က်ိဳင္းတံုၿမိဳ႕ရိွ ေစ်းဆုိင္ခန္းတစ္ခုတြင္ ဖုန္းအားသြင္းထားရာမွ အပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္ပြား

က်ိဳင္းတံုၿမိဳ႕ရိွ ေစ်းဆုိင္ခန္းတစ္ခုတြင္ ဖုန္းအားသြင္းထားရာမွ အပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္ပြား
ဇွန် 11, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ပါလို႔လမ္းသြယ္(၁)လမ္းဆံုမွ ကုန္စံုဆိုင္တြင္ Vivo အမ်ိဳးအစားဖုန္းကို အားသြင္းထားရာမွ အပူလြန္ကဲၿပီး မီးေလာင္ကၽြမ္းမႈျဖစ္ပြားေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕ က်ိဳင္းတံု - တာခ်ီလိတ္လမ္း၊ ပါလို႔လမ္းသြယ္(၁)လမ္းဆံုရိွ ေက်ာ္မ်ိဳးထြန္းကုန္စံုဆို္ငတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၀)ရက္ေန႔ ည(၁၀)နာရီအခ်ိန္တြင္ မီးေလာင္ကၽြမ္းမႈျဖစ္ပြားသျဖင့္ မီးေလာင္မႈျဖစ္ပြားသည့္ အေၾကာငး္ရင္းအား စစ္ေဆးရာ Vivo ဖုန္းအား စားပြဲခံုေပၚတြင္ အားသြင္းထားရာမွ အပူလြန္ကဲ့ၿပီး မီးေလာင္ကၽြမ္းမႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈအား မီးသတ္ကားႏွစ္စီးျဖင့္ မီးသတ္တပ္ဖြဲ႕က လာေရာက္မီးၿငိမ္းသတ္ေပးၿပီး အားသြင္းထားသည့္ဖုန္းႏွင့္ ေဆာင္းေဘာက္တစ္လံုးတို႔ မီးေလာင္ဆံုးရံႈးသြားေၾကာငး္ သိရသည္။

မီးေလာင္မႈေၾကာင့္ ဆုိင္ရွင္ ေက်ာ္မ်ိဳးထြန္းအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၈၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့ရှိ ဈေးဆိုင်ခန်းတစ်ခုတွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပါလို့လမ်းသွယ်(၁)လမ်းဆုံမှ ကုန်စုံဆိုင်တွင် Vivo အမျိုးအစားဖုန်းကို အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

ကျိုင်းတုံမြို့ ကျိုင်းတုံ - တာချီလိတ်လမ်း၊ ပါလို့လမ်းသွယ်(၁)လမ်းဆုံရှိ ကျော်မျိုးထွန်းကုန်စုံဆိုငတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၀)ရက်နေ့ ည(၁၀)နာရီအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် မီးလောင်မှုဖြစ်ပွားသည့် အကြောင်းရင်းအား စစ်ဆေးရာ Vivo ဖုန်းအား စားပွဲခုံပေါ်တွင် အားသွင်းထားရာမှ အပူလွန်ကဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုအား မီးသတ်ကားနှစ်စီးဖြင့် မီးသတ်တပ်ဖွဲ့က လာရောက်မီးငြိမ်းသတ်ပေးပြီး အားသွင်းထားသည့်ဖုန်းနှင့် ဆောင်းဘောက်တစ်လုံးတို့ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆိုင်ရှင် ကျော်မျိုးထွန်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၁၈၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~