တာချီလိတ်မြို့မရဲစခန်းတွင် သက်သေခံပစ္စည်းသိမ်းဆည်းထားရှိသည့် ကား/ဆိုင်ကယ်များအား ပိုင်ဆိုင်ခွင့်ရှိသူများ အနေဖြင့် ရက်ပေါင်း (၁၈၀)အတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံသို့ လာရောက် လျှောက်ထားနိုင်

တာချီလိတ်မြို့မရဲစခန်းတွင် သက်သေခံပစ္စည်းသိမ်းဆည်းထားရှိသည့် ကား/ဆိုင်ကယ်များအား ပိုင်ဆိုင်ခွင့်ရှိသူများ အနေဖြင့် ရက်ပေါင်း (၁၈၀)အတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံသို့ လာရောက် လျှောက်ထားနိုင်
ဇှနျ 7, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မရဲစခန်းတွင် သက်သေခံပစ္စည်းသိမ်းဆည်းထားရှိသည့် မော်တော်ယာဉ်များအား ပိုင်ရေး/ပိုင်ဆိုင်ခွင့်ရှိသူများ အနေဖြင့် ရက်ပေါင်း (၁၈၀)အတွင်း လာရောက်လျှောက်ထားကြရန် ၂၀၁၈ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကြော်ငြာထားသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မရဲစခန်းတွင် သက်သေခံပစ္စည်းသိမ်းဆည်းထားရှိသည့် မော်တော်ယာဉ်များအား ပိုင်ရေး/ပိုင်ဆိုင်ခွင့်ရှိသူများ အနဖြေင့် ရက်ပေါင်း (၁၈၀)အတွင်း လာရောက်လျှောက်ထားကြရန် ၂၀၁၈ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကြော်ငြာထားသည်။

ထုတ်ပြန်ထားသည့် သက်သေခံပစ္စည်းများမှာ တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၅၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ - က အမှုမှ သေဆုံးသူ တရားခံ ဒေါ်နန်းသွန်မောင်းနှင်ခဲ့သည့် သက်သေခံ မော်တော်ဆိုင်ကယ် ၁၆ယ/၇၈၄၆ Honda Wave အနက်ရောင်၊ ဝမ်ပုံနယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - ကမှ သေဆုံးသူ တရားခံ ဦးထွန်းလင်းနိုင် မောင်းနှင်ခဲ့သော သက်သေခံ မော်တော်ဆိုင်ကယ် နံပါတ်မပါ Click – I နက်ပြာရောင်၊ ဝမ်ပုံနယ်မြေရဲစခန်း၊ ယာဉ်(ပ)၁၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၇ အမှုမှ ဒေါ်နန်းရွက်၏ ခင်ပွန်း ဦးအိုက်နိုင်းအား သေနတ်ဖြင့် ပစ်ခတ်သူများ မောင်းနှင်ခဲ့သော သက်သေခံမော်တော်ယာဉ် 7J/9393 နံပါတ်ပါ FORTUNER ရွှေရောင်၊ ဝမ်ပုံနယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ - က အမှုမှ သေဆုံးတရားခံ ဦးအိုက်ပွန်းပျဲန်မောင်းနှင်ခဲ့သော တခလ/၉၈၀၄ Wave 110 အနက်ရောင်၊ တာချီလိတ်မြို့မရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-ကအမှုမှ သေဆုံးတရားခံ ဦးကျော်ခိုင်ဖြိုးမောင်းနှင်ခဲ့သော နံပါတ်မပါ Wave အပြာ၊နက်၊ခဲရောင် ဆိုင်ကယ်၊ တာချီလိတ်မြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ - ကအမှုမှ သေဆုံးတရားခံ အမည်၊နေရပ်မသိသူ မောင်းနှင်သည့် နံပါတ်မပါ Honda Wave 100 ခဲရောင်ဆိုင်ကယ်၊ တာချီလိတ်မြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/၃၃၈/၃၃၇ အမှုမှ သေဆုံးတရားခံ ဦးကျော်ဇောမောင်းနှင်သည့် ၃၉ယ/၆၃၇၁ Wave အဖြူ၊ပြာရောင်ဆိုင်ကယ်၊ တာချီလိတ်မြို့မရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄-ကအမှုမှ သေဆုံးတရားခံ ဦးအားဝူးမောင်းနှင်ခဲ့သော 8H-4422 VIGO အဖြူရောင်မော်တော်ယာဉ်၊ တာချီလိတ်မြို့မရဲစခန်း ယာဉ်(ပ)၂၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ -ကအမှုမှ သေဆုံးတရားခံ ဦးမင်းကျော်သူဦးမောင်းနှင်သည့် ၃၂ယ/၁၈၈၈၅ Wave 125 လိမ္မော်ရောင်ဆိုင်ကယ်၊ တာချီလိတ်မြို့မရဲစခန်း ယာဉ်(ပ)၅၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-ကမှ သေဆုံးတရားခံ ပါးလိုမောင်းနှင်သော ၁၅ယ/၉၆၇၃၂ Honda Wave မီးခိုး၊အနက်ရောင်ဆိုင်ကယ်တို့အား လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများဖြင့် တာချီလိတ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လာရောက်လျှောက်ထား တင်ပြနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~