မေကြးတိုင္းအတြင္း ေခ်ာင္းေရႀကီးသျဖင့္ လူ(၅)ဦးေသဆံုးၿပီး ေလးေထာင္ေက်ာ္ ေရလြတ္ရာသို႔ ေျပာင္းေရႊ႕ခိုလံႈေနရ

မေကြးတိုင္းအတြင္း ေခ်ာင္းေရႀကီးသျဖင့္ လူ(၅)ဦးေသဆံုးၿပီး ေလးေထာင္ေက်ာ္ ေရလြတ္ရာသို႔ ေျပာင္းေရႊ႕ခိုလံႈေနရ
ဇွန် 13, 2018
By 🌸
မေကြးတိုင္းေဒသႀကီးအတြင္း မိုးအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ လူေနအိမ္အခ်ိဳ႕ ေခ်ာင္းေရတြင္ ေမ်ာပါခဲ့ၿပီး လူ(၅)ဦးေသဆံုး၍ လူဦးေရေလးေထာင္ေက်ာ္ ေရေဘးလြတ္ရာသို႔ ေျပာင္း ေရႊ႕ခိုလံႈေနရေၾကာင္း မေကြးတိုင္း ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး႐ံုးမွ ဇြန္လ (၁၃) ရက္ေန႔ထိ ေကာက္ယူရရိွသည့္ စာရင္းမ်ားအရ သိရသည္။

"ဇြန္လ(၉)ရက္ေန႔ကစၿပီး အဆက္မျပတ္ရြာသြန္းတဲ့မိုးေၾကာင့္ ေခ်ာင္းေရက်ၿပီး တိုင္းအတြင္း ၿမိဳ႕နယ္အသီးသီးမွာရိွတဲ့ လူေနအိမ္(၆၃)လံုး ေရထဲေမ်ာပါခဲ့တယ္။ လူဦးေရေလးေထာင္ေက်ာ္ ေရေဘးလြတ္ရာေတြမွာ ေျပာင္းေရႊ႕ခိုလံႈေနရပါတယ္။ ဒီေန႔အထိ ေသဆံုးမႈအေနနဲ႔ကေတာ့ မင္းဘူး ၿမိဳ႕နယ္မွာ တစ္ဦး၊ စလင္းၿမိဳ႕နယ္မွာ တစ္ဦး၊ ပြင့္ျဖဴၿမိဳ႕နယ္မွာ တစ္ဦး၊ မင္းလွၿမိဳ႕နယ္မွာ တစ္ဦး ေရေမ်ာၿပီး ေသသြားပါတယ္။ မင္းတုန္းၿမိဳ႕နယ္မွာလည္း ဓါတ္လိုက္ၿပီး တစ္ဦးေသတာေၾကာင့္ စုစု ေပါင္း(၅)ဦး ေသဆံုးတယ္လို႔ စာရင္းေကာက္ယူရရိွပါတယ္။ ေခ်ာက္ၿမိဳ႕မွာေတာ႔ ဆိုင္ကယ္ေပၚသစ္ပင္ပိလို႔ (၃)ဦးဒဏ္ရာရသြားပါတယ္"ဟု မေကြးတိုင္း ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဦးစီးဌာန ညႊန္ၾကား ေရးမွဴး ဦးျမင္႔စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္း ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး႐ံုးက ဇြန္လ (၁၃) ရက္ေန႔ထိ ေကာက္ယူရရိွသည့္ စာရင္းမ်ားအရ မင္းဘူးၿမိဳ႕နယ္မွ (၁၀၀၂)ဦး၊ ၊ စလင္းၿမိဳ႕နယ္မွ(၂၈၈)ဦး ၊ ကံမၿမိဳ႕နယ္မွ(၁၃၅၃)ဦး ၊ ငဖဲၿမိဳ႕နယ္မွ(၂၁၃)ဦး ၊သရက္ၿမိဳ႕နယ္မွ (၂၂၅) ဦး ၊ မင္းတုန္းၿမိဳ႕နယ္မွ (၇၃)ဦး၊ပြင့္ျဖဴၿမိဳ႕နယ္မွ(၄၃)ဦး၊ေရနံေခ်ာင္းၿမိဳ႕နယ္မွ(၂)ဦး၊ ပခုကၠဴၿမိဳ႕နယ္မွ (၃၉၄)ဦး စုစုေပါင္းလူဦးေရ (၄၅၉၃)ဦးအား ဆန္၊ ေရသန္႔၊ အိမ္ေဆာက္ပစၥည္းႏွင့္ ကယ္ဆယ္ေရး ပစၥည္းမ်ား ေထာက္ပံ႔ေပးထားရေၾကာင္း  သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းအတွင်း ချောင်းရေကြီးသဖြင့် လူ(၅)ဦးသေဆုံးပြီး လေးထောင်ကျော် ရေလွတ်ရာသို့ ပြောင်းရွှေ့ခိုလှုံနေရ
***************
မကွေးတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်အချို့ ချောင်းရေတွင် မျောပါခဲ့ပြီး လူ(၅)ဦးသေဆုံး၍ လူဦးရေလေးထောင်ကျော် ရေဘေးလွတ်ရာသို့ ပြောင်း ရွှေ့ခိုလှုံနေရကြောင်း မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ဇွန်လ (၁၃) ရက်နေ့ထိ ကောက်ယူရရှိသည့် စာရင်းများအရ သိရသည်။

"ဇွန်လ(၉)ရက်နေ့ကစပြီး အဆက်မပြတ်ရွာသွန်းတဲ့မိုးကြောင့် ချောင်းရေကျပြီး တိုင်းအတွင်း မြို့နယ်အသီးသီးမှာရှိတဲ့ လူနေအိမ်(၆၃)လုံး ရေထဲမျောပါခဲ့တယ်။ လူဦးရေလေးထောင်ကျော် ရေဘေးလွတ်ရာတွေမှာ ပြောင်းရွှေ့ခိုလှုံနေရပါတယ်။ ဒီနေ့အထိ သေဆုံးမှုအနေနဲ့ကတော့ မင်းဘူး မြို့နယ်မှာ တစ်ဦး၊ စလင်းမြို့နယ်မှာ တစ်ဦး၊ ပွင့်ဖြူမြို့နယ်မှာ တစ်ဦး၊ မင်းလှမြို့နယ်မှာ တစ်ဦး ရေမျောပြီး သေသွားပါတယ်။ မင်းတုန်းမြို့နယ်မှာလည်း ဓါတ်လိုက်ပြီး တစ်ဦးသေတာကြောင့် စုစု ပေါင်း(၅)ဦး သေဆုံးတယ်လို့ စာရင်းကောက်ယူရရှိပါတယ်။ ချောက်မြို့မှာတော့ ဆိုင်ကယ်ပေါ်သစ်ပင်ပိလို့ (၃)ဦးဒဏ်ရာရသွားပါတယ်"ဟု မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမြင့်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးက ဇွန်လ (၁၃) ရက်နေ့ထိ ကောက်ယူရရှိသည့် စာရင်းများအရ မင်းဘူးမြို့နယ်မှ (၁၀၀၂)ဦး၊ ၊ စလင်းမြို့နယ်မှ(၂၈၈)ဦး ၊ ကံမမြို့နယ်မှ(၁၃၅၃)ဦး ၊ ငဖဲမြို့နယ်မှ(၂၁၃)ဦး ၊သရက်မြို့နယ်မှ (၂၂၅) ဦး ၊ မင်းတုန်းမြို့နယ်မှ (၇၃)ဦး၊ပွင့်ဖြူမြို့နယ်မှ(၄၃)ဦး၊ရေနံချောင်းမြို့နယ်မှ(၂)ဦး၊ ပခုက္ကူမြို့နယ်မှ (၃၉၄)ဦး စုစုပေါင်းလူဦးရေ (၄၅၉၃)ဦးအား ဆန်၊ ရေသန့်၊ အိမ်ဆောက်ပစ္စည်းနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးထားရကြောင်း  သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~