ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔၏ ညႊန္ၾကားခ်က္ျဖင့္ ေဒသတြင္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ စိစစ္မႈမ်ား ဇြန္လ ၁၁ ရက္တြင္ စတင္လိုက္ၿပီး ဖမ္းဆီးအေရးယူႏုိင္ေရးစီမံခ်က္ကို ျပည္နယ္အစိုးရထံ တင္ျပမည္

ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔၏ ညႊန္ၾကားခ်က္ျဖင့္ ေဒသတြင္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ စိစစ္မႈမ်ား ဇြန္လ ၁၁ ရက္တြင္ စတင္လိုက္ၿပီး ဖမ္းဆီးအေရးယူႏုိင္ေရးစီမံခ်က္ကို ျပည္နယ္အစိုးရထံ တင္ျပမည္
ဇွန် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားအား ဖမ္းဆီးေရးႏွင့္ ပတ္သက္၍ ျပည္နယ္အစိုးရအဖြဲ႔မွ ညႊန္ၾကားထားျခင္း မရွိေသးေသာ္လည္း လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးေရး အတြက္ ကနဦး စိစစ္မႈမ်ားကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၁)ရက္ေန႔ ေန႔လယ္မွစ၍ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕၏ ညႊန္ၾကားခ်က္ျဖင့္ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ စတင္ လုပ္ေဆာင္ခဲ့ၿပီး ထိထိေရာက္ေရာက္ ဖမ္းဆီး အေရးယူႏုိင္ရန္ စီမံခ်က္ကို ရွမ္းျပည္နယ္ရဲမွဴးႀကီးက ျပည္နယ္အစိုးရအဖြဲ႔ထံ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ေမလအတြင္းက က်င္းပသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ကတ္ဘိနက္အစည္းအေဝးတြင္ ျပည္နယ္လံုၿခံဳေရးနွင့္ နယ္စပ္ေရးရာဝန္ႀကီး၏ တင္ျပထားမႈအေပၚ ျပည္နယ္ရဲမွဴးႀကီး အေနျဖင့္ စီမံခ်က္ ေရးဆြဲတင္ျပရန္ ကတ္ဘိနက္ အစည္းအေဝးက ဆံုးျဖတ္ခဲ့ျခင္းျဖစ္ၿပီး လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားအား ဖမ္းဆီး အေရးယူရန္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၁)ရက္ေန႔အထိ ျပည္နယ္အစိုးရက ညႊန္ၾကားထားျခင္း မရိွေသးေၾကာင္း သိရသည္။

“လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ေတြကိစၥကို ေမလကက်င္းပတဲ့ ကတ္ဘိနက္အစည္းအေဝးမွာ နယ္လံုဝန္ႀကီးက တင္ျပေတာ့ ကတ္ဘိနက္အစည္းအေဝး ဆံုးျဖတ္ခ်က္ကေတာ့ ျပည္နယ္ရဲမွဴးႀကီးက စီမံခ်က္ေရးဆြဲ တင္ျပပါဆိုတာ မွတ္ခ်က္ျပဳထားတာပါ။ ဘယ္လို လုပ္ေဆာင္မယ္ ဆိုတာေတာ့ ျပည္နယ္အစိုးရအဖြဲ႕ အေနနဲ႔ အေသးစိတ္ညႊန္ၾကားထားတာေတြေတာ့ မထြက္ေသးပါဘူး။ ျပည္နယ္ရဲမွဴးႀကီးက စီမံခ်က္ ေရးဆြဲတင္ျပရမယ့္ အဆင့္ပဲ ရိွပါေသးတယ္”ဟု ရွမ္းျပည္နယ္အစုိးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ (၁၁)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ေျပာၾကားသည္။

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ၿမိဳ႕အဝင္အထြက္မ်ားတြင္ စိစစ္ျခင္းအား တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ အခ်ိဳ႕တြင္လည္း ေဆာင္ရြက္ေနၾကၿပီး ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမိဳ႕ အပါအဝင္ ရွမး္ျပည္္နယ္ အတြင္းရိွ ၿမိဳ႕အခ်ိဳ႕၏ ၿမိဳ႕အဝင္အထြက္ ေနရာမ်ားတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၁)ရက္ေန႔ ေန႔လယ္ပိုင္းက စတင္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔မနက္က လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္နဲ႔ပတ္သက္လို႔ စိစစ္အသိေပး၊ ပညာေပးမႈေလာက္ လုပ္တာပါ။ ဖမ္းဆီးတာ မလုပ္ေသးပါဘူး”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ဇြန္လ (၁၁)ရက္ေန႔ ညေနပိုင္းတြင္ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားအား ရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းတပ္ဖြဲ႕၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ၿမိဳ႕အဝင္အထြက္ေနရာမ်ားတြင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ရာ လားရိႈးၿမိဳ႕တြင္  လိုင္စင္မဲ့ယာဥ္(၄)စီးကို ဖမ္းဆီးခဲ့ကာ တာခ်ီလိတ္ၿမိဳ႕တြင္ ဖမ္းဆီးျခင္းမရိွခဲ့ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - KLS


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးရေးနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားခြင်း မရှိသေးသော်လည်း လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရေး အတွက် ကနဦး စိစစ်မှုများကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ နေ့လယ်မှစ၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်ဖြင့် မြို့ကြီးအချို့တွင် စတင် လုပ်ဆောင်ခဲ့ပြီး ထိထိရောက်ရောက် ဖမ်းဆီး အရေးယူနိုင်ရန် စီမံချက်ကို ရှမ်းပြည်နယ်ရဲမှူးကြီးက ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလအတွင်းက ကျင်းပသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကတ်ဘိနက်အစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ တင်ပြထားမှုအပေါ် ပြည်နယ်ရဲမှူးကြီး အနဖြေင့် စီမံချက် ရေးဆွဲတင်ပြရန် ကတ်ဘိနက်အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီး အရေးယူရန် ၂၀၁၈ ခုနှစ် ဇွန်လ (၁၁)ရက်နေ့အထိ ပြည်နယ်အစိုးရက ညွှန်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။

“လိုင်စင်မဲ့မော်တော်ယာဉ်တွေကိစ္စကို မေလကကျင်းပတဲ့ ကတ်ဘိနက်အစည်းအဝေးမှာ နယ်လုံဝန်ကြီးက တင်ပြတော့ ကတ်ဘိနက်အစည်းအဝေး ဆုံးဖြတ်ချက်ကတော့ ပြည်နယ်ရဲမှူးကြီးက စီမံချက်ရေးဆွဲ တင်ပြပါဆိုတာ မှတ်ချက်ပြုထားတာပါ။ ဘယ်လို လုပ်ဆောင်မယ် ဆိုတာတော့ ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ အသေးစိတ်ညွှန်ကြားထားတာတွေတော့ မထွက်သေးပါဘူး။ ပြည်နယ်ရဲမှူးကြီးက စီမံချက် ရေးဆွဲတင်ပြရမယ့် အဆင့်ပဲ ရှိပါသေးတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁၁)ရက်နေ့ နေ့လယ်ပိုင်းတွင် ပြောကြားသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များ မြို့အဝင်အထွက်များတွင် စိစစ်ခြင်းအား တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင်လည်း ဆောင်ရွက်နကြပြေီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အပါအဝင် ရှမး်ပြည်နယ် အတွင်းရှိ မြို့အချို့၏ မြို့အဝင်အထွက် နေရာများတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၁)ရက်နေ့ နေ့လယ်ပိုင်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့မနက်က လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ပတ်သက်လို့ စိစစ်အသိပေး၊ ပညာပေးမှုလောက် လုပ်တာပါ။ ဖမ်းဆီးတာ မလုပ်သေးပါဘူး”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ဇွန်လ (၁၁)ရက်နေ့ ညနေပိုင်းတွင် ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များအား ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် မြို့အဝင်အထွက်နေရာများတွင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ လားရှိုးမြို့တွင် လိုင်စင်မဲ့ယာဉ်(၄)စီးကို ဖမ်းဆီးခဲ့ကာ တာချီလိတ်မြို့တွင် ဖမ်းဆီးခြင်းမရှိခဲ့ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - KLS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~