မယ္ဆိုင္ေခ်ာင္းမွ တဆင့္ တာခ်ီလိတ္သို႔ တရားမ၀င္ ၀င္ေရာက္လာသည့္ ထိုင္းႏုိင္ငံသားအား လ၀ကအက္ ဥပေဒျဖင့္ အေရးယူ

မယ္ဆိုင္ေခ်ာင္းမွ တဆင့္ တာခ်ီလိတ္သို႔ တရားမ၀င္ ၀င္ေရာက္လာသည့္ ထိုင္းႏုိင္ငံသားအား လ၀ကအက္ ဥပေဒျဖင့္ အေရးယူ
ဇွန် 8, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕သို႔ ႏွစ္ႏိုင္ငံ နယ္စပ္ေခ်ာင္းမွ တစ္ဆင့္ ခိုး၀င္လာသည့္ ထိုင္းႏိုင္ငံသား အမ်ဳိးသားတစ္ဦးအား ၂၀၁၈ခုႏွစ္ ဇြန္လ(၈)ရက္ေန႔ ညေန(၃း၅၅)နာရီ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိ၍ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္မႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ျမန္မာတိုးနယားကြင္းအနီးရွိ လမ္းမေပၚတြင္ ထိုင္းႏိုင္ငံသား တစ္ဦးအား ရဲတပ္ဖြဲ႔က မသကၤာ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ေခၚယူစစ္ေဆးေမးျမန္းရာ အသက္(၃၁)ႏွစ္ရွိ Mr. Phanom Phayuha သည္ ဇြန္လ(၇)ရက္ေန႔ ည(၈)နာရီအခ်ိန္က ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တစ္ဆင့္ မကာဟိုခမ္းရပ္ကြက္အနီးရွိ မယ္ဆိုင္ေရေခ်ာင္းအား ျဖတ္ကူးကာ တာခ်ီလိတ္သို႔ လည္ပတ္ရန္အတြက္ ၀င္ေရာက္လာျခင္းျဖစ္သည္ကို ထြက္ဆိုေၾကာင္း သိရသည္။

ဆက္လက္၍ ႏွစ္ႏိုင္ငံ နယ္စပ္ေခ်ာင္းမွ တစ္ဆင့္ တရားမ၀င္ ၀င္ေရာက္လာသူ အဆိုပါ ထိုင္းႏိုင္ငံသား ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕နယ္လ၀က မွ ဒုလ၀ကမွဴး မ်ဳိးႏိုင္က တရားလိုျပဳလုပ္ကာ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၈၀/၂၀၁၈၊ လ၀ကအက္ဥပေဒပုဒ္မ ၁၃(၁)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

အဆိုပါ ထိုင္းႏိုင္ငံသားသည္ ထိုင္းႏိုင္ငံ က်၀ါနခြန္စီဌာမရခရိုင္၊ တုန္ဆုန္ၿမိဳ႕တြင္ Wifi တပ္ဆင္ျခင္း လုပ္ငန္းကို လုပ္ကိုင္သူျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - #ၿငိမ္းခ်မ္း(ျပည္)
ဓာတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့သို့ နှစ်နိုင်ငံ နယ်စပ်ချောင်းမှ တစ်ဆင့် ခိုးဝင်လာသည့် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးအား ၂၀၁၈ခုနှစ် ဇွန်လ(၈)ရက်နေ့ ညနေ(၃း၅၅)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိ၍ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြန်မာတိုးနယားကွင်းအနီးရှိ လမ်းမပေါ်တွင် ထိုင်းနိုင်ငံသား တစ်ဦးအား ရဲတပ်ဖွဲ့က မသင်္ကာ၍ တာချီလိတ်မြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းရာ အသက်(၃၁)နှစ်ရှိ Mr. Phanom Phayuha သည် ဇွန်လ(၇)ရက်နေ့ ည(၈)နာရီအချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တစ်ဆင့် မကာဟိုခမ်းရပ်ကွက်အနီးရှိ မယ်ဆိုင်ရေချောင်းအား ဖြတ်ကူးကာ တာချီလိတ်သို့ လည်ပတ်ရန်အတွက် ဝင်ရောက်လာခြင်းဖြစ်သည်ကို ထွက်ဆိုကြောင်း သိရသည်။

ဆက်လက်၍ နှစ်နိုင်ငံ နယ်စပ်ချောင်းမှ တစ်ဆင့် တရားမဝင် ဝင်ရောက်လာသူ အဆိုပါ ထိုင်းနိုင်ငံသား နှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်လဝက မှ ဒုလဝကမှူး မျိုးနိုင်က တရားလိုပြုလုပ်ကာ တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၁၈၀/၂၀၁၈၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် ထိုင်းနိုင်ငံ ကျဝါနခွန်စီဌာမရခရိုင်၊ တုန်ဆုန်မြို့တွင် Wifi တပ်ဆင်ခြင်း လုပ်ငန်းကို လုပ်ကိုင်သူဖြစ်ကြောင်း သိရှိရသည်။

သတင်း - #ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~