မူဆယ္နယ္စပ္ဂိတ္မ်ားတြင္ ျမန္မာႏိုင္ငံမွ တစ္ႏုိင္တစ္ပိုင္စားေသာက္ကုန္ သယ္ေဆာင္ခြင့္အား တားျမစ္ၿပီးေနာက္ နာရီပိုင္းအတြင္း ျပန္ဖြင့္

မူဆယ္နယ္စပ္ဂိတ္မ်ားတြင္ ျမန္မာႏိုင္ငံမွ တစ္ႏုိင္တစ္ပိုင္စားေသာက္ကုန္ သယ္ေဆာင္ခြင့္အား တားျမစ္ၿပီးေနာက္ နာရီပိုင္းအတြင္း ျပန္ဖြင့္
ဇွန် 2, 2018
By 🌸
ျမန္မာ - တရုတ္နယ္စပ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕မွ တရုတ္ႏုိင္ငံဘက္သို႔ တစ္ႏုိင္တစ္ပိုင္ သယ္ေဆာင္ေနသည့္ စားေသာက္ကုန္ပစၥည္းမ်ားအား တရုတ္ႏုိင္ငံမွ တာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္ ဇြန္လ (၁)ရက္ေန႔က တားျမစ္မႈအား ျမန္မာတာဝန္ရိွသူမ်ား သြားေရာက္စစ္ေဆးၿပီးေနာက္ နာရီပိုင္းအတြင္း ျပန္လည္ခြင့္ျပဳလုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

“ သူတို႔က ဂိတ္ဖြင့္တာက ပံုမွန္ မနက္ (၆)နာရီေလာက္မွာ စဖြင့္တယ္။ အဲလိုစဖြင့္တဲ့အခ်ိန္မွာ တားျမစ္တယ္လို႔ သိရတယ္။ ဒီသတင္းေၾကာင့္ ဒီဘက္က အေထြေထြအုပ္ခ်ဳပ္ေရးနဲ႔ သက္ဆိုင္ရာဌာနတာဝန္ရိွသူေတြ သြားၾကည့္တဲ့အခ်ိန္မွာေတာ့ သူတုိ႔ ခြင့္ျပဳလုိက္ၿပီလို႔ေျပာတယ္။ အဲဒီေတာ့ မနက္ (၇)နာရီေလာက္မွာ ျပန္ခြင့္ျပဳလိုက္တယ္လို႔ေျပာတယ္။ ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းရင္းကိုေတာ့ သူတို႔(တရုတ္ႏုိင္ငံ)ဘက္က မေျပာဘူးလုိ႔ သိရတယ္”ဟု  ကုန္သြယ္မႈ တိုးတက္ေရး အတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ကိုယ္စားလွယ္ ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ျမန္မာ - တရုတ္နယ္စပ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕မွ နယ္စပ္ဂိတ္မ်ားျဖစ္သည့္ နန္းေတာ္ဂိတ္ႏွင့္ ဆင္ျဖဴဂိတ္တို႔တြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ(၁)ရက္ေန႔ နံနက္အေစာပိုင္းက ျမန္မာႏုိင္ငံဘက္မွ ပံုမွန္သယ္ေဆာင္ ျဖတ္သန္းသြားလာေနသည့္ တစ္ႏုိင္တစ္ပိုင္စားေသာက္ကုန္မ်ားအား သယ္ေဆာင္ခြင့္မျပဳဘဲ တားျမစ္လိုက္ျခင္း ျဖစ္သည္။

ယင္းကဲ့သို႔ တင္သြင္းခြင့္စိစစ္ပိတ္ပင္လုိက္သျဖင့္ တရုတ္ႏုိင္ငံ ေရႊလီ၊ က်ယ္ေခါင္တို႔တြင္ အလုပ္လုပ္ေနၿပီး မူဆယ္ၿမိဳ႕ဘက္တြင္ ရိကၡာလာေရာက္ဝယ္ယူၾကသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားမွာ ဝင္ခြင့္မရျဖစ္ၿပီး အခက္အခဲျဖစ္ေနရာ ျမန္မာႏုိင္ငံဘက္မွ တာဝန္ရိွသူမ်ားက နယ္စပ္ဂိတ္မ်ားတြင္ သြားေရာက္စံုစမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ေမလကုန္မွစ၍ တရုတ္ႏုိင္ငံက ျမန္မာႏုိင္ငံသားမွတ္ပံုတင္ႏွင့္ တရုတ္ႏုိင္ငံသားမွတ္ပံုတင္ ႏွစ္ခုကိုင္ေဆာင္ထားသူမ်ားအား စိစစ္ရန္အတြက္ ျမန္မာ - တရုတ္နယ္စပ္ဂိတ္မ်ားမွ ျဖတ္သန္းဝင္ေရာက္သူမ်ားအား လက္ေဗြစိစစ္မႈမ်ား ျပဳလုပ္ေနသျဖင့္ နယ္စပ္ဂိတ္မ်ားတြင္ ျဖတ္သန္းသြားလာရန္ ပံုမွန္ထက္ ၾကန္႔ၾကာမႈမ်ား ရိွေနေၾကာင္း  ေဒသခံမ်ားထံမွ သိရသည္။

သတင္း #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်နယ်စပ်ဂိတ်များတွင် မြန်မာနိုင်ငံမှ တစ်နိုင်တစ်ပိုင်စားသောက်ကုန် သယ်ဆောင်ခွင့်အား တားမြစ်ပြီးနောက် နာရီပိုင်းအတွင်း ပြန်ဖွင့်
**************
မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ တစ်နိုင်တစ်ပိုင် သယ်ဆောင်နေသည့် စားသောက်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဇွန်လ (၁)ရက်နေ့က တားမြစ်မှုအား မြန်မာတာဝန်ရှိသူများ သွားရောက်စစ်ဆေးပြီးနောက် နာရီပိုင်းအတွင်း ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ သူတို့က ဂိတ်ဖွင့်တာက ပုံမှန် မနက် (၆)နာရီလောက်မှာ စဖွင့်တယ်။ အဲလိုစဖွင့်တဲ့အချိန်မှာ တားမြစ်တယ်လို့ သိရတယ်။ ဒီသတင်းကြောင့် ဒီဘက်က အထွေထွေအုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေ သွားကြည့်တဲ့အချိန်မှာတော့ သူတို့ ခွင့်ပြုလိုက်ပြီလို့ပြောတယ်။ အဲဒီတော့ မနက် (၇)နာရီလောက်မှာ ပြန်ခွင့်ပြုလိုက်တယ်လို့ပြောတယ်။ ဘာကြောင့်ဆိုတဲ့ အကြောင်းရင်းကိုတော့ သူတို့(တရုတ်နိုင်ငံ)ဘက်က မပြောဘူးလို့ သိရတယ်”ဟု  ကုန်သွယ်မှု တိုးတက်ရေး အတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ် ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှ နယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် ၂၀၁၈ ခုနှစ် ဇွန်လ(၁)ရက်နေ့ နံနက်အစောပိုင်းက မြန်မာနိုင်ငံဘက်မှ ပုံမှန်သယ်ဆောင် ဖြတ်သန်းသွားလာနေသည့် တစ်နိုင်တစ်ပိုင်စားသောက်ကုန်များအား သယ်ဆောင်ခွင့်မပြုဘဲ တားမြစ်လိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တင်သွင်းခွင့်စိစစ်ပိတ်ပင်လိုက်သဖြင့် တရုတ်နိုင်ငံ ရွှေလီ၊ ကျယ်ခေါင်တို့တွင် အလုပ်လုပ်နေပြီး မူဆယ်မြို့ဘက်တွင် ရိက္ခာလာရောက်ဝယ်ယူကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ဝင်ခွင့်မရဖြစ်ပြီး အခက်အခဲဖြစ်နေရာ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက နယ်စပ်ဂိတ်များတွင် သွားရောက်စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလကုန်မှစ၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံသားမှတ်ပုံတင်နှင့် တရုတ်နိုင်ငံသားမှတ်ပုံတင် နှစ်ခုကိုင်ဆောင်ထားသူများအား စိစစ်ရန်အတွက် မြန်မာ - တရုတ်နယ်စပ်ဂိတ်များမှ ဖြတ်သန်းဝင်ရောက်သူများအား လက်ဗွေစိစစ်မှုများ ပြုလုပ်နေသဖြင့် နယ်စပ်ဂိတ်များတွင် ဖြတ်သန်းသွားလာရန် ပုံမှန်ထက် ကြန့်ကြာမှုများ ရှိနေကြောင်း  ဒေသခံများထံမှ သိရသည်။

သတင်း #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~