ျပန္လည္ေပါင္းသင္းရန္ လက္မခံသည့္ ဇနီးေဟာင္းကို လက္လုပ္မုိင္းျဖင့္ ေဖာက္ခြဲမႈ ေကာ့ကရိတ္တြင္ ျဖစ္ပြား

ျပန္လည္ေပါင္းသင္းရန္ လက္မခံသည့္ ဇနီးေဟာင္းကို လက္လုပ္မုိင္းျဖင့္ ေဖာက္ခြဲမႈ ေကာ့ကရိတ္တြင္ ျဖစ္ပြား
ဇွန် 9, 2018
By Tachileik News Agency

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ နန္းေကာ္တိုးေက်းရြာတြင္ အမ်ိဳးသားတစ္ဦးက ဇနီးေဟာင္းအား ျပန္လည္ ေပါင္းသင္းရန္ ေျပာသည္ကို လက္မခံသျဖင့္ လက္လုပ္မုိင္းေဖါက္ခြဲရာ ႏွစ္ဦးလံုး ဒဏ္ရာရရိွသြားၿပီး အဆိုပါ အမ်ိဳးသားအား ေပါက္ကြဲေစမႈျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ေကာ့ကရိတ္ၿမိဳ႕နယ္၊ နန္းေကာ္တိုးေက်း႐ြာေန မစႏၵာလင္း၏ ေနအိမ္သို႔ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၈) ရက္ေန႔ နံနက္ (၁)နာရီအခ်ိန္ မစႏၵာလင္း၏ ခင္ပြန္းေဟာင္းျဖစ္သူ တင္ဝင္းေအာင္ ေရာက္ရွိလာၿပီး ျပန္လည္ ေပါင္းသင္းလိုေၾကာင္း ေျပာဆိုရာ လက္မခံသျဖင့္ တင္ဝင္းေအာင္က အသင့္ပါလာသည့္ လက္လုပ္မိုင္းျဖင့္ ေရွာ့တိုက္ရာမွ ေပါက္ကြဲမႈ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေပါက္ကြဲမႈေၾကာင့္ မစႏၵာလင္းတြင္ ယာေပါင္၊ ရင္ဘတ္ေပါက္ၿပဲဒဏ္ရာႏွင့္ တင္ဝင္းေအာင္တြင္ ယာလက္ေပါက္ၿပဲ၊ ဝဲလက္ေခ်ာင္းမ်ား ျပတ္ရွဒဏ္ရာတို႔ရရွိကာ ေကာ့ကရိတ္ခ႐ိုင္ျပည္သူ႔ေဆး႐ုံသို႔ တင္ပို႔ထားရေၾကာင္း သိရသည္။

အဆိုပါ အခင္းျဖစ္ေနအိမ္သို႔ ေကာ့ကရိတ္ခ႐ိုင္ရဲတပ္ဖြဲ႕မႉးႏွင့္ တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ ေနအိမ္မီးဖိုခန္း၌ လွ်ပ္စစ္ေကဗြီေၾကးႀကိဳး/ PVC ေကာ္ပိုက္အျပာေရာင္အပိုင္းအစမ်ား၊ အဝတ္ အပိုင္းအစမ်ား၊ ေသြးစေသြးနမ်ား၊ အသားအပိုင္းအစမ်ားႏွင့္ ပိန္ခ်ိဳင့္ေနသည့္ ဓါတ္ခဲအေသး (၃) လုံးတို႔အား ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

တင္ဝင္းေအာင္သည္ လက္လုပ္မိုင္းအား ကိုယ္တုိင္လုပ္ေဆာင္ကာ ေဖါက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးခံခ်က္အရ သိရသည္ဟု ေဖၚျပထားသည္။

တင္ဝင္းေအာင္အား ရဲတပ္ဖြဲ႕က ဖမ္းဆီးထားၿပီး ေကာ့ကရိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၅၈/ ၂၀၁၈၊ ေပါက္ကြဲ ပုဒ္မ ၃ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓါတ္ပံု  - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နန်းကော်တိုးကျေးရွာတွင် အမျိုးသားတစ်ဦးက ဇနီးဟောင်းအား ပြန်လည် ပေါင်းသင်းရန် ပြောသည်ကို လက်မခံသဖြင့် လက်လုပ်မိုင်းဖောက်ခွဲရာ နှစ်ဦးလုံး ဒဏ်ရာရရှိသွားပြီး အဆိုပါ အမျိုးသားအား ပေါက်ကွဲစေမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၊ နန်းကော်တိုးကျေးရွာနေ မစန္ဒါလင်း၏ နေအိမ်သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့ နံနက် (၁)နာရီအချိန် မစန္ဒါလင်း၏ ခင်ပွန်းဟောင်းဖြစ်သူ တင်ဝင်းအောင် ရောက်ရှိလာပြီး ပြန်လည် ပေါင်းသင်းလိုကြောင်း ပြောဆိုရာ လက်မခံသဖြင့် တင်ဝင်းအောင်က အသင့်ပါလာသည့် လက်လုပ်မိုင်းဖြင့် ရှော့တိုက်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် မစန္ဒါလင်းတွင် ယာပေါင်၊ ရင်ဘတ်ပေါက်ပြဲဒဏ်ရာနှင့် တင်ဝင်းအောင်တွင် ယာလက်ပေါက်ပြဲ၊ ဝဲလက်ချောင်းများ ပြတ်ရှဒဏ်ရာတို့ရရှိကာ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်နေအိမ်သို့ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်မီးဖိုခန်း၌ လျှပ်စစ်ကေဗွီကြေးကြိုး/ PVC ကော်ပိုက်အပြာရောင်အပိုင်းအစများ၊ အဝတ် အပိုင်းအစများ၊ သွေးစသွေးနများ၊ အသားအပိုင်းအစများနှင့် ပိန်ချိုင့်နေသည့် ဓာတ်ခဲအသေး (၃) လုံးတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

တင်ဝင်းအောင်သည် လက်လုပ်မိုင်းအား ကိုယ်တိုင်လုပ်ဆောင်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးခံချက်အရ သိရသည်ဟု ဖော်ပြထားသည်။

တင်ဝင်းအောင်အား ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ကော့ကရိတ်မြို့မရဲစခန်းတွင် (ပ)၂၅၈/ ၂၀၁၈၊ ပေါက်ကွဲ ပုဒ်မ ၃ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~