တာချီလိတ်တွင် အမျိုးသားတစ်ဦး၏မျက်နှာကို ဓါးဖြင့်လှီးဖြတ်သူအား ဖမ်းဆီးအရေးယူထား

တာချီလိတ်တွင် အမျိုးသားတစ်ဦး၏မျက်နှာကို ဓါးဖြင့်လှီးဖြတ်သူအား ဖမ်းဆီးအရေးယူထား
ဇှနျ 28, 2018
By Tachileik News Agency


တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းတွင် မောင်မောင်(ခ) ပိုင်ငြိမ်းချမ်းအား တီပွားဆိုသူက မျက်နှာအား ဓါးဖြင့်လှီးသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း  မောင်မောင်(ခ) ပိုင်ငြိမ်းချမ်း၏ အစ်ကိုဖြစ်သူက ဇွန်လ (၂၆)ရက်နေ့ည (၁၀)နာရီခွဲဝန်း၌ သတင်းရရှိသဖြင့် ဆေးရုံသွားရောက် ကြည့်ရှုရာ ၎င်း၏ ညီဖြစ်သူမှာ မျက်နှာဝဲဘက်အခြမ်းတွင် ဓါးဒဏ်ရာအပြင်းအထန်ဖြင့် ဆေးကုသမှု ခံယူနေရသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်လိုင်းခန်းတွင် မောင်မောင်(ခ) ပိုင်ငြိမ်းချမ်းနှင့် ဂျပန်တို့ အတူနေထိုင်ကြခြင်းဖြစ်ပြီး ယင်းနေ့ ညက စကားနိုင်လု ရန်ဖြစ်နေကြစဉ် တီပွားဆိုသူက စကားမများရန် တားမြစ်သည်ကို မောင်မောင်(ခ) ပိုင်ငြိမ်းချမ်းက ပြန်ပြောရာမှ တီပွားက ဓါးဖြင့်လှီးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းငှါးတွင် အမျိုးသားတစ်ဦး၏ မျက်နှာကို ဓားဖြင့်လှီးဖြတ်သူအား ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့က ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်အတွင်းရှိ နေအိမ်လို်င်းခန်းတွင် မောင်မောင်(ခ) ပိုင်ငြိမ်းချမ်းအား တီပွားဆိုသူက မျက်နှာအား ဓားဖြင့်လှီးသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း မောင်မောင်(ခ) ပိုင်ငြိမ်းချမ်း၏ အစ်ကိုဖြစ်သူက ဇွန်လ (၂၆)ရက်နေ့ည (၁၀)နာရီခွဲဝန်း၌ သတင်းရရှိသဖြင့် ဆေးရုံသွားရောက် ကြည့်ရှုရာ၎င်း၏ ညီဖြစ်သူမှာ မျက်နှာဝဲဘက်အခြမ်းတွင် ဓားဒဏ်ရာအပြင်းအထန်ဖြင့် ဆေးကုသမှု ခံယူနေရသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်လိုင်းခန်းတွင် မောင်မောင်(ခ) ပိုင်ငြိမ်းချမ်းနှင့် ဂျပန်တို့ အတူနေထိုင်ကြခြင်းဖြစ်ပြီး ယင်းနေ့ ညက စကားနိုင်လု ရန်ဖြစ်နကြေစဉ် တီပွားဆိုသူက စကားမများရန် တားမြစ်သည်ကို မောင်မောင်(ခ) ပိုင်ငြိမ်းချမ်းက ပြန်ပြောရာမှ တီပွားက ဓားဖြင့်လှီးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

တီပွားအား အရေးယူပေးပါရန် ဇွန်လ(၂၇)ရက်နေ့တွင် တိုင်ကြားသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၀၉/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~