ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များကို ဇွန်လ (၁၇)ရက်နေ့တွင် စတင် စစ်ဆေးတော့မည်

ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များကို ဇွန်လ (၁၇)ရက်နေ့တွင် စတင် စစ်ဆေးတော့မည်
ဇှနျ 14, 2018
By Tachileik News Agency

ကယားပြည်နယ်တွင် လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်လျှောက်ထားရန် ပညာပေးကာလ သုံးရက် လုပ်ဆောင်နေပြီး ၂၀၁၈ ခုနှစ် ဇွန်လ (၁၇)ရက်နေ့မှစ၍ လိုင်စင်မဲ့များကို စစ်ဆေးတော့မည် ဖြစ်ကြောင်း  ကယားပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။


ယာဉ်ပိုင်ရှင်အနေဖြင့် ဒဏ်ကြေးပေးဆောင်ပြီးနောက် ဆိုင်ကယ်လိုင်စင်ပြုလုပ်မည်ဆိုပါက မြို့နယ်များ အလိုက် ပြည်သူ့ဝန်ဆောင်မှုရုံးများတွင် ဒေသတွင်း လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။


ကယားပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဒေသတွင်းဆိုင်ကယ်လိုင်စင် (မှတ်ပုံတင်) ထုတ်ပေးခြင်းအား ၂၀၁၇ ခုနှစ် မေလ (၈)ရက်နေ့က စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၈ ခုနှစ် ဇွန်လ (၁၄)ရက်နေ့အထိ လိုင်စင်(မှတ်ပုံတင်)လျှောက်ထားသည့် မော်တော်ဆိုင်ကယ် (၂၁၂) စီးသာ ရှိသေးကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်လျှောက်ထားရန် ပညာပေးကာလ သုံးရက် လုပ်ဆောင်နပြေီး ၂၀၁၈ ခုနှစ် ဇွန်လ (၁၇)ရက်နေ့မှစ၍ လိုင်စင်မဲ့များကို စစ်ဆေးတော့မည် ဖြစ်ကြောင်း ကယားပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

ပညာပေးကာလကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့ အထိဆောင်ရွက်ပြီး ဇွန်လ (၁၇)ရက်နေ့မှစ၍ လိုင်စင်မဲ့ဆိုင်ကယ် စိစစ်ခြင်းနှင့် ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်းကို ပူးတွဲ လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုင်စင်မဲ့ဆိုင်ကယ် စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေပေးဆောင်ရန် ပြေစာထုတ်ပေးပြီး ဆိုင်ကယ်အား ခေတ္တထိန်းသိမ်းထားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်ပိုင်ရှင်အနဖြေင့် ဒဏ်ကြေးပေးဆောင်ပြီးနောက် ဆိုင်ကယ်လိုင်စင်ပြုလုပ်မည်ဆိုပါက မြို့နယ်များ အလိုက် ပြည်သူ့ဝန်ဆောင်မှုရုံးများတွင် ဒေသတွင်း လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင်း လိုင်စင်မဲ့ ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၇)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လွိုင်ကော်မြို့နယ်တွင် နေ့စဉ် ရုံးဖွင့်ရက်များနှင့် ကျန်မြို့နယ်များတွင် နှစ်ပတ်လျှင် တစ်ကြိမ် လုပ်ငန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနဖြေင့် ဒေသတွင်းဆိုင်ကယ်လိုင်စင် (မှတ်ပုံတင်) ထုတ်ပေးခြင်းအား ၂၀၁၇ ခုနှစ် မေလ (၈)ရက်နေ့က စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၈ ခုနှစ် ဇွန်လ (၁၄)ရက်နေ့အထိ လိုင်စင်(မှတ်ပုံတင်)လျှောက်ထားသည့် မော်တော်ဆိုင်ကယ် (၂၁၂) စီးသာ ရှိသေးကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~