တာခ်ီလိတ္တြင္ ေရႊဆုိင္အမည္အသံုးျပဳ၍ အမ်ိဳးသမီးတစ္ဦးက အထည္ဆိုင္မွ ဘတ္ေငြႏွစ္ေသာင္း လိမ္လည္ယူေဆာင္မႈျဖစ္ပြား

တာခ်ီလိတ္တြင္ ေရႊဆုိင္အမည္အသံုးျပဳ၍ အမ်ိဳးသမီးတစ္ဦးက အထည္ဆိုင္မွ ဘတ္ေငြႏွစ္ေသာင္း လိမ္လည္ယူေဆာင္မႈျဖစ္ပြား
ဇွန် 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္းရွိ ကခ်င္ရြာမွ အထည္ဆိုင္ တစ္ဆုိင္တြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၈)ရက္ေန႔ နံနက္ပိုင္းက အမ်ိဳးသမီးတစ္ဦး ေရာက္လာၿပီး ရွင္းမန္ေရႊဆိုင္မွ ပစၥည္းမွာသည္ဟု ဆိုကာ ဘတ္ႏွစ္ေသာင္း လိမ္လည္ရယူသြားသျဖင့္ အမႈဖြင့္ တုိင္ၾကားရန္ စီစဥ္ေနေၾကာင္း သိရသည္။

“သူက ရွင္းမန္ေရႊဆိုင္ရဲ႕ သူေဌးမက မွာတယ္ဆိုၿပီး ပစၥည္းဘတ္ႏွွစ္သိန္းဖိုး လာမွာတယ္။ မနက္ပိုင္း ကၽြန္မတို႔ဆုိင္ကိုလာၿပီး ဖုန္းနံပါတ္ေတြေတာင္းၿပီး သူ႔သူေဌးမဆီ ဖုန္းလွမ္းဆက္ၿပီး ကၽြန္မတို႔ဆီ ပစၥည္းမွာတယ္။ ေန႔လယ္ပိုင္း (၁၀)နာရီေလာက္မွာက်ေတာ့ အဲဒီမနက္ကလာတဲ့ အမ်ိဳးသမီးပဲ လာၿပီးေတာ့ သူေဌးမဆီက ဖုန္းလာတယ္ဆိုၿပီး ကၽြန္မတုိ႔ကို ေျပာတယ္။ ဖုန္းထဲမွာ အဲဒီအမ်ိဳးသမီးက သူေတာင္ေပၚမွာမုိ႔လို႔ အခုေတာင္ေအာက္ ဆင္းလာေနၿပီ။ ပစၥည္းလာပို႔လို႔ရၿပီလို႔ ေျပာပါတယ္။ သူက  ရွင္းမန္ေရႊဆုိင္ကို ပစၥည္းပို႔ခုိင္းလုိ႔ ကၽြန္မတို႔ကသြားေတာ့ သူကလမ္းမွာ လမ္းႀကံဳရင္ မနက္ကလာမွာတဲ့ သူ႔ညီမဆီကို အေဆြေတာ္ေဆးရံုမွာ လမ္းႀကံဳဝင္ၿပီး ပိုက္ဆံ ဘတ္ႏွစ္ေသာင္း ေပးခဲ့ပါလား။ သူ႔အေဖ ေဆးရံုတင္ေနရလို႔ ဆိုၿပီးေတာ့ ေျပာလာေတာ့ ကၽြန္မတို႔ကလည္း အာခါ အခ်င္းခ်င္းဆိုေတာ့ ယံုၿပီး ေပးခဲ့တာေပါ့။ ေရႊဆုိင္ေရာက္ေတာ့ ေရႊဆုိင္ကသူတို႔လည္းမွာ မထားဘူး။ သူတို႔လည္း ဘာမွမသိဘူးေျပာမွ လိမ္သြားမွန္း သိရတယ္။ ဖုန္းနံပါတ္ေတြကိုဆက္ေတာ့လည္း ျမန္မာဖုန္းေရာ၊ ယိုးဒယားဖုန္းေရာ ဆက္လို႔ မရေတာ့ဘူး။ အေဆြေတာ္က စီစီတီဗီမွာေတာ့ ပိုက္ဆံလက္ခံတဲ့ပံု ရထားပါတယ္”ဟု အထည္ဆုိင္ရွင္ အမ်ိဳးသမီးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ဆိုင္မွ ပစၥည္းလာမွာသည့္ အမ်ိဳးသမီးႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕ထံ အမႈဖြင့္တုိင္ၾကားရန္ ျပင္ဆင္ေနဆဲျဖစ္ေၾကာင္း အမည္မေဖၚလိုသည့္ အထည္ဆုိင္ရွင္အမ်ိဳးသမီးက ဆိုသည္။

“ဟုတ္တယ္ ဒီေန႔မနက္မွာ အမ်ိဳးသမီးႏွစ္ေယာက္ ေရာက္လာၿပီး အာခါလြယ္အိတ္ေတြ ကၽြန္မတို႔က မွာလို႔ဆိုၿပီး လာပို႔တယ္။ ကၽြန္မတုိ႔ကလည္း မွာမထားဘူး။ အရင္ကလည္း ဒီလိုပဲ ခဏခဏျဖစ္ဖူးတယ္။ တစ္ႏွစ္မွာဆို ေလးငါးခါေလာက္ ဆုိင္နာမည္သံုးၿပီး လိမ္ေနတာ ႀကံဳရတယ္။ တစ္ေခါက္ကေတာ့ ကၽြန္မတို႔ပါလုိက္ၿပီး အဲဒီအမ်ိဳးသမီးကို သြားဖမ္းၾကၿပီး ရဲကိုတိုင္တာ။ အခ်ဳပ္မွာ သံုးရက္ေလာက္ေနၿပီး ျပန္လြတ္လာတယ္လို႔ သိရတယ္။ ဘာလို႔လဲေတာ့ မသိဘူး”ဟု ရွင္းမန္ေရႊဆိုင္မွ တာဝန္ခံအမ်ိဳးသမီးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မွ ေစ်းဆုိင္မ်ားတြင္ အမ်ိဳးသမီးတစ္ဦးက ရွင္းမန္ေရႊဆုိင္အမည္ျဖင့္ ေငြေၾကးလိမ္လည္မႈမ်ား မၾကာခဏလုပ္ေလ့ရိွသျဖင့္ တုိင္ၾကားသူမ်ားလည္း ရိွခဲ့ဖူးေၾကာင္း ရွင္းမန္ေရႊဆုိင္မွ တာဝန္ခံ အမ်ိဳးသမီးထံမွ သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ကချင်ရွာမှ အထည်ဆိုင် တစ်ဆိုင်တွင် ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ရောက်လာပြီး ရှင်းမန်ရွှေဆိုင်မှ ပစ္စည်းမှာသည်ဟု ဆိုကာ ဘတ်နှစ်သောင်း လိမ်လည်ရယူသွားသဖြင့် အမှုဖွင့် တိုင်ကြားရန် စီစဉ်နေကြောင်း သိရသည်။

“သူက ရှင်းမန်ရွှေဆိုင်ရဲ့ သူဌေးမက မှာတယ်ဆိုပြီး ပစ္စည်းဘတ်နှစ်သိန်းဖိုး လာမှာတယ်။ မနက်ပိုင်း ကျွန်မတို့ဆိုင်ကိုလာပြီး ဖုန်းနံပါတ်တွေတောင်းပြီး သူ့သူဌေးမဆီ ဖုန်းလှမ်းဆက်ပြီး ကျွန်မတို့ဆီ ပစ္စည်းမှာတယ်။ နေ့လယ်ပိုင်း (၁၀)နာရီလောက်မှာကျတော့ အဲဒီမနက်ကလာတဲ့ အမျိုးသမီးပဲ လာပြီးတော့ သူဌေးမဆီက ဖုန်းလာတယ်ဆိုပြီး ကျွန်မတို့ကို ပြောတယ်။ ဖုန်းထဲမှာ အဲဒီအမျိုးသမီးက သူတောင်ပေါ်မှာမို့လို့ အခုတောင်အောက် ဆင်းလာနပြေီ။ ပစ္စည်းလာပို့လို့ရပြီလို့ ပြောပါတယ်။ သူက ရှင်းမန်ရွှေဆိုင်ကို ပစ္စည်းပို့ခိုင်းလို့ ကျွန်မတို့ကသွားတော့ သူကလမ်းမှာ လမ်းကြုံရင် မနက်ကလာမှာတဲ့ သူ့ညီမဆီကို အဆွေတော်ဆေးရုံမှာ လမ်းကြုံဝင်ပြီး ပိုက်ဆံ ဘတ်နှစ်သောင်း ပေးခဲ့ပါလား။ သူ့အဖေ ဆေးရုံတင်နေရလို့ ဆိုပြီးတော့ ပြောလာတော့ ကျွန်မတို့ကလည်း အာခါ အချင်းချင်းဆိုတော့ ယုံပြီး ပေးခဲ့တာပေါ့။ ရွှေဆိုင်ရောက်တော့ ရွှေဆိုင်ကသူတို့လည်းမှာ မထားဘူး။ သူတို့လည်း ဘာမှမသိဘူးပြောမှ လိမ်သွားမှန်း သိရတယ်။ ဖုန်းနံပါတ်တွေကိုဆက်တော့လည်း မြန်မာဖုန်းရော၊ ယိုးဒယားဖုန်းရော ဆက်လို့ မရတော့ဘူး။ အဆွေတော်က စီစီတီဗီမှာတော့ ပိုက်ဆံလက်ခံတဲ့ပုံ ရထားပါတယ်”ဟု အထည်ဆိုင်ရှင် အမျိုးသမီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ဆိုင်မှ ပစ္စည်းလာမှာသည့် အမျိုးသမီးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း အမည်မဖော်လိုသည့် အထည်ဆိုင်ရှင်အမျိုးသမီးက ဆိုသည်။

“ဟုတ်တယ် ဒီနေ့မနက်မှာ အမျိုးသမီးနှစ်ယောက် ရောက်လာပြီး အာခါလွယ်အိတ်တွေ ကျွန်မတို့က မှာလို့ဆိုပြီး လာပို့တယ်။ ကျွန်မတို့ကလည်း မှာမထားဘူး။ အရင်ကလည်း ဒီလိုပဲ ခဏခဏဖြစ်ဖူးတယ်။ တစ်နှစ်မှာဆို လေးငါးခါလောက် ဆိုင်နာမည်သုံးပြီး လိမ်နေတာ ကြုံရတယ်။ တစ်ခေါက်ကတော့ ကျွန်မတို့ပါလိုက်ပြီး အဲဒီအမျိုးသမီးကို သွားဖမ်းကြပြီး ရဲကိုတိုင်တာ။ အချုပ်မှာ သုံးရက်လောက်နပြေီး ပြန်လွတ်လာတယ်လို့ သိရတယ်။ ဘာလို့လဲတော့ မသိဘူး”ဟု ရှင်းမန်ရွှေဆိုင်မှ တာဝန်ခံအမျိုးသမီးက ပြောသည်။

တာချီလိတ်မြို့မှ ဈေးဆိုင်များတွင် အမျိုးသမီးတစ်ဦးက ရှင်းမန်ရွှေဆိုင်အမည်ဖြင့် ငွေကြေးလိမ်လည်မှုများ မကြာခဏလုပ်လေ့ရှိသဖြင့် တိုင်ကြားသူများလည်း ရှိခဲ့ဖူးကြောင်း ရှင်းမန်ရွှေဆိုင်မှ တာဝန်ခံ အမျိုးသမီးထံမှ သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~