တရားမဝင္ကုန္သြယ္မႈ တားဆီးထိန္းခ်ဳပ္ေရးအထူးအဖြဲ႕မ်ားျဖင့္ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားကို စိစစ္မည္

တရားမဝင္ကုန္သြယ္မႈ တားဆီးထိန္းခ်ဳပ္ေရးအထူးအဖြဲ႕မ်ားျဖင့္ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားကို စိစစ္မည္
ဇွန် 10, 2018
By Tachileik News Agency

 နယ္စပ္ကုန္သြယ္မႈလမ္းေၾကာင္းမ်ားတြင္ တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးႏုိင္ေရးအတြက္ ယခင္ Mobile Team ကဲ့သို႔ တရားမဝင္ကုန္သြယ္မႈ တားဆီးထိန္းခ်ဳပ္ေရးအထူးအဖြဲ႕မ်ားျဖင့္ ဖြဲ႕စည္း ေဆာင္ရြက္သြားေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

“တရားမဝင္ကုန္စည္ေတြ ခိုးဝင္၊ ခိုးထြက္တာေတြရိွေနေတာ့ ဒါေတြကို တားဆီးဖု႔ိ သက္ဆုိင္ရာ အဖြဲ႕အစည္းေတြ ပါဝင္တဲ့ အထူးအဖြဲ႕အေနနဲ႔ ဖြဲ႕စည္းေဆာင္ရြက္သြားမွာပါ။ ျပည္ေထာင္စုအစိုးရရဲ႕ ညႊန္ၾကားခ်က္နဲ႔ ေဆာင္ရြက္တာျဖစ္ပါတယ္။ အခုေတာ့ အဖြဲ႕ေတြ ျပင္ဆင္တုန္းရိွပါေသးတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရားမဝင္ကုန္သြယ္မႈ တားဆီးထိန္းခ်ဳပ္ေရး အထူးအဖြဲ႕မ်ား ဖြဲ႕စည္းေရး လုပ္ငန္းစဥ္မ်ားကို နယ္စပ္ကုန္သြယ္ေရး ပမာဏ အမ်ားဆံုးရိွေနသည့္ ရွမ္းျပည္နယ္တြင္ ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရၿပီး လက္ရိွ ရွမ္းျပည္နယ္၏ နယ္စပ္ကုန္သြယ္မႈမ်ားတြင္ ထက္ဝက္ခန္႔မွာတရားမဝင္ ကုန္သြယ္မႈမ်ားျဖစ္ေနသည္ဟု နယ္စပ္ဝင္/ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ကိုယ္စားလွယ္က ခန္႔မွန္းထားသည္။

“လက္ရိွ အေနအထားအရ ရွမ္းျပည္နယ္တစ္ခုလံုးမွာ ဝင္/ထြက္ေနတဲ့ ရာခုိင္ႏႈန္း(၅၀)ေက်ာ္က တရားမဝင္ေတြပဲ။ တခ်ိဳ႕က်ေတာ့လည္း တရားဝင္ေတြဖံုးၿပီး တရားမဝင္တာေတြ သြားလာေနတာပဲ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွာဆို တာခ်ီလိတ္မွာသံုးစြဲဖို႔ပဲ တံတားေပၚကေန သံုးရာခုိင္ႏႈန္းနဲ႔ တင္သြင္းခြင္ ့ျပဳတယ္။ တာခ်ီလိတ္ကေန တၿခားသယ္မယ္ဆိုရင္ မယ္ယန္းဂိတ္မွာ အခြန္ေဆာင္ရမယ္။ ဒီလို ျပဌာန္းထားေပမဲ့ လက္ရိွမွာ တာခ်ီလိတ္၊ က်ိဳင္းတံုကေနလာတဲ့ ကားေတြၾကည့္လုိက္ ေခါင္မိုးေပၚကအစ ထိုင္ခံုေအာက္ေတြမွာပါ တရားမဝင္ သယ္ေဆာင္လာတဲ့ ကုန္ပစၥည္းေတြနဲ႔ ျပည့္ေနတာပဲေလ။ တာဝန္ရိွတဲ့ သူေတြကလည္း ထိထိေရာက္ေရာက္ လုပ္ဖို႔ဆိုတာ  ျဖစ္ေနတာက သူလိုငါလိုလူေတြက မ်ားေနတာေပါ့။ ဒီလိုမ်ားေနေတာ့ ၾကားထဲမွာ ဘာျဖစ္လဲဆိုေတာ့ အဂတိလုိက္စားမႈေတြျဖစ္လာတာေပါ့”ဟု နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ကိုယ္စားလွယ္ျဖစ္သူ ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

စားသံုးသူမ်ားအတြက္ ေဘးအႏၱရာယ္ကင္းၿပီး အရည္အေသြးျပည့္မီသည့္ ကုန္ပစၥည္းမ်ား ေရာက္ရိွေရးႏွင့္ ကုန္သြယ္မႈ လုပ္ငန္းတြင္ တရားဝင္တင္သြင္းသူမ်ား၏ အခြင့္အေရးကို ကာကြယ္ေပးေရးတို႔အတြက္ နယ္စပ္ကုန္သြယ္ေရးမွ တရားမဝင္ကုန္သြယ္မႈမ်ားအား ထိထိေရာက္ေရာက္တားဆီးႏုိင္ရန္ လိုအပ္ေနရာ တရားမဝင္ကုန္သြယ္မႈ တားဆီးထိန္းခ်ဳပ္ေရးအထူးအဖြဲ႕မ်ားက ေဆာင္ရြက္ႏုိင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ကိုယ္စားလွယ္က ဆိုသည္။

"ကြ်န္ေတာ္တုိ႔ဆို သြင္းကုန္ထုတ္ကုန္ကုမၸဏီတရားဝင္ မွတ္ပံုတင္ထားတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ ေစ်းကြက္မွာ တရားဝင္တင္ၿပီး ေစ်းကြက္ မယွဥ္ႏုိင္ဘူးေလ။ ကိုယ္က တရားဝင္တင္သြင္းရင္ က်သင့္မယ့္ အခြန္အခနဲ႔ ပစၥည္းတစ္ခုကို ေရာင္းႏုိင္မယ့္ေစ်းႏႈန္းထက္ တရားမဝင္ တင္လာသူေတြက ေလွ်ာ့ၿပီး  သက္သာတဲ့ ေစ်းနဲ႔ေရာင္းေနမွေတာ့ ေစ်းကြက္က ဘယ္လိုမွ မယွဥ္ႏုိင္ေတာ့ဘူးေလ။ အစိုးရအေနနဲ႔ တရားမဝင္ကုန္သြယ္မႈေတြကို တကယ္ကို တားေပးႏုိင္မလား။ ဒီလိုလုပ္ေပး ႏုိင္ရင္ေတာ့ သြင္းကုန္ထုတ္ကုန္ေတြ တရားဝင္ လုပ္မယ့္သူေတြ လုပ္လုိ႔ရတာေပါ့”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕ရိွ သြင္းကုန္ထုတ္ကုန္လုပ္ငန္းမွ ဦးေမာင္ေမာင္က ေျပာသည္။

နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားတြင္ ယခင္က Mobile Team မ်ားျဖင့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခင္အစိုးရသက္တမ္းကုန္ခါနီးတြင္ Mobile Team မ်ားကို ဖ်က္သိမ္း ခဲ့ျခင္းျဖစ္သည္။

"ကြ်န္ေတာ္တုိ႔ လက္ရိွ တရားမဝင္ကုန္သြယ္မႈ တားဆီးေရး အထူးအဖြဲ႕ဆိုတာ တကယ္ေတာ့ လိုအပ္ပါတယ္။ ဘာေၾကာင့္ လိုအပ္သလဲဆိုေတာ့ ပထမတစ္ခ်က္က ျပည္တြင္းက SME လုပ္ငန္းေတြ၊ စိုက္ပ်ိဳးေရး လုပ္ငန္းေတြ ထိခိုက္တယ္။ အေသးစား အလတ္စားမွာ စိုက္ပ်ိဳးေရး၊ေမြးျမဴေရး အကုန္ေတာ့ ပါတာေပါ့ေနာ္။ ဒါ့အျပင္ အရည္အေသြးနိမ့္တဲ့ ကုန္ပစၥည္းေတြ ျပည္တြင္းေစ်းကြက္ကို တင္သြင္း လာတာေတြ၊ လိုင္စင္မွာ (၁၀၀)ျပၿပီး (၁၀၀၀)ဖိုးေလာက္တင္သြင္းလာတာေတြ အမ်ားႀကီး ကၽြန္ေတာ္တုိ႔ ႀကံဳေနရပါတယ္။ တခ်ိဳ႕က်ေတာ့ သက္ဆုိင္ရာဌာနေထာက္ခံခ်က္မပါဘဲ တျခားႏုိင္ငံက လယ္ယာထြက္ကုန္ေတြကို တင္သြင္းေနတာက ကၽြန္ေတာ္တို႔ႏုိင္ငံ လယ္ယာက႑အတြက္ အမ်ားႀကီး နစ္နာပါတယ္။ ခိုးသြင္းလာတာေတြရိွေတာ့ တရားဝင္တင္သြင္းေနသူေတြမွာလည္း နစ္နာပါတယ္။ ဒီလိုေတြရိွေနတာေၾကာင့္ ေစ်းကြက္အတြင္းမွာက တရားမဝင္တင္သြင္းဖက္ကို အားသာေနတဲ့ အေနအထားမွာ ရိွေနပါတယ္”ဟု နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ကိုယ္စားလွယ္ျဖစ္သူ ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

တရားမဝင္ကုန္သြယ္မႈ တားဆီးထိန္းခ်ဳပ္ေရးအထူးအဖြဲ႕မ်ားကို တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရိွ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားတြင္ စစ္ေဆးေရး အတြက္ ဖြဲ႕စည္းေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - #ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုများ တားဆီးနိုင်ရေးအတွက် ယခင် Mobile Team ကဲ့သို့ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအထူးအဖွဲ့များဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း သိရသည်။

“တရားမဝင်ကုန်စည်တွေ ခိုးဝင်၊ ခိုးထွက်တာတွေရှိနေတော့ ဒါတွေကို တားဆီးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင်တဲ့ အထူးအဖွဲ့အနေနဲ့ ဖွဲ့စည်းဆောင်ရွက်သွားမှာပါ။ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ အခုတော့ အဖွဲ့တွေ ပြင်ဆင်တုန်းရှိပါသေးတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များ ဖွဲ့စည်းရေး လုပ်ငန်းစဉ်များကို နယ်စပ်ကုန်သွယ်ရေး ပမာဏ အများဆုံးရှိနေသည့် ရှမ်းပြည်နယ်တွင် ဆောင်ရွက်နပြေီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရပြီး လက်ရှိ ရှမ်းပြည်နယ်၏ နယ်စပ်ကုန်သွယ်မှုများတွင် ထက်ဝက်ခန့်မှာတရားမဝင် ကုန်သွယ်မှုများဖြစ်နေသည်ဟု နယ်စပ်ဝင်/ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်က ခန့်မှန်းထားသည်။

“လက်ရှိ အနေအထားအရ ရှမ်းပြည်နယ်တစ်ခုလုံးမှာ ဝင်/ထွက်နေတဲ့ ရာခိုင်နှုန်း(၅၀)ကျော်က တရားမဝင်တွေပဲ။ တချို့ကျတော့လည်း တရားဝင်တွေဖုံးပြီး တရားမဝင်တာတွေ သွားလာနေတာပဲ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာဆို တာချီလိတ်မှာသုံးစွဲဖို့ပဲ တံတားပေါ်ကနေ သုံးရာခိုင်နှုန်းနဲ့ တင်သွင်းခွင့်ပြုတယ်။ တာချီလိတ်ကနေ တခြားသယ်မယ်ဆိုရင် မယ်ယန်းဂိတ်မှာ အခွန်ဆောင်ရမယ်။ ဒီလို ပြဌာန်းထားပေမဲ့ လက်ရှိမှာ တာချီလိတ်၊ ကျိုင်းတုံကနေလာတဲ့ ကားတွကြေည့်လိုက် ခေါင်မိုးပေါ်ကအစ ထိုင်ခုံအောက်တွေမှာပါ တရားမဝင် သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေနဲ့ ပြည့်နေတာပဲလေ။ တာဝန်ရှိတဲ့ သူတွေကလည်း ထိထိရောက်ရောက် လုပ်ဖို့ဆိုတာ ဖြစ်နေတာက သူလိုငါလိုလူတွေက များနေတာပေါ့။ ဒီလိုများနေတော့ ကြားထဲမှာ ဘာဖြစ်လဲဆိုတော့ အဂတိလိုက်စားမှုတွဖြေစ်လာတာပေါ့”ဟု နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်ဖြစ်သူ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းပြီး အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများ ရောက်ရှိရေးနှင့် ကုန်သွယ်မှု လုပ်ငန်းတွင် တရားဝင်တင်သွင်းသူများ၏ အခွင့်အရေးကို ကာကွယ်ပေးရေးတို့အတွက် နယ်စပ်ကုန်သွယ်ရေးမှ တရားမဝင်ကုန်သွယ်မှုများအား ထိထိရောက်ရောက်တားဆီးနိုင်ရန် လိုအပ်နေရာ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအထူးအဖွဲ့များက ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်က ဆိုသည်။

"ကျွန်တော်တို့ဆို သွင်းကုန်ထုတ်ကုန်ကုမ္ပဏီတရားဝင် မှတ်ပုံတင်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဈေးကွက်မှာ တရားဝင်တင်ပြီး ဈေးကွက် မယှဉ်နိုင်ဘူးလေ။ ကိုယ်က တရားဝင်တင်သွင်းရင် ကျသင့်မယ့် အခွန်အခနဲ့ ပစ္စည်းတစ်ခုကို ရောင်းနိုင်မယ့်ဈေးနှုန်းထက် တရားမဝင် တင်လာသူတွေက လျှော့ပြီး သက်သာတဲ့ ဈေးနဲ့ရောင်းနေမှတော့ ဈေးကွက်က ဘယ်လိုမှ မယှဉ်နိုင်တော့ဘူးလေ။ အစိုးရအနေနဲ့ တရားမဝင်ကုန်သွယ်မှုတွေကို တကယ်ကို တားပေးနိုင်မလား။ ဒီလိုလုပ်ပေး နိုင်ရင်တော့ သွင်းကုန်ထုတ်ကုန်တွေ တရားဝင် လုပ်မယ့်သူတွေ လုပ်လို့ရတာပေါ့”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ သွင်းကုန်ထုတ်ကုန်လုပ်ငန်းမှ ဦးမောင်မောင်က ပြောသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် ယခင်က Mobile Team များဖြင့် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခင်အစိုးရသက်တမ်းကုန်ခါနီးတွင် Mobile Team များကို ဖျက်သိမ်း ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ လက်ရှိ တရားမဝင်ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့ဆိုတာ တကယ်တော့ လိုအပ်ပါတယ်။ ဘာကြောင့် လိုအပ်သလဲဆိုတော့ ပထမတစ်ချက်က ပြည်တွင်းက SME လုပ်ငန်းတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက်တယ်။ အသေးစား အလတ်စားမှာ စိုက်ပျိုးရေး၊မွေးမြူရေး အကုန်တော့ ပါတာပေါ့နော်။ ဒါ့အပြင် အရည်အသွေးနိမ့်တဲ့ ကုန်ပစ္စည်းတွေ ပြည်တွင်းဈေးကွက်ကို တင်သွင်း လာတာတွေ၊ လိုင်စင်မှာ (၁၀၀)ပြပြီး (၁၀၀၀)ဖိုးလောက်တင်သွင်းလာတာတွေ အများကြီး ကျွန်တော်တို့ ကြုံနေရပါတယ်။ တချို့ကျတော့ သက်ဆိုင်ရာဌာနထောက်ခံချက်မပါဘဲ တခြားနိုင်ငံက လယ်ယာထွက်ကုန်တွေကို တင်သွင်းနေတာက ကျွန်တော်တို့နိုင်ငံ လယ်ယာကဏ္ဍအတွက် အများကြီး နစ်နာပါတယ်။ ခိုးသွင်းလာတာတွေရှိတော့ တရားဝင်တင်သွင်းနေသူတွေမှာလည်း နစ်နာပါတယ်။ ဒီလိုတွေရှိနေတာကြောင့် ဈေးကွက်အတွင်းမှာက တရားမဝင်တင်သွင်းဖက်ကို အားသာနေတဲ့ အနေအထားမှာ ရှိနေပါတယ်”ဟု နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်ဖြစ်သူ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအထူးအဖွဲ့များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေးရေး အတွက် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~