မိုင္းျဖတ္ - မိုင္းေယာင္းလမ္းအား ျပည္နယ္ရန္ပံုေငြ က်ပ္(၂၂၂)သန္းေက်ာ္ အသံုးျပဳကာ လမ္းအေျခခံလႊာခ်ဲ႕ခင္းမည္

မိုင္းျဖတ္ - မိုင္းေယာင္းလမ္းအား ျပည္နယ္ရန္ပံုေငြ က်ပ္(၂၂၂)သန္းေက်ာ္ အသံုးျပဳကာ လမ္းအေျခခံလႊာခ်ဲ႕ခင္းမည္
ဇွန် 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕နယ္ မိုင္းျဖတ္ - မိုင္းေယာင္းလမ္းအား ၂၀၁၈ - ၂၀၁၉ ဘ႑ာေရးႏွစ္ ပထမ(၆)လအတြင္း ျပည္နယ္ရန္ပံုေငြမွ က်ပ္သန္း (၂၂၂.၄၃၀) ျဖင့္ လမ္းအေျခခံလႊာ ခ်ဲ႕ခင္းျခင္း လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ ပါပူးေက်းရြာမွ ပါဆန္းေက်းရြာအထိ (၃.၂၅) ကီလိုမီတာအရွည္ရိွသည့္ မိုင္းျဖတ္ - မိုင္းေယာင္းလမ္းအား ယခင္က (၃.၆၆) မီတာအက်ယ္ရွိရာမွ (၅.၅) မီတာအက်ယ္ထိ အေျခခံလႊာ ခ်ဲ႕ခင္းျခင္းအား ေဆာင္ရြက္ေနရာ လုပ္ငန္း (၄၀)ရာခုိင္ႏႈန္းၿပီးစီးၿပီျဖစ္ေၾကာင္း မိုင္းျဖတ္ၿမိဳ႕နယ္ လမ္းဦးစီးဌာနထံမွ သိရသည္။

အဆိုပါ လုပ္ငန္းစဥ္ႏွင့္ပတ္သက္၍ ရွင္းလင္းျခင္းအား ဇြန္လ(၅)ရက္ေန႔က မိုင္းျဖတ္ၿမိဳ႕ လမ္းဦးစီးဌာန ခန္းမတြင္ ျပဳလုပ္ရာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္၊ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္ႏွင့္ တာဝန္ရွိဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန လမ္းဦးစီးဌာန တာခ်ီလိတ္ခရိုင္ ဦးစီးမွဴး လက္ေထာက္ၫႊန္ၾကားေရးမွဴး(ၿမိဳ႕ျပ) ဦးဇင္မင္းဦးႏွင့္ လမ္းဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ ၿမိဳ႕မိ ၿမိဳ႕ဖမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် မိုင်းဖြတ် - မိုင်းယောင်းလမ်းအား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ(၆)လအတွင်း ပြည်နယ်ရန်ပုံငွေမှ ကျပ်သန်း (၂၂၂.၄၃၀) ဖြင့် လမ်းအခြေခံလွှာ ချဲ့ခင်းခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် ပါပူးကျေးရွာမှ ပါဆန်းကျေးရွာအထိ (၃.၂၅) ကီလိုမီတာအရှည်ရှိသည့် မိုင်းဖြတ် - မိုင်းယောင်းလမ်းအား ယခင်က (၃.၆၆) မီတာအကျယ်ရှိရာမှ (၅.၅) မီတာအကျယ်ထိ အခြေခံလွှာ ချဲ့ခင်းခြင်းအား ဆောင်ရွက်နေရာ လုပ်ငန်း (၄၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် လမ်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းခြင်းအား ဇွန်လ(၅)ရက်နေ့က မိုင်းဖြတ်မြို့ လမ်းဦးစီးဌာန ခန်းမတွင် ပြုလုပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန တာချီလိတ်ခရိုင် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇင်မင်းဦးနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~