ဒီးမော့ဆိုမြို့ရှိ ​ငွေ​တောင်​​ချောင်းအတွင်း ​​တောင်​ကျ​ရေများ၍ ​ရေကြီး​ရေလျှံမှုဖြစ်ပေါ်ကာ ချောင်းအနီး မူလတန်း​ကျောင်း(၁)​​ကျောင်း ဇွန်လ(၁၄)က စ၍ ပိတ်​ထားရ

ဒီးမော့ဆိုမြို့ရှိ ​ငွေ​တောင်​​ချောင်းအတွင်း ​​တောင်​ကျ​ရေများ၍ ​ရေကြီး​ရေလျှံမှုဖြစ်ပေါ်ကာ ချောင်းအနီး မူလတန်း​ကျောင်း(၁)​​ကျောင်း ဇွန်လ(၁၄)က စ၍ ပိတ်​ထားရ
ဇွန် 14, 2018
By Tachileik News Agency

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ ငွေတောင်ချောင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် ချောင်းအနီးရှိ ဒေါငံခါး(၄) အခြေခံပညာမူလတန်းကျောင်းအား ဇွန်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းက စ၍ ပိတ်ထားရကြောင်း သိရသည်။


ကျောင်းသားမိဘများအနေဖြင့် ရေကြီးရေလျှံမှုများကြောင့် ကလေးများအတွက် စိုးရိမ်နေရပြီး ကျောင်းအထိ လာရောက် စောင့်ကြည့်နေရကြောင်း သိရသည်။


မိုးအဆက်​မပြတ် ရွာသွန်းမှုများ​ကြောင့်​ ၂၀၁၈ခုနှစ် ဇွန်​လ (၁၃)ရက်​​နေ့ညမှစ၍ ​ငွေ​တောင်​​ချောင်း မှာတ​ဖြေး​ဖြေး​ ရေကြီး​ရေလျှံမှုများ ဖြစ်​​ပေါ်လာခြင်း ဖြစ်​ပြီး ဇွန်​လ (၁၄)ရက်​​နေ့ နံနက်​ပိုင်းတွင်​ ​ကျောင်းဝန်းထဲ ထိပါ တ​ဖြေး​ဖြေး ဝင်​​ရောက်​လာကြောင်းနှင့် ယခင်​ နှစ်များကလည်း ​အဆိုပါကျောင်းအတွင်း ရေတစ်​ဝတ်​အထိ ​ရေနစ်​မြှုပ်​ခဲ့ဖူး​ကြောင်း သိရသည်​။



~~~~~~~~⊰❂ unicode ~~~~~~~~


ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ ငွေတောင်ချောင်းတွင် ရကြေီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် ချောင်းအနီးရှိ ဒေါငံခါး(၄) အခြေခံပညာမူလတန်းကျောင်းအား ဇွန်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းက စ၍ ပိတ်ထားရကြောင်း သိရသည်။

"ပြည်​နယ်​ပညာ​ရေးမှူးနဲ့ ကျွန်​​တော်​တို့ ခုလာကြည်​့တာ​ပေါ့ အ​ခြေ​အနေက ​ရေက တဖြေးဖြေး များလာတယ်​၊ က​လေး​တွေ အတွက်​လည်​း အဆင်​ မ​ပြေ​တော့ဘူး ဆရာမ​တွေကလည်​း က​လေး​တွေ အတွက်​ပဲ စိုးရိမ်​ပြီး အ​ပေါ့သွားတာကအစ လိုက်​ကြည်​့​ပေး​နေရတယ်​၊ ​ရေကတဖြေးဖြေးကြီးလာတာ​ပေါ့။ က​လေး​တွေ အတွက်​ အန္တရာယ်​များတယ်​။ ​ကျောင်​းက​တော့ ​ရေအ​ခြေ​နေအရပဲ ပြန်​ဖွင်​့မှာ​။ ကျွန်​​တော်​တို့ ​နေ့စဉ်​မှတ်​တမ်​းနဲ့ လုပ်​သွားမှာ​ပါ။ ခုအ​ခြေ​နေက ပိတ်​မှရမယ်​့အ​ခြေ​နေ​ပေါ့"ဟု လွိုင်​​ကော်​ခရိုင်​ပညာ​ရေးမှူး ဦးလူစီယားနိုက ​ပြောသည်​။

ကျောင်းသားမိဘများအနဖြေင့် ရကြေီးရေလျှံမှုများကြောင့် ကလေးများအတွက် စိုးရိမ်နေရပြီး ကျောင်းအထိ လာရောက် စောင့်ကြည့်နေရကြောင်း သိရသည်။

"ကျောင်းထဲထိ ရေရောက်ပြီး တဖြေးဖြေးများလာတော့ စိုးရိမ်ရတယ်လေ၊ ကလေးဆိုတော့ ဆော့ချင်လည်း ဆော့နေမှာ၊ ရေကလည်း တဖြေးဖြေး များလာတာဆိုတော့ ကျောင်းပိတ်ပေးလိုက်တာ ပိုအဆင်ပြေသွား တာပေါ့"ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။

​မိုးအဆက်​မပြတ် ရွာသွန်​းမှုများ​ကြောင်​့ ၂၀၁၈ခုနှစ် ဇွန်​လ (၁၃)ရက်​​နေ့ညမှစ၍ ​ငွေ​တောင်​​ချောင်​း မှာတ​ဖြေး​ဖြေး​ ရကြေီး​ရေလျှံမှုမ​ျား ဖြစ်​​ပေါ်လာခြင်​း ဖြစ်​ပြီး ဇွန်​လ (၁၄)ရက်​​နေ့ နံနက်​ပိုင်​းတွင်​ ​ကျောင်​းဝန်​းထဲ ထိပါ တ​ဖြေး​ဖြေး ဝင်​​ရောက်​လာကြောင်းနှင့် ယခင်​ နှစ်များကလည်​း ​အဆိုပါကျောင်းအတွင်း ရေတစ်​ဝတ်​အထိ ​ရေနစ်​မြှုပ်​ခဲ့ဖူး​ကြောင်​း သိရသည်​။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~