ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ခရိုင်သုံးခုရှိ ဈေးကွက်မှ သိမ်းဆည်းရမိသည့် စားသုံးရန်မသင့်သည့် စား/သုံးကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ခရိုင်သုံးခုရှိ ဈေးကွက်မှ သိမ်းဆည်းရမိသည့် စားသုံးရန်မသင့်သည့် စား/သုံးကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီး
ဇွန် 16, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ခရိုင်သုံးခုတွင် တစ်နှစ်တာအတွင်း သိမ်းဆည်းရမိသည့် လူသုံးကုန်၊ စားသောက်ကုန်နှင့် အိမ်သုံးဆေးဝါးများ အပါအဝင် စားသုံးရန်မသင့် သိမ်းဆည်းရမိသည့် ကုန်စည်တန်ဖိုး စုစုပေါင်း ကျပ်(၁၇.၇၄)သိန်းဖိုးကို တောင်ကြီးမြို့တွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၅)ရက်နေ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

တောင်ကြီး၊ လွိုင်လင်နှင့် လင်းခေးခရိုင်သုံးခုအတွင်းရှိ ဈေးများအား ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးရာ စားသုံးရန် မသင့်ကြောင်း ကြေညာထားသည့် ကုန်ပစ္စည်းများနှင့် သက်တမ်းလွန် ကုန်ပစ္စည်းများကို စားသုံးသူရေးရာ ဦးစီးဌာနက ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ သိမ်းဆည်းရမိထားသည့် ကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~