ႏိုင္ငံေတာ္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ား၏ အသြင္သ႑ာန္ျဖင့္ ယူနီေဖာင္းမ်ားဝတ္ဆင္ပါက အေရးယူမည္ျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ဒုတိယအႀကိမ္ ထပ္မံသတိေပး

ႏိုင္ငံေတာ္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ား၏ အသြင္သ႑ာန္ျဖင့္ ယူနီေဖာင္းမ်ားဝတ္ဆင္ပါက အေရးယူမည္ျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ဒုတိယအႀကိမ္ ထပ္မံသတိေပး
ဇွန် 16, 2018
By Tachileik News Agency

ႏိုင္ငံေတာ္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ား၏ အသြင္သ႑ာန္ျဖင့္ ယူနီေဖာင္းမ်ား ဖန္တီး၀တ္စားဆင္ယင္ျခင္း မျပဳၾကရန္ႏွင့္ ၀တ္ဆင္ေၾကာင္းေတြ႕ရွိပါက တရားဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၆)ရက္ေန႔တြင္ ဒုတိယအႀကိမ္ ထပ္မံသတိေပး ေၾကညာလုိက္သည္။

အထူးသတင္းေထာက္မ်ား၊ မႈခင္းသတင္းေထာက္မ်ား အမည္ခံသည့္အဖြဲ႕မ်ားက ႏိုင္ငံေတာ္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ား၏ ယူနီေဖာင္းႏွင့္ဆင္တူသည့္ဝတ္စံုမ်ား ဝတ္ဆင္မႈမ်ားရိွလာသျဖင့္ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ (၁၇) ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ “ ႏိုင္ငံေတာ္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ား၏ အသြင္သ႑ာန္ျဖင့္ ယူနီေဖာင္းမ်ား ဖန္တီး၀တ္စားဆင္ယင္ျခင္း မျပဳၾကရန္ႏွင့္ ၀တ္ဆင္ေၾကာင္းေတြ႕ရွိပါက တရားဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း” ျပည္ထဲေရး၀န္ႀကီးဌာနအေနျဖင့္ ေၾကညာခ်က္ကို ပထမဆံုးအႀကိမ္ ထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။

အထူးသတင္းေထာက္မ်ား၊ မႈခင္းသတင္းေထာက္မ်ားအမည္ခံ၍ ေလာင္းကစားမႈမ်ား ျပဳလုပ္ျခင္း၊ မႈခင္းမ်ားတြင္ အမႈလိုက္အက်ိဳးေဆာင္အျဖစ္လုပ္ကိုင္ျခင္း၊ ၀င္ေရာက္စြက္ဖက္၍ ေငြေၾကး ေတာင္းခံျခင္း၊ အသင္းဝင္အျဖစ္ေလွ်ာက္ထားသူမ်ားထံမွ ၀င္ေၾကးမ်ားေကာက္ခံျခင္း၊ ေျမယာကိစၥမ်ားတြင္ ပါ၀င္ ပတ္သက္ျခင္း၊ ဒုစ႐ိုက္ လုပ္ငန္းလုပ္ကိုင္ေနသူမ်ားထံမွ လစဥ္ေၾကးမ်ားရယူ ျခင္းမ်ားရွိေနေၾကာင္း ကိုလည္း စိစစ္ေတြ႔ရိွထားေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

မႈခင္းက်ဆင္းေရး ပရဟိတကူညီေရးအဖြဲ႕၊ ေနျပည္ေတာ္တုိင္းမ္ဂ်ာနယ္အမည္ျဖင့္ မႈခင္းသတင္းေထာက္ အသင္း အစရိွသည့္ အသင္းအဖြဲ႕မ်ားက သတင္းမီဒီယာအမည္ ယူထားေသာ္လည္း တရားမဝင္ လုပ္ငန္းမ်ားထံမွ ေငြေတာင္းခံျခင္း၊ ေငြညႇစ္ျခင္းစသည္တုိ႔ အပါအဝင္ သတင္းသမားက်င့္ဝတ္ ေဖါက္ဖ်က္ကာ လုပ္ေဆာင္မႈမ်ားႏွင့္ ပတ္သက္၍ ေဒသအသီးသီးမွ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီသို႔ တုိင္ၾကားမႈမ်ား ရိွလာေနေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီးထံသို႔ ျမန္မာႏုိင္ငံသတင္း မီဒီယာေကာင္စီက ၂၀၁၈ ခုႏွစ္ ေမလ (၁၇)ရက္ေန႔တြင္ တင္ျပထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္ထဲေရးဝန္ႀကီးဌာနက အဆုိပါတိုင္ၾကားမႈႏွင့္ပတ္သက္၍ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ စိစစ္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ သတင္းရယူေဆာင္႐ြက္ရာတြင္ ဥပေဒႏွင့္ မညီေသာ ျပဳလုပ္မႈမ်ားေၾကာင့္ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ားမွေက်နပ္မႈမရွိသျဖင့္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ား အလိုက္ တည္ဆဲဥပေဒမ်ားအရ အေရးယူေပးရန္ တိုင္ၾကားမႈ (၁၂) မႈ ရွိခဲ့ၿပီး သတင္းေထာက္ (၁၅) ဦး၊ မီဒီယာ အသင္း၀င္ (၁) ဦး စုစုေပါင္း (၁၆) ဦးတို႔အား အေရးယူခဲ့ရေၾကာင္း စိစစ္ေတြ႕ရွိရသည္ဟု ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

သတင္းေထာက္အမည္ခံၿပီး ႏိုင္ငံေတာ္လုံၿခဳံေရးအဖြဲ႕အစည္းမ်ားႏွင့္ အသြင္သ႑ာန္တူေသာ ၀တ္စုံမ်ား၀တ္ဆင္ျခင္း၊ ဥပေဒမဲ့ ေငြေၾကးေတာင္းခံျခင္းႏွင့္ ဥပေဒမဲ့လုပ္ရပ္မ်ား လုပ္ကိုင္ျခင္းတို႔ စိစစ္ေတြ႕ရွိပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

သတင္းမီဒီယာက်င့္ဝတ္အရ မီဒီယာလုပ္ငန္းလုပ္ကိုင္သူမ်ားသည္ ရဲတပ္ဖြဲ႕ႏွင့္ အျခားအာဏာပိုင္ အဖြဲ႕အစည္းမ်ား၏ သတင္းေပးအျဖစ္ ေဆာင္ရြက္ျခင္းမျပဳရဆိုသည့္ အခ်က္ပါဝင္ေနရာ ျပည္ထဲေရး ဝန္ႀကီးဌာန အေနျဖင့္ MCRA အား ရဲတပ္ဖြဲ႕၏ အရန္အင္အားအျဖစ္ အမွန္တကယ္ အသိအမွတ္ျပဳ ထားပါက သတင္းေထာက္အဖြဲ႕အစည္း အျဖစ္ တြဲဖက္အသိအမွတ္ မျပဳသင့္ေၾကာင္းႏွင့္ ၎တို႔၏ အသင္းဝင္မ်ား အေနျဖင့္ ဥပေဒျပင္ပမွ လုပ္ေဆာင္ေနမႈမ်ားကို စိစစ္ထိန္းေက်ာင္းႏုိင္ရန္ ၂၀၁၈ ခုႏွစ္ ေမလ (၁၇)ရက္ေန႔တြင္ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီက အသိေပးတင္ျပထားျခင္းျဖစ္သည္။

မႈခင္းသတင္းေထာက္မ်ား အပါအဝင္ သတင္းေထာက္အသင္းမ်ားသည္ အသင္းအဖြဲ႕မ်ား မွတ္ပုံတင္ျခင္း ဆိုင္ရာ ဥပေဒအရ မွတ္ပုံတင္ထားေသာ အဖြဲ႕အစည္းျဖစ္၍ အသင္းအဖြဲ႕မ်ား မွတ္ပုံတင္ျခင္းဆိုင္ရာ နည္းဥပေဒ (၄) ပါ ျပဌာန္းခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္ေၾကာင္း စစ္ေဆးေတြ႕ရွိပါက ယင္းဥပေဒပုဒ္မ ၆(စ) အရ မွတ္ပုံတင္လက္မွတ္ လဲလွယ္ျခင္း၊ သက္တမ္း တိုးျခင္းကို ျငင္းပယ္ျခင္း ခံရမည္ဟု ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြရန်နှင့် ဝတ်ဆင်ကြောင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဇွန်လ (၁၆)ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံသတိပေး ကြေညာလိုက်သည်။

အထူးသတင်းထောက်များ၊ မှုခင်းသတင်းထောက်များ အမည်ခံသည့်အဖွဲ့များက နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏ ယူနီဖောင်းနှင့်ဆင်တူသည့်ဝတ်စုံများ ဝတ်ဆင်မှုများရှိလာသဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် “ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြရန်နှင့် ဝတ်ဆင်ကြောင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြည်ထဲရေးဝန်ကြီးဌာနအနဖြေင့် ကြေညာချက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

အထူးသတင်းထောက်များ၊ မှုခင်းသတင်းထောက်များအမည်ခံ၍ လောင်းကစားမှုများ ပြုလုပ်ခြင်း၊ မှုခင်းများတွင် အမှုလိုက်အကျိုးဆောင်အဖြစ်လုပ်ကိုင်ခြင်း၊ ဝင်ရောက်စွက်ဖက်၍ ငွေကြေး တောင်းခံခြင်း၊ အသင်းဝင်အဖြစ်လျှောက်ထားသူများထံမှ ဝင်ကြေးများကောက်ခံခြင်း၊ မြေယာကိစ္စများတွင် ပါဝင် ပတ်သက်ခြင်း၊ ဒုစရိုက် လုပ်ငန်းလုပ်ကိုင်နေသူများထံမှ လစဉ်ကြေးများရယူ ခြင်းများရှိနေကြောင်း ကိုလည်း စိစစ်တွေ့ရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မှုခင်းကျဆင်းရေး ပရဟိတကူညီရေးအဖွဲ့၊ နပြေည်တော်တိုင်းမ်ဂျာနယ်အမည်ဖြင့် မှုခင်းသတင်းထောက် အသင်း အစရှိသည့် အသင်းအဖွဲ့များက သတင်းမီဒီယာအမည် ယူထားသော်လည်း တရားမဝင် လုပ်ငန်းများထံမှ ငွေတောင်းခံခြင်း၊ ငွေညှစ်ခြင်းစသည်တို့ အပါအဝင် သတင်းသမားကျင့်ဝတ် ဖောက်ဖျက်ကာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဒေသအသီးသီးမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားမှုများ ရှိလာနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးထံသို့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့တွင် တင်ပြထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနက အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စိစစ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် သတင်းရယူဆောင်ရွက်ရာတွင် ဥပဒေနှင့် မညီသော ပြုလုပ်မှုများကြောင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှကျေနပ်မှုမရှိသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် တည်ဆဲဥပဒေများအရ အရေးယူပေးရန် တိုင်ကြားမှု (၁၂) မှု ရှိခဲ့ပြီး သတင်းထောက် (၁၅) ဦး၊ မီဒီယာ အသင်းဝင် (၁) ဦး စုစုပေါင်း (၁၆) ဦးတို့အား အရေးယူခဲ့ရကြောင်း စိစစ်တွေ့ရှိရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်းထောက်အမည်ခံပြီး နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့် အသွင်သဏ္ဍာန်တူသော ဝတ်စုံများဝတ်ဆင်ခြင်း၊ ဥပဒေမဲ့ ငွေကြေးတောင်းခံခြင်းနှင့် ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့ စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းမီဒီယာကျင့်ဝတ်အရ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများသည် ရဲတပ်ဖွဲ့နှင့် အခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သတင်းပေးအဖြစ် ဆောင်ရွက်ခြင်းမပြုရဆိုသည့် အချက်ပါဝင်နေရာ ပြည်ထဲရေး ဝန်ကြီးဌာန အနဖြေင့် MCRA အား ရဲတပ်ဖွဲ့၏ အရန်အင်အားအဖြစ် အမှန်တကယ် အသိအမှတ်ပြု ထားပါက သတင်းထောက်အဖွဲ့အစည်း အဖြစ် တွဲဖက်အသိအမှတ် မပြုသင့်ကြောင်းနှင့်၎င်းတို့၏ အသင်းဝင်များ အနဖြေင့် ဥပဒပြေင်ပမှ လုပ်ဆောင်နေမှုများကို စိစစ်ထိန်းကျောင်းနိုင်ရန် ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အသိပေးတင်ပြထားခြင်းဖြစ်သည်။

မှုခင်းသတင်းထောက်များ အပါအဝင် သတင်းထောက်အသင်းများသည် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ထားသော အဖွဲ့အစည်းဖြစ်၍ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ (၄) ပါ ပြဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိပါက ယင်းဥပဒေပုဒ်မ ၆(စ) အရ မှတ်ပုံတင်လက်မှတ် လဲလှယ်ခြင်း၊ သက်တမ်း တိုးခြင်းကို ငြင်းပယ်ခြင်း ခံရမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~