က်ုိင္းတံုၿမိဳ႕နယ္ ကတ္ထိုက္ေက်းရြာအုပ္စုအတြင္း ခိုးမႈႏွင့္ေက်ာ္ေဇာေနသူအား ကြ်ဲတစ္ေကာင္ႏွင့္အတူ ဖမ္းဆီးရမိ

က်ုိင္းတံုၿမိဳ႕နယ္ ကတ္ထိုက္ေက်းရြာအုပ္စုအတြင္း ခိုးမႈႏွင့္ေက်ာ္ေဇာေနသူအား ကြ်ဲတစ္ေကာင္ႏွင့္အတူ ဖမ္းဆီးရမိ
ဇွန် 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕နယ္ ကတ္ထိုက္ေက်းရြာအုပ္စုအတြင္း လွည့္ကင္းလွည့္ေနသည့္ ရဲတပ္ဖြဲ႔က ခိုးမႈႏွင့္ေက်ာ္ေဇာေနသူအား ခိုးလာသည့္  ကြ်ဲတစ္ေကာင္ ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္ေဆာင္ ဒုရဲအုပ္ဇင္မင္းလတ္ ႏွင့္ တပ္ဖြဲ႔၀င္မ်ားက ၂၀၁၈ခုႏွစ္ ဇြန္လ(၈)ရက္ေန႔ ညေန(၂)နာရီခြဲ၀န္းက်င္ အခ်ိန္က ကတ္ထိုက္ေက်းရြာအုပ္စုအတြင္း နယ္ေျမ ကင္းလွည့္ေနစဥ္ ၀မ္ေက်ာင္းရြာသြား လမ္းမေပၚတြင္ ခိုးမႈႏွင့္ ေက်ာ္ေဇာသတင္းရွိထားသူ ေဂ်ာ္နီ ဆိုသူသည္ ကြ်ဲထီးတစ္ေကာင္အား ႀကိဳးခ်ည္၍ ေမာင္းလာေနသည္ကို မသကၤာ၍ စစ္ေဆးေမးျမန္းရာမွ ကြ်ဲႏွင့္ပတ္သက္၍ ပိုင္ဆိုင္ေၾကာင္း အေထာက္အထား တစ္စံုတစ္ရာ ျပသေျပာဆို ႏိုင္ျခင္းမရွိဘဲ တစ္ေနရာရာမွ ခိုးယူလာသည္ဟု မသကၤာ၍ ခိုးမႈျဖင့္ စစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ နယ္ထိန္းေခါင္းေဆာင္က တရားလိုျပဳလုပ္ကာ က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၁၈၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉(က)/က်င့္ ၅၄ျဖင့္ အမႈဖြင့္လွစ္ကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာအုပ်စုအတွင်း လှည့်ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့က ခိုးမှုနှင့်ကျော်ဇောနေသူအား ခိုးလာသည့် ကျွဲတစ်ကောင် နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်ဇင်မင်းလတ် နှင့် တပ်ဖွဲ့ဝင်များက ၂၀၁၈ခုနှစ် ဇွန်လ(၈)ရက်နေ့ ညနေ(၂)နာရီခွဲဝန်းကျင် အချိန်က ကတ်ထိုက်ကျေးရွာအုပ်စုအတွင်း နယ်မြေ ကင်းလှည့်နေစဉ် ဝမ်ကျောင်းရွာသွား လမ်းမပေါ်တွင် ခိုးမှုနှင့် ကျော်ဇောသတင်းရှိထားသူ ဂျော်နီ ဆိုသူသည် ကျွဲထီးတစ်ကောင်အား ကြိုးချည်၍ မောင်းလာနေသည်ကို မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ ကျွဲနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆို နိုင်ခြင်းမရှိဘဲ တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ ခိုးမှုဖြင့် စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်ထိန်းခေါင်းဆောင်က တရားလိုပြုလုပ်ကာ ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၈၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(က)/ကျင့် ၅၄ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~