ငွေတောင်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် အမျိုးသားနှစ်ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိ

ငွေတောင်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် အမျိုးသားနှစ်ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိ
ဇွန် 17, 2018
By Tachileik News Agency


မူးယစ်ဆေးဝါး သတင်းအရ ဒီးမော့ဆိုမြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် သက်သေများသည် ငွေတောင်အုပ်စု၊ အောင်သပြေရပ်ကွက်ရှိ ဥာဏ်ဝင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဥာဏ်ဝင်းနှင့် ၎င်းအိမ်တွင် ရောက်နေသည့် မိုးဆွေတို့အား WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၃၉)ပြား၊ ဘိန်းမဲ(၁)ဂရမ်နှင့် ခပ်ခူး(၁)ဂရမ်ခန့်၊ မူးယစ်ဆေးသုံးစွဲရာတွင်အသုံးပြုသည့် ပိုက်တပ်လျှက် ရေသန့်ဗူးခွံ နှစ်ဗူးတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဥာဏ်ဝင်းနှင့် မိုးဆွေတို့အား ဒီးမော့ဆိုမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဒီမော့ဆိုမြို့၊ ငွေတောင်ကျေးရွာရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး သုံးစွဲနေသူနှစ်ဦးအား ဘိန်းစိမ်း၊ WY စိတ်ကြွဆေးပြားများနှင့်အတူ ၂၀၁၈ ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး သတင်းအရ ဒီးမော့ဆိုမြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် သက်သေများသည် ငွေတောင်အုပ်စု၊ အောင်သပြေရပ်ကွက်ရှိ ဉာဏ်ဝင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဉာဏ်ဝင်းနှင့်၎င်းအိမ်တွင် ရောက်နေသည့် မိုးဆွေတို့အား WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၃၉)ပြား၊ ဘိန်းမဲ(၁)ဂရမ်နှင့် ခပ်ခူး(၁)ဂရမ်ခန့်၊ မူးယစ်ဆေးသုံးစွဲရာတွင်အသုံးပြုသည့် ပိုက်တပ်လျှက် ရေသန့်ဗူးခွံ နှစ်ဗူးတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဉာဏ်ဝင်းနှင့် မိုးဆွေတို့အား ဒီးမော့ဆိုမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~