တာခ်ီလိတ္ၿမိဳ႕ ဝမ္လံုးေက်းရြာမွ မူးယစ္သတင္းရသည့္ေနအိမ္တြင္ စိတ္ၾကြေဆးျပား တစ္ေထာင္ေက်ာ္ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ ဝမ္လံုးေက်းရြာမွ မူးယစ္သတင္းရသည့္ေနအိမ္တြင္ စိတ္ၾကြေဆးျပား တစ္ေထာင္ေက်ာ္ဖမ္းမိ
ဇွန် 9, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္လံုးေက်းရြာအုပ္စု၊ ဝမ္လံုးေက်းရြာရိွ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား (၁၄၃၅)ျပားႏွင့္ မူးယစ္ေဆးေရာင္းခ်ရေငြဟု ယူဆရသည့္ ထုိင္းဘတ္ေငြ (၁၃၅၅၀)အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀) တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႔သည္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၉)ရက္ေန႔ နံနက္ (၁၀)နာရီခြဲဝန္းက်င္တြင္ ဝမ္လံုးေက်းရြာရိွ မူးယစ္ေဆးဝါးသတင္းရသည့္ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေနအိမ္တြင္ အိုက္တြီးဆိုသူအားေတြ႔ရၿပီး ေနအိမ္အတြင္းမွ WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၁၄၃၅)ျပားကိုလည္းေကာင္း၊ မူးယစ္ေဆးေရာင္းခ်ရေငြဟု ယူဆရသည့္ ထုိင္းဘတ္ေငြ (၁၃၅၅၀)ကိုလည္းေကာင္း၊ စိတ္ၾကြေဆးျပားရႈရာတြင္အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကိုလည္းေကာင္း ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ (၄၇)ႏွစ္အရြယ္ အုိက္တြီးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၄၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ဝမ်လုံးကျေးရွာမှ မူးယစ်သတင်းရသည့်နေအိမ်တွင် စိတ်ကြွဆေးပြား တစ်ထောင်ကျော်ဖမ်းမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၁၄၃၅)ပြားနှင့် မူးယစ်ဆေးရောင်းချရငွေဟု ယူဆရသည့် ထိုင်းဘတ်ငွေ (၁၃၅၅၀)အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လ (၉)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်တွင် ဝမ်လုံးကျေးရွာရှိ မူးယစ်ဆေးဝါးသတင်းရသည့်နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် အိုက်တွီးဆိုသူအားတွေ့ရပြီး နေအိမ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၄၃၅)ပြားကိုလည်းကောင်း၊ မူးယစ်ဆေးရောင်းချရငွေဟု ယူဆရသည့် ထိုင်းဘတ်ငွေ (၁၃၅၅၀)ကိုလည်းကောင်း၊ စိတ်ကြွဆေးပြားရှုရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၄၇)နှစ်အရွယ် အိုက်တွီးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၄၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~