သားျဖစ္သူ ေသဆံုး၊ အေလာင္းေဖ်ာက္ဖ်က္ခံရမႈႏွင့္ ပတ္သက္၍ အမႈမွန္ေပၚေပါက္ေရး မိဘမ်ားက သတင္းစာရွင္းလင္း

သားျဖစ္သူ ေသဆံုး၊ အေလာင္းေဖ်ာက္ဖ်က္ခံရမႈႏွင့္ ပတ္သက္၍ အမႈမွန္ေပၚေပါက္ေရး မိဘမ်ားက သတင္းစာရွင္းလင္း
ဇွန် 26, 2018
By Tachileik News Agency
မေကြးတုိင္းေဒသႀကီး၊ ဆင္ျဖဴကၽြန္းနယ္ေျမရဲစခန္းမွ ရဲတပ္သားတစ္ဦး၊ သူငယ္ခ်င္းတစ္ဦးတို႔ႏွင့္အတူ အလည္လုိက္သြားသည့္ လူငယ္အား ႏွစ္ရက္အၾကာတြင္ ေခ်ာင္းအတြင္းမွ အေလာင္းျပန္ေတြ႔ရသျဖင့္ အခင္းျဖစ္သည့္ ေန႔ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသဆံုးသူ၏မိသားစုမ်ားက ဇြန္လ (၂၆)ရက္ေန႔တြင္ ဆင္ျဖဴကၽြန္းၿမိဳ႕၌ ရွင္းလင္းပြဲျပဳလုပ္သည္။

ဆင္ျဖဴကၽြန္းၿမိဳ႕၊ ပိုးအေနာက္ရပ္ကြက္ေန အသက္(၂၄)ႏွစ္အရြယ္ ေမာင္ေဝယံထက္အား ၂၀၁၈ ခုႏွစ္ ဇြန္လ(၂၀)ရက္ေန႔ ည(၉)နာရီဝန္းက်င္တြင္ ၎၏သူငယ္ခ်င္းမ်ားျဖစ္ၾကသည့္ ေကာင္းထက္ေအာင္ႏွင့္ ဆင္ျဖဴကၽြန္းနယ္ေျမရဲစခန္းမွ ရဲတပ္သား ၿဖိဳးခန္႔ေဝၿငိမ္းတို႔က ေကာင္းထက္ေအာင္၏ ေနအိမ္တြင္ ညအိပ္မည္ဟုဆိုကာ ေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေကာင္းထက္ေအာင္အိမ္မွာ ညအိပ္မယ္ဆိုၿပီး လိုက္သြားတာကို ေနာက္တစ္ေန႔မနက္မွာ ေကာင္း ထက္ေအာင္ေရာက္လာၿပီး သားရိွလားလို႔ လာေမးတာေၾကာင့္ မသကၤာျဖစ္ၿပီး လာေခၚသြားတဲ့ သားသူ ငယ္ခ်င္းတစ္ေယာက္က ဆင္ျဖဴကၽြန္းရဲစခန္းက ရဲတပ္သားျဖစ္လို႔ ရဲစခန္းကိုသြားအသိေပးၿပီး လိုက္ရွာၾက တာပါ”ဟု ေမာင္ေဝယံထက္၏ မိခင္ ေဒၚေအးေအးသင္းက ေျပာသည္။

ေမာင္ေဝယံထက္ ေပ်ာက္ဆံုးေၾကာင္း ဇြန္လ (၂၁)ရက္ေန႔တြင္ ဆင္ျဖဴကၽြန္းနယ္ေျမရဲစခန္းသို႔ အေၾကာင္းၾကားၿပီး ေဒသခံမ်ား၊ ပရဟိတအဖဲြ႔မ်ားျဖင့္ လိုက္လံရွာေဖြခဲ့ရာ ဇြန္လ (၂၂)ရက္ေန႔၊ ေန႔လယ္(၁)နာရီ အခ်ိန္ခန္႔တြင္ ေျမာင္းေဘာင္ရြာႏွင့္ ေခ်ာင္းေကာက္ရြာအၾကား စလင္းေခ်ာင္းအတြင္း ေမာင္ေဝယံထက္၏ အေလာင္းကို ေတြ႔ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“စခန္းမွဴးေျပာတာကေတာ့ သားေမာင္းတဲ့ ဆိုင္ကယ္ကို သူငယ္ခ်င္း(၃)ေယာက္အတူစီးလာရင္း ဆိုင္ကယ္ေမွာက္ၿပီး ဒဏ္ရာရသြားတာေၾကာင့္ ဆိုင္ကယ္ေပၚသယ္လာတာမွာ လမ္းမွာေသသြားလို႔ ႀကံရာ မရျဖစ္ၿပီး စလင္းေခ်ာင္းထဲ ပစ္ခ်ခဲ့တာလို႔ သူငယ္ခ်င္း(၂)ေယာက္က ထြက္ဆိုေၾကာင္း ေျပာပါတယ္။ ကၽြန္မသားက အေသာက္အစားလည္းမရိွပါဘူး။ ရိုးရိုးေအးေအးနဲ႔ မိသားစုကိုရွာေကၽြးေနသူပါ။ ဆိုင္ကယ္ ေမွာက္လို႔ေသတာဆိုရင္ ကၽြန္မတို႔ကို လာေျပာရမွာေပါ့။ ခုေတာ့ အေလာင္းကို ေခ်ာင္းထဲပစ္ခ်ၿပီး ေဖ်ာက္ဖ်က္ၾကတာေၾကာင့္ သူတို႔ခ်င္း ရန္ျဖစ္ၿပီး ဝိုင္းလုပ္လို႔ေသရတာပဲ ထင္ပါတယ္။ ဒါေၾကာင့္ အမႈမွန္ေပၚ ေပါက္ၿပီး ထိုက္တန္တဲ့ အျပစ္ဒဏ္ရေစခ်င္လို႔ အခုလို သတင္းစာရွင္းလင္းပဲြျပဳလုပ္ရတာပါ”ဟု ေမာင္ေဝယံထက္၏မိခင္ ေဒၚေအးေအးသင္းက ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေကာင္းထက္ေအာင္ႏွင့္ ရဲတပ္သား ၿဖိဳးခန္႔ေဝၿငိမ္းတို႔အား ဆင္ျဖဴကၽြန္းနယ္ေျမ ရဲစခန္းတြင္ ဇြန္လ (၂၂)ရက္ေန႔က ယာဥ္ (ပ)၄/၂၀၁၈၊ ဥပေဒပုဒ္မ ၃၀၄-က(မဆင္မျခင္ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ)၊ ရာဇဝတ္မႈဥပေဒပုဒ္မ ၂၀၁ (ျပစ္မႈက်ဴးလြန္ေၾကာင္း သတင္းေပးရန္ တာဝန္ရိွသူက သတင္းေပးရန္ တမင္ပ်က္ကြက္မႈ)၊ ရာဇဝတ္မႈဥပေဒပုဒ္မ ၂၀၂ (ျပစ္မႈက်ဴးလြန္သူကုိ ကာကြယ္ရန္အလို႔ငွာ သက္ေသခံကုိ ေပ်ာက္ပ်က္ေစမႈ)တို႔ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း စာရွင္းလင္းပဲြသို႔ ဆင္ျဖဴကၽြန္းၿမိဳ႕ ေဒသခံ (၁၀၀)ဦးခန္႔ တက္ေရာက္ခဲ့ၾကသည္။

သတင္း - ဖီးနစ္




~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး၊ သူငယ်ချင်းတစ်ဦးတို့နှင့်အတူ အလည်လိုက်သွားသည့် လူငယ်အား နှစ်ရက်အကြာတွင် ချောင်းအတွင်းမှ အလောင်းပြန်တွေ့ရသဖြင့် အခင်းဖြစ်သည့် နေ့ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏မိသားစုများက ဇွန်လ (၂၆)ရက်နေ့တွင် ဆင်ဖြူကျွန်းမြို့၌ ရှင်းလင်းပွဲပြုလုပ်သည်။

ဆင်ဖြူကျွန်းမြို့၊ ပိုးအနောက်ရပ်ကွက်နေ အသက်(၂၄)နှစ်အရွယ် မောင်ဝေယံထက်အား ၂၀၁၈ ခုနှစ် ဇွန်လ(၂၀)ရက်နေ့ ည(၉)နာရီဝန်းကျင်တွင်၎င်း၏သူငယ်ချင်းများဖြစ်ကြသည့် ကောင်းထက်အောင်နှင့် ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှ ရဲတပ်သား ဖြိုးခန့်ဝငြေိမ်းတို့က ကောင်းထက်အောင်၏ နေအိမ်တွင် ညအိပ်မည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်းထက်အောင်အိမ်မှာ ညအိပ်မယ်ဆိုပြီး လိုက်သွားတာကို နောက်တစ်နေ့မနက်မှာ ကောင်း ထက်အောင်ရောက်လာပြီး သားရှိလားလို့ လာမေးတာကြောင့် မသင်္ကာဖြစ်ပြီး လာခေါ်သွားတဲ့ သားသူ ငယ်ချင်းတစ်ယောက်က ဆင်ဖြူကျွန်းရဲစခန်းက ရဲတပ်သားဖြစ်လို့ ရဲစခန်းကိုသွားအသိပေးပြီး လိုက်ရှာကြ တာပါ”ဟု မောင်ဝေယံထက်၏ မိခင် ဒေါ်အေးအေးသင်းက ပြောသည်။

မောင်ဝေယံထက် ပျောက်ဆုံးကြောင်း ဇွန်လ (၂၁)ရက်နေ့တွင် ဆင်ဖြူကျွန်းနယ်မြေရဲစခန်းသို့ အကြောင်းကြားပြီး ဒေသခံများ၊ ပရဟိတအဖွဲ့များဖြင့် လိုက်လံရှာဖွေခဲ့ရာ ဇွန်လ (၂၂)ရက်နေ့၊ နေ့လယ်(၁)နာရီ အချိန်ခန့်တွင် မြောင်းဘောင်ရွာနှင့် ချောင်းကောက်ရွာအကြား စလင်းချောင်းအတွင်း မောင်ဝေယံထက်၏ အလောင်းကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“စခန်းမှူးပြောတာကတော့ သားမောင်းတဲ့ ဆိုင်ကယ်ကို သူငယ်ချင်း(၃)ယောက်အတူစီးလာရင်း ဆိုင်ကယ်မှောက်ပြီး ဒဏ်ရာရသွားတာကြောင့် ဆိုင်ကယ်ပေါ်သယ်လာတာမှာ လမ်းမှာသေသွားလို့ ကြံရာ မရဖြစ်ပြီး စလင်းချောင်းထဲ ပစ်ချခဲ့တာလို့ သူငယ်ချင်း(၂)ယောက်က ထွက်ဆိုကြောင်း ပြောပါတယ်။ ကျွန်မသားက အသောက်အစားလည်းမရှိပါဘူး။ ရိုးရိုးအေးအေးနဲ့ မိသားစုကိုရှာကျွေးနေသူပါ။ ဆိုင်ကယ် မှောက်လို့သေတာဆိုရင် ကျွန်မတို့ကို လာပြောရမှာပေါ့။ ခုတော့ အလောင်းကို ချောင်းထဲပစ်ချပြီး ဖျောက်ဖျက်ကြတာကြောင့် သူတို့ချင်း ရန်ဖြစ်ပြီး ဝိုင်းလုပ်လို့သေရတာပဲ ထင်ပါတယ်။ ဒါကြောင့် အမှုမှန်ပေါ် ပေါက်ပြီး ထိုက်တန်တဲ့ အပြစ်ဒဏ်ရစေချင်လို့ အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာပါ”ဟု မောင်ဝေယံထက်၏မိခင် ဒေါ်အေးအေးသင်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကောင်းထက်အောင်နှင့် ရဲတပ်သား ဖြိုးခန့်ဝငြေိမ်းတို့အား ဆင်ဖြူကျွန်းနယ်မြေ ရဲစခန်းတွင် ဇွန်လ (၂၂)ရက်နေ့က ယာဉ် (ပ)၄/၂၀၁၈၊ ဥပဒေပုဒ်မ ၃၀၄-က(မဆင်မခြင်ပေါ့လျော့မှုကြောင့် လူသေမှု)၊ ရာဇဝတ်မှုဥပဒေပုဒ်မ ၂၀၁ (ပြစ်မှုကျူးလွန်ကြောင်း သတင်းပေးရန် တာဝန်ရှိသူက သတင်းပေးရန် တမင်ပျက်ကွက်မှု)၊ ရာဇဝတ်မှုဥပဒေပုဒ်မ ၂၀၂ (ပြစ်မှုကျူးလွန်သူကို ကာကွယ်ရန်အလို့ငှါ သက်သေခံကို ပျောက်ပျက်စေမှု)တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း စာရှင်းလင်းပွဲသို့ ဆင်ဖြူကျွန်းမြို့ ဒေသခံ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~