တာခ်ီလိတ္ခရို္င္ စိုက္ပ်ိဳးေရးဦးစီးဌာန၏ ကြင္းဆင္းဝန္ထမ္းမ်ားအား စြမ္းေဆာင္ရည္ျမႇင့္သင္တန္းပို႔ခ်

တာခ်ီလိတ္ခရို္င္ စိုက္ပ်ိဳးေရးဦးစီးဌာန၏ ကြင္းဆင္းဝန္ထမ္းမ်ားအား စြမ္းေဆာင္ရည္ျမႇင့္သင္တန္းပို႔ခ်
ဇွန် 5, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) စိုက္ပ်ိဳးေရးဦးစီးဌာန၊ တာခ်ီလိတ္ခရိုင္ရိွ ကြင္းဆင္းဝန္ထမ္း(၂၅)ဦးအား ေခတ္မီစိုက္ပ်ိဳးေရးနည္းပညာသင္တန္းကို ၂၀၁၈ ခုႏွစ္ ဇြန္လ(၄)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ရိွ ခရိုင္ဦးစီးမွဴး သင္တန္းခန္းမတြင္ ပို႔ခ်ေၾကာင္း သိရသည္။

ေဒသတြင္းေတာင္သူမ်ားအား စိုက္ပ်ိဳးနည္းပညာမ်ား မွ်ေဝႏုိင္ရန္ႏွင့္ ေဒသခံေတာင္သူမ်ား၏ စိုက္ပ်ိဳးေရးလုပ္ငန္း အခက္အခဲမ်ားအား ေျဖရွင္းေပးရန္တြင္ အေထာက္အကူျဖစ္ေစရန္ အဆိုပါသင္တန္းအား ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းသို႔ ျပည္နယ္သီးႏွံကာကြယ္ေရးဌာနခဲြတာဝန္ခံ ေဒၚသင္းသင္းလဲ့က ရွမ္းျပည္နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနကိုယ္စား အဖြင့္အမွာစကားေျပာၾကားၿပီး ခရိုင္ဦးစီးမွဴး ဦးလွဝင္းက စိုက္ပ်ိဳးေရးဝန္ထမ္းမ်ားအေနျဖင့္ ေခတ္မီနည္းပညာမ်ား အခ်ိန္ႏွင့္တေျပးညီ ေဒသတြင္း ျဖန္႔ေဝေပးႏုိင္ေရးအတြက္ ဝန္ထမ္းမ်ားအား တုိက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျပည္နယ္ေျမအသံုးခ်ေရးတာဝန္ခံ ေဒၚသန္းသန္းဝင္းက ေျမဆီလႊာအတြင္းရိွ ေျမဆီလႊာဓါတ္ေလ်ာ့က်မႈမွ ကာကြယ္ရန္ႏွင့္ ေရရွည္တည္တံ့ေသာနည္းပညာအေၾကာင္း၊ ျပည္နယ္မ်ိဳးေစ့တာဝန္ခံ ေဒၚမိမိလိႈင္းက  စပါးသီးႏွံ၏ အပင္လကၡဏာခြဲျခားျခင္းနည္းပညာႏွင့္ မ်ိဳးသန္႔မ်ိဳးေစ့မ်ားအား စနစ္တက်အရည္အေသြးထိန္းသိမ္းျခင္းနည္းပညာ၊ ပါလွ်ံဥယ်ာဥ္ၿခံတာဝန္ခံ ေဒၚႏြယ္ႏြယ္ေအာင္က ဟင္းသီးဟင္းရြက္မ်ားအား စိုက္ပ်ိဳးေရးအေလ့အက်င့္ေကာင္းမ်ား နည္းပညာတို႔ကို သင္ၾကားေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု #စိုက္ပ်ိဳးေရးဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကွင်းဆင်းဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်သင်တန်းပို့ချ
*********************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်ရှိ ကွင်းဆင်းဝန်ထမ်း(၂၅)ဦးအား ခေတ်မီစိုက်ပျိုးရေးနည်းပညာသင်တန်းကို ၂၀၁၈ ခုနှစ် ဇွန်လ(၄)ရက်နေ့က တာချီလိတ်မြို့ရှိ ခရိုင်ဦးစီးမှူး သင်တန်းခန်းမတွင် ပို့ချကြောင်း သိရသည်။

ဒေသတွင်းတောင်သူများအား စိုက်ပျိုးနည်းပညာများ မျှဝေနိုင်ရန်နှင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲများအား ဖြေရှင်းပေးရန်တွင် အထောက်အကူဖြစ်စေရန် အဆိုပါသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံ ဒေါ်သင်းသင်းလဲ့က ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနကိုယ်စား အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးလှဝင်းက စိုက်ပျိုးရေးဝန်ထမ်းများအနေဖြင့် ခေတ်မီနည်းပညာများ အချိန်နှင့်တပြေးညီ ဒေသတွင်း ဖြန့်ဝေပေးနိုင်ရေးအတွက် ဝန်ထမ်းများအား တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဒေါ်သန်းသန်းဝင်းက မြေဆီလွှာအတွင်းရှိ မြေဆီလွှာဓါတ်လျော့ကျမှုမှ ကာကွယ်ရန်နှင့် ရေရှည်တည်တံ့သောနည်းပညာအကြောင်း၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်းက  စပါးသီးနှံ၏ အပင်လက္ခဏာခွဲခြားခြင်းနည်းပညာနှင့် မျိုးသန့်မျိုးစေ့များအား စနစ်တကျအရည်အသွေးထိန်းသိမ်းခြင်းနည်းပညာ၊ ပါလျှံဥယျာဉ်ခြံတာဝန်ခံ ဒေါ်နွယ်နွယ်အောင်က ဟင်းသီးဟင်းရွက်များအား စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ နည်းပညာတို့ကို သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ #စိုက်ပျိုးရေးဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~