ့ ထားရ

မႏၱေလး - ပုဂံလမ္းပိုင္း သူေကာင္းတည္ကၽြန္းရြာသစ္ အဝင္လမ္းတြင္ ရထားလမ္းေခ်ာ္၍ ရထားခရီးစဥ္မ်ား ယာယီဆုိင္းငံ့ ထားရ
ဇွန် 8, 2018
By Tachileik News Agency

မႏၱေလး - ပုဂံလမ္းပိုင္း ေညာင္ဦးၿမိဳ႕နယ္အတြင္း ၂၀၁၈ ခုႏွစ္ ဇြန္လ(၈)ရက္ေန႔ နံနက္(၃)နာရီခြဲ ဝန္းက်င္၌ ရထားလမ္းေခ်ာ္မႈ ျဖစ္ပြားၿပီး ျပဳျပင္ဆဲျဖစ္သျဖင့္ ျမင္းၿခံ - ပုဂံရထားခရီးစဥ္တစ္ခု ျမင္းၿခံမွ ျပန္လွည့္သြားရၿပီး ဇြန္လ(၉)ရက္ေန႔အတြက္ ပုဂံ - မႏၱေလး ခရီးစဥ္ကိုလည္း ယာယီဆုိင္းငံ့ထားေၾကာင္း သိရသည္။

မႏၲေလးမွ  ပုဂံသို႔ ထြက္ခြာလာသည့္ အမွတ္ (၁၂၀) ခရီးသည္တင္(အစုန္)အျမန္ရထားသည္ ၂၀၁၈ ခုႏွစ္ ဇြန္လ(၈)ရက္ေန႔ နံနက္(၃)နာရီခြဲဝန္းက်င္တြင္ ေညာင္ဦးၿမိဳ႕နယ္အတြင္း မိုင္တိုင္အမွတ္ (၃၉၉/၂၄) သစ္ေထာင့္ဘူတာႏွင့္ ပုလင္းဘူတာၾကား (သူေကာင္းတည္ကၽြန္းရြာသစ္၏ အဝင္လမ္း)တြင္ သံလမ္းေပၚ သဲဖုန္းေနသျဖင့္ လမ္းေခ်ာ္မႈျဖစ္ေနရာ ည(၇)နာရီအထိ စက္ေခါင္းျပဳျပင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

လမ္းေခ်ာ္သြားသည့္ ရထားစက္ေခါင္းအမွတ္ DD.962 ကို တာဝန္ရွိသူမ်ားက လာေရာက္ ျပဳျပင္ေနေသာ္လည္း ည(၇)နာရီအခ်ိန္ထိ ျပဳျပင္မႈ မၿပီးေသးသျဖင့္ ျမင္းျခံၿမိဳ႕ဘက္မွ ပုဂံၿမိဳ႕သို႔လာသည့္ ခရီးသည္တင္ ရထားမွာ ျမင္းျခံမွ ျပန္လွည့္ခဲ့ရၿပီး ဇြန္လ (၈)ရက္ေန႔ နံနက္ပိုင္းတြင္ ပုဂံၿမိဳ႕မွ မႏၱေလးၿမိဳ႕သို႔ ထြက္ခြာမည့္ ရထားခရီးစဥ္ကိုလည္း ယာယီ ဆုိင္းငံ့ထားေၾကာင္း သိရသည္။

မႏၱေလး - ပုဂံရထားလမ္းပိုင္းရိွ သူေကာင္းတည္ကၽြန္းရြာအနီးမွ ရထားလမ္းပိုင္းမွာ ေျမနိမ့္တြင္ရိွေနရာ မိုးသည္းထန္ပါက မိုးေရႏွင့္အတူစီးဝင္လာသည့္ သဲမ်ားဖံုးလႊမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

ရထားလမ္းေခ်ာ္သျဖင့္ သူေကာင္းတည္ကၽြန္းရြာသို႔သြားလာမည့္ ေမာ္ေတာ္ယာဥ္လမ္းမွာလည္း ရထားတြဲမ်ားပိတ္ဆို႔ေနသျဖင့္ ည(၇)နာရီ မိနစ္(၂၀)အခ်ိန္ထိ အဆုိပါလမ္းပိုင္းအား ျဖတ္သန္း သြားလာ၍မရေသးေၾကာငး္ သိရသည္။

သတင္း/ဓါတ္ပံု ခ်ယ္ရီလိႈင္


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေး - ပုဂံလမ်းပိုင်း ညောင်ဦးမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ဇွန်လ(၈)ရက်နေ့ နံနက်(၃)နာရီခွဲ ဝန်းကျင်၌ ရထားလမ်းချော်မှု ဖြစ်ပွားပြီး ပြုပြင်ဆဲဖြစ်သဖြင့် မြင်းခြံ - ပုဂံရထားခရီးစဉ်တစ်ခု မြင်းခြံမှ ပြန်လှည့်သွားရပြီး ဇွန်လ(၉)ရက်နေ့အတွက် ပုဂံ - မန္တလေး ခရီးစဉ်ကိုလည်း ယာယီဆိုင်းငံ့ထားကြောင်း သိရသည်။

မန္တလေးမှ ပုဂံသို့ ထွက်ခွာလာသည့် အမှတ် (၁၂၀) ခရီးသည်တင်(အစုန်)အမြန်ရထားသည် ၂၀၁၈ ခုနှစ် ဇွန်လ(၈)ရက်နေ့ နံနက်(၃)နာရီခွဲဝန်းကျင်တွင် ညောင်ဦးမြို့နယ်အတွင်း မိုင်တိုင်အမှတ် (၃၉၉/၂၄) သစ်ထောင့်ဘူတာနှင့် ပုလင်းဘူတာကြား (သူကောင်းတည်ကျွန်းရွာသစ်၏ အဝင်လမ်း)တွင် သံလမ်းပေါ် သဲဖုန်းနေသဖြင့် လမ်းချော်မှုဖြစ်နေရာ ည(၇)နာရီအထိ စက်ခေါင်းပြုပြင်နေဆဲဖြစ်ကြောင်း သိရသည်။

လမ်းချော်သွားသည့် ရထားစက်ခေါင်းအမှတ် DD.962 ကို တာဝန်ရှိသူများက လာရောက် ပြုပြင်နေသော်လည်း ည(၇)နာရီအချိန်ထိ ပြုပြင်မှု မပြီးသေးသဖြင့် မြင်းခြံမြို့ဘက်မှ ပုဂံမြို့သို့လာသည့် ခရီးသည်တင် ရထားမှာ မြင်းခြံမှ ပြန်လှည့်ခဲ့ရပြီး ဇွန်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် ပုဂံမြို့မှ မန္တလေးမြို့သို့ ထွက်ခွာမည့် ရထားခရီးစဉ်ကိုလည်း ယာယီ ဆိုင်းငံ့ထားကြောင်း သိရသည်။

မန္တလေး - ပုဂံရထားလမ်းပိုင်းရှိ သူကောင်းတည်ကျွန်းရွာအနီးမှ ရထားလမ်းပိုင်းမှာ မြေနိမ့်တွင်ရှိနေရာ မိုးသည်းထန်ပါက မိုးရေနှင့်အတူစီးဝင်လာသည့် သဲများဖုံးလွှမ်းခြင်းဖြစ်ကြောင်း သိရသည်။

ရထားလမ်းချော်သဖြင့် သူကောင်းတည်ကျွန်းရွာသို့သွားလာမည့် မော်တော်ယာဉ်လမ်းမှာလည်း ရထားတွဲများပိတ်ဆို့နေသဖြင့် ည(၇)နာရီ မိနစ်(၂၀)အချိန်ထိ အဆိုပါလမ်းပိုင်းအား ဖြတ်သန်း သွားလာ၍မရသေးကြောငး် သိရသည်။

သတင်း/ဓာတ်ပုံ ချယ်ရီလှိုင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~