Update News

ထိုင္းႏုိင္ငံအတြင္း ရက္ေက်ာ္ေနထိုင္သည့္ က်ိဳင္းတံုမွ အမ်ိဳးသမီးတစ္ဦးကို ထုိင္းႏုိင္ငံက ဖမ္းဆီးလႊဲေျပာင္းေပး

ထိုင္းႏုိင္ငံ ဟတ္ရိုင္ခရိုင္ စုံခါၿမိဳ႕တြင္ ခြင့္ျပဳရက္ထက္ေက်ာ္လြန္ေနထိုင္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦးအား ထုိင္းႏုိင္ငံက ဖမ္းဆီးမိၿပီးေနာက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၉)ရက္ေန႔တြင္ လႊဲေျပာင္းလာေၾကာင္း သိရသည္။

အဆိုပါ လႊဲေျပာင္းလာသူမ်ားအား တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရးေကာ္မတီဝင္ (CNCMC) တုိ႔က လက္ခံႀကိဳဆုိခဲ့ၾကေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာသည့္ဦးေရမွာ ၂၀၁၈ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၉)ရက္ေန႔အထိ အမ်ိဳးသား(၂၃၃)ဦး၊ အမ်ိဳးသမီး(၁၀၅)ဦးႏွင့္ ကေလး(၁၅) ဦး၊ စုစုေပါင္း ( ၃၅၃) ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု  #ၿမိဳ႕နယ္ေထြ/အုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံအတွင်း ရက်ကျော်နေထိုင်သည့် ကျိုင်းတုံမှ အမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံက ဖမ်းဆီးလွှဲပြောင်းပေး
**********
ထိုင်းနိုင်ငံ ဟတ်ရိုင်ခရိုင် စုံခါမြို့တွင် ခွင့်ပြုရက်ထက်ကျော်လွန်နေထိုင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ အမျိုးသမီးတစ်ဦးအား ထိုင်းနိုင်ငံက ဖမ်းဆီးမိပြီးနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် လွှဲပြောင်းလာကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းလာသူများအား တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဝင် (CNCMC) တို့က လက်ခံကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်းနယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့်ဦးရေမှာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၉)ရက်နေ့အထိ အမျိုးသား(၂၃၃)ဦး၊ အမျိုးသမီး(၁၀၅)ဦးနှင့် ကလေး(၁၅) ဦး၊ စုစုပေါင်း ( ၃၅၃) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ  #မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::