ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တွင် ဒဏ်ရာရမြန်မာလုပ်သားတစ်ဦး (၄)လကြာသည်အထိ လျော်ကြေးမရသေး၍ မြန်မာသံရုံးသို့ တိုင်ကြား

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တွင် ဒဏ်ရာရမြန်မာလုပ်သားတစ်ဦး (၄)လကြာသည်အထိ လျော်ကြေးမရသေး၍ မြန်မာသံရုံးသို့ တိုင်ကြား
ဇှနျ 12, 2018
By Tachileik News Agency


CI အထောက်အထားဖြင့် အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ကိုကိုထွန်းသည် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် လုပ်ငန်းခွင်အတွင်း မိမိတာဝန်ယူ လုပ်ကိုင်နေသော သံချောင်းဖြတ်နေရာ သံချောင်းပုံထဲမှ သံချောင်းများအား ဆွဲယူစဉ် ဗုံးဟု ယူဆရသော ပစ္စည်းအား သံချောင်းပုံထဲမှ တွေ့ရှိ၍ ထုတ်ယူဖယ်ရှားစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် အခက်အခဲဖြစ်ပေါ်ပါက မြန်မာ အလုပ်သမား သံအရာရှိရုံး ဖုန်းနံပါတ်များဖြစ်သည့် ဦးစန်းမောင်ဦး ၀၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ၀၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် ၀၆၅၂၂၀၆၉၅၁ (တောင်ပိုင်း၊ရနောင်း)၊ ဦးအောင်မင်း ၀၆၅၂၂၀၆၉၅၃ (မဲဆောက်)၊ ဦးဦးခင်မောင် ၀၉၉၀၅၉၂၃၅၂ (ချင်းမိုင်)၊ MOEAF Call Centre ၀၈၃ ၅၄၄ ၆၄၄ ၂နှင့် MPC ၀၈၂၇၄၅၇၄၃၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ကဘီခရိုင်၊ ကဘီမြို့ရှိ ဝုန်ဖာနစ် Recycle သံထည်ပစ္စည်းအဟောင်းဆိုင်တွင် လုပ်ငန်းခွင် အတွင်း ပေါက်ကွဲမှုကြောင့် ဖေဖော်ဝါရီလအတွင်းက ဒဏ်ရာရသွားသည့် မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးအား အလုပ်ရှင်က လျော်ကြေးမပေးသေး သဖြင့် မြန်မာသံရုံးသို့ ၂၀၁၈ ခုနှစ် ဇွန်လ (၁၁)ရက်နေ့က အကူအညီတောင်းခံလာကြောင်း သိရသည်။

CI အထောက်အထားဖြင့် အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ကိုကိုထွန်းသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် လုပ်ငန်းခွင်အတွင်း မိမိတာဝန်ယူ လုပ်ကို်င်နေသော သံချောင်းဖြတ်နေရာ သံချောင်းပုံထဲမှ သံချောင်းများအား ဆွဲယူစဉ် ဗုံးဟု ယူဆရသော ပစ္စည်းအား သံချောင်းပုံထဲမှ တွေ့ရှိ၍ ထုတ်ယူဖယ်ရှားစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ကိုကိုထွန်း၏ ဘယ်ခြေ ပေါင်လယ်အထိပြတ်ထွက်သွားပြီး ညာဘက်လက် လက်ကောက်ဝတ်ကျော် အလယ်ပိုင်းအထိ ကြေမွပြတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး ရသင့်ရထိုက်သော လျော်ကြေးပေးရန် အလုပ်ရှင်က နှောင့်နှေးနေသဖြင့် မြန်မာသံရုံးသို့ တိုင်ကြား အကူအညီတောင်းခံလာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးမှ သံအမတ်ကြီး၊ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးနှင့် မြန်မာသံရုံး ဥပဒေအကြံပေး ဦးအောင်မျိုးသန့်တို့၏ လမ်းညွှန်မှုဖြင့် MPC မြန်မာအလုပ်သမားစောင့်ရှောက်ရေးကော်မတီက အလုပ်သမား ရသင့်ရထိုက်သော လျော်ကြေး အမြန်ဆုံးရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အနဖြေင့် အခက်အခဲဖြစ်ပေါ်ပါက မြန်မာ အလုပ်သမား သံအရာရှိရုံး ဖုန်းနံပါတ်များဖြစ်သည့် ဦးစန်းမောင်ဦး ဝ၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ဝ၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် ဝ၆၅၂၂၀၆၉၅၁ (တောင်ပိုင်း၊ရနောင်း)၊ ဦးအောင်မင်း ဝ၆၅၂၂၀၆၉၅၃ (မဲဆောက်)၊ ဦးဦးခင်မောင် ဝ၉၉၀၅၉၂၃၅၂ (ချင်းမိုင်)၊ MOEAF Call Centre ဝ၈၃ ၅၄၄ ၆၄၄ ၂နှင့် MPC ဝ၈၂၇၄၅၇၄၃၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~