ေက်ာက္မဲတြင္ အမ်ိဳးသမီးတစ္ဦးအား ဓါးျဖင့္ထိုးၿပီး တားျမစ္သူကို ဝိုင္းရိုက္သည့္ လူငယ္ႏွစ္ဦးကို ဖမ္းဆီးအေရးယူထား

ေက်ာက္မဲတြင္ အမ်ိဳးသမီးတစ္ဦးအား ဓါးျဖင့္ထိုးၿပီး တားျမစ္သူကို ဝိုင္းရိုက္သည့္ လူငယ္ႏွစ္ဦးကို ဖမ္းဆီးအေရးယူထား
ဇွန် 12, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ စကားမ်ားရာမွ အမ်ိဳးသမီးတစ္ဦးအား ဓါးျဖင့္ထိုးၿပီး တားျမစ္သူကို ဝိုင္းရုိက္သည့္ လူငယ္ႏွစ္ဦးကို အေရးယူထားေၾကာင္းသိရသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္ (၇) ရပ္ကြက္၊ နယ္ေျမ (၆) ရွိ ေငြလေရာင္ထမင္းဆိုင္သို႔ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၁) ရက္ေန႔ ည (၁၀) နာရီခန္႔က ေဝယံႏွင့္ သူငယ္ခ်င္းျဖစ္သူ သက္ေဝစိုးတို႔ လာေရာက္ခ့ဲၿပီး ေဝယံက ဇနီးျဖစ္သူ ထမင္းဆိုင္ပိုင္ရွင္၏သမီးကို လာေရာက္ ေခၚယူခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

ဇနီးအား ေခၚယူစဥ္ ဇနီးျဖစ္သူ၏ အစ္မျဖစ္သူ မစန္းေက်ာ့ခိုင္ႏွင့္ စကားမ်ားရန္ျဖစ္ခ့ဲရာ ထမင္းဆိုင္အျပင္ထိ ထြက္၍ရန္ျဖစ္ခ့ဲၿပီးေနာက္ မစန္းေက်ာ့ခိုင္သည္ လည္ပင္းေရွ႕ဘက္၌ ဓါးဒဏ္ရာရသြားၿပီး ေက်ာက္မဲေဆးရံုသို႔ ပို႔ေဆာင္စဥ္ ေဆးရံု၌ ေသဆံုးသြားခ့ဲေၾကာင္း သိရသည္။

အခင္းျဖစ္ပြားခ်ိန္တြင္ ေဝယံ၏ လက္ထဲ၌ ဓါးတစ္လက္ကိုင္ထားၿပီး သက္ေဝစိုးမွာ ဝါးတုတ္တစ္ေခ်ာင္း ကိုင္ထားသည့္အတြက္ မယား ညီအစ္ကိုျဖစ္သူက ရန္ျဖစ္ပြားျခင္းကို သြားေရာက္တားျမစ္ခ့ဲစဥ္ အဆိုပါအမိ်ဳးသားႏွစ္ဦးက ဝိုင္းရိုက္ခ့ဲ၍ ဓါးဒဏ္ရာႏွင့္ ေပါက္ၿပဲဖူးေယာင္ ဒဏ္ရာမ်ား ရရွိခ့ဲသျဖင့္ ေဆးရံုတင္ပို႔ထားေၾကာင္း သိရသည္။

အသက္(၂၂)ႏွစ္အရြယ္ ေဝယံႏွင့္ သက္ေဝစိုးတို႔အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ)၂၃၅/၂၀၁၈ ပုဒ္မ ၃၀၂/၃၂၆/၁၁၄ တို႕ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲတွင် အမျိုးသမီးတစ်ဦးအား ဓါးဖြင့်ထိုးပြီး တားမြစ်သူကို ဝိုင်းရိုက်သည့် လူငယ်နှစ်ဦးကို ဖမ်းဆီးအရေးယူထား
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် စကားများရာမှ အမျိုးသမီးတစ်ဦးအား ဓါးဖြင့်ထိုးပြီး တားမြစ်သူကို ဝိုင်းရိုက်သည့် လူငယ်နှစ်ဦးကို အရေးယူထားကြောင်းသိရသည်။

ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက်၊ နယ်မြေ (၆) ရှိ ငွေလရောင်ထမင်းဆိုင်သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ ည (၁၀) နာရီခန့်က ဝေယံနှင့် သူငယ်ချင်းဖြစ်သူ သက်ဝေစိုးတို့ လာရောက်ခဲ့ပြီး ဝေယံက ဇနီးဖြစ်သူ ထမင်းဆိုင်ပိုင်ရှင်၏သမီးကို လာရောက် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇနီးအား ခေါ်ယူစဉ် ဇနီးဖြစ်သူ၏ အစ်မဖြစ်သူ မစန်းကျော့ခိုင်နှင့် စကားများရန်ဖြစ်ခဲ့ရာ ထမင်းဆိုင်အပြင်ထိ ထွက်၍ရန်ဖြစ်ခဲ့ပြီးနောက် မစန်းကျော့ခိုင်သည် လည်ပင်းရှေ့ဘက်၌ ဓါးဒဏ်ရာရသွားပြီး ကျောက်မဲဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်တွင် ဝေယံ၏ လက်ထဲ၌ ဓါးတစ်လက်ကိုင်ထားပြီး သက်ဝေစိုးမှာ ဝါးတုတ်တစ်ချောင်း ကိုင်ထားသည့်အတွက် မယား ညီအစ်ကိုဖြစ်သူက ရန်ဖြစ်ပွားခြင်းကို သွားရောက်တားမြစ်ခဲ့စဉ် အဆိုပါအမျိုးသားနှစ်ဦးက ဝိုင်းရိုက်ခဲ့၍ ဓါးဒဏ်ရာနှင့် ပေါက်ပြဲဖူးယောင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံတင်ပို့ထားကြောင်း သိရသည်။

အသက်(၂၂)နှစ်အရွယ် ဝေယံနှင့် သက်ဝေစိုးတို့အား ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၂၃၅/၂၀၁၈ ပုဒ်မ ၃၀၂/၃၂၆/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~