မေကြးတိုင္း၏ တကၠသိုလ္ဝင္စာေမးပဲြေအာင္ခ်က္ ၆ ရာခိုင္ႏွဳန္းေလ်ာ့က်

မေကြးတိုင္း၏ တကၠသိုလ္ဝင္စာေမးပဲြေအာင္ခ်က္ ၆ ရာခိုင္ႏွဳန္းေလ်ာ့က်
ဇွန် 2, 2018
By 🌸
မေကြးတုိင္းေဒသႀကီးအတြင္း စာစစ္ဌာနမ်ားမွ ယခုႏွစ္ တကၠသိုလ္ဝင္စာေမးပဲြေအာင္စာရင္းမွာ ခင္ႏွစ္ထက္ (၆)ရာခုိင္ႏႈန္းေလ်ာ့က်သြားေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ မတ္လတြင္ က်င္းပခဲ႔သည့္ တကၠသိုလ္ဝင္စာေမးပြဲတြင္ မေကြးတိုင္းေဒသႀကီးအတြင္း ေျဖဆိုသူ (၇၇၂၂၀)ဦးတြင္ ေအာင္ျမင္သူ (၂၄၄၉၀)ဦးရိွရာ ေအာင္ခ်က္ရာခုိင္ႏႈန္း (၃၁.၇၁၄၂) ျဖစ္ၿပီး (၆) ဘာသာဂုဏ္ ထူးရွင္ (၁၄) ဦး၊ (၅)ဘာသာဂုဏ္ထူးရွင္ (၆၀)ဦး၊ (၄)ဘာသာဂုဏ္ထူးရွင္ (၁၅၂)ဦး၊ (၃)ဘာသာဂုဏ္ထူးရွင္ (၃၃၆)ဦး၊ (၂)ဘာသာဂုဏ္ထူးရွင္ (၇၅၂)ဦး၊ (၁)ဘာသာဂုဏ္ထူးရွင္ (၃၄၂၅)ဦး ပါဝင္ေၾကာင္း မေကြးတိုင္းေဒသႀကီး တိုင္းပညာေရးမွဴးရံုးမွ သိရသည္။

၂၀၁၇ ခုႏွစ္က တကၠသိုလ္ဝင္စာေမးပြဲတြင္ ေျဖဆိုသူ (၇၀၂၉၁)ဦးရွိၿပီး ေအာင္ျမင္သူ (၂၆၇၀၀)ဦး ရွိခဲ႔၍ ေအာင္ခ်က္အေနျဖင့္ (၃၇.၉၈) ရာခိုင္ႏႈန္းရိွခဲ့ရာ ယခုႏွစ္ေအာင္ခ်က္မွာ ယမန္ႏွစ္ကထက္ (၆)ရာခိုင္ႏႈန္း ေလ်ာ့နည္းသြားေၾကာင္းသိရၿပီး ယခုႏွစ္အတြက္ ေအာင္ခ်က္ရာခုိင္နႈန္းအမ်ားဆုံးမွာ မေကြးၿမိဳ႕ျဖစ္ကာ ေအာင္ခ်က္အနည္းဆုံးမွာ ေဆာၿမိဳ႕ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်း၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၆ ရာခိုင်နှုန်းလျော့ကျ
**************
မကွေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာနများမှ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှာ ခင်နှစ်ထက် (၆)ရာခိုင်နှုန်းလျော့ကျသွားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ (၇၇၂၂၀)ဦးတွင် အောင်မြင်သူ (၂၄၄၉၀)ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း (၃၁.၇၁၄၂) ဖြစ်ပြီး (၆) ဘာသာဂုဏ် ထူးရှင် (၁၄) ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၆၀)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၅၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃၃၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၇၅၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၄၂၅)ဦး ပါဝင်ကြောင်း မကွေးတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံးမှ သိရသည်။

၂၀၁၇ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ (၇၀၂၉၁)ဦးရှိပြီး အောင်မြင်သူ (၂၆၇၀၀)ဦး ရှိခဲ့၍ အောင်ချက်အနေဖြင့် (၃၇.၉၈) ရာခိုင်နှုန်းရှိခဲ့ရာ ယခုနှစ်အောင်ချက်မှာ ယမန်နှစ်ကထက် (၆)ရာခိုင်နှုန်း လျော့နည်းသွားကြောင်းသိရပြီး ယခုနှစ်အတွက် အောင်ချက်ရာခိုင်နှုန်းအများဆုံးမှာ မကွေးမြို့ဖြစ်ကာ အောင်ချက်အနည်းဆုံးမှာ ဆောမြို့ဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~