တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုႀကီးတြင္ ေသြးလွဴရွင္ (၂၇၄)ဦးအား ကမာၻ႔ေသြးလွဴရွင္မ်ားေန႔ အထိမ္းအမွတ္အခမ္းအနားျဖင့္ ဂုဏ္ျပဳခ်ီးျမႇင့္

တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုႀကီးတြင္ ေသြးလွဴရွင္ (၂၇၄)ဦးအား ကမာၻ႔ေသြးလွဴရွင္မ်ားေန႔ အထိမ္းအမွတ္အခမ္းအနားျဖင့္ ဂုဏ္ျပဳခ်ီးျမႇင့္
ဇွန် 14, 2018
By Tachileik News Agency

ကမၻာ့ေသြးလွဴရွင္မ်ားေန႔ အထိမ္းအမွတ္ အျဖစ္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုႀကီးတြင္ ေသြးလွဴရွင္ (၂၇၄) ဦးအား ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ျခင္း၊ လက္ေဆာင္ ပစၥည္းမ်ား ေပးအပ္ျခင္းႏွင့္ ဘီပိုးကာကြယ္ေဆးထိုးေပးျခင္း အခမ္းအနားကို ၂၀၁၈ ခုနွစ္ ဇြန္လ (၁၄)ရက္ေန႔တြင္ က်င္းပသည္။

တာခ်ီလိတ္ခ႐ိုင္ ျပည္သူ႔ေဆးရံုႀကီးတြင္ ေသြးလွဴဒါန္းမႈ (၅)ႀကိမ္မွ (၅)ႀကိမ္အထက္ လွဴဒါန္းခဲ့သူမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ခ်ီးျမႇင့္ျခင္းျဖစ္ၿပီး (၇၆)ႀကိမ္အထိ ေသြးလွဴဒါန္းထားသည့္ ေဂၚရခါးလူမႈကူညီေရး အသင္းမွ ဦးေအာင္မင္းက ေသြးလွဴသည့္ အႀကိမ္ေရအတြက္ အမ်ားဆံုးျဖစ္ေၾကာင္း ႏွင့္  ေသြးလွဴမည့္ သူမ်ားအား ရွာေဖြေပးသူမ်ား ႏွင့္ ယခုအခမ္းအနား အတြက္ ကူညီပံ့ပိုးၾကသည့္ ေစတနာရွင္ လုပ္ငန္းရွင္မ်ားကိုလည္း ဂုဏ္ျပဳမွတ္တမ္းလႊာ ႏွင့္ အမွတ္တရမ်ား ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

ဓာတ္ခြဲခန္းတြင္ ေသြးလွဴရွင္စာရင္းေပးသြင္းထားေသာ္လည္း ယေန႔ ဂုဏ္ျပဳမွတ္တမ္းလႊာခ်ီးျမႇင့္သည့္ အခမ္းအနားသို႔ မတက္ေရာက္ႏုိင္သူ (၃၀)ေက်ာ္အေနျဖင့္ ဓာတ္ခြဲခန္းသို႔ ဂုဏ္ျပဳမွတ္တမ္း လာေရာက္ထုတ္ယူႏုိင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရုံႀကီးတြင္ (၅) ႀကိမ္ႏွင့္အထက္ ေသြးလွဴဒါန္းထားသူမ်ားကုိ ဘီပိုးကာကြယ္ေဆးထိုးႏွံေပးေနရာ ဇြန္လ (၁၅)ရက္ေန႔ ေနာက္ဆံုးထား လာေရာက္ ထိုးႏွံႏိုင္ေၾကာင္း သိရသည္။

ကမၻာ့ေသြးလွဴရွင္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ ယေန႔တြင္ ခရိုင္ျပည္သူ႔ေဆးရံုႀကီး၌ ေသြးလွဴဒါန္းသူ ဦးေရ စုစုေပါင္း (၃၀)ဝန္းက်င္ရိွေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊  တာခ်ီလိတ္ခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ကုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုမွ ေဆးရုံအုပ္ႀကီး ေဒါက္တာေရႊ၀င္းႏွင့္ က်န္းမာေရး၀န္ထမ္းမ်ား၊ တာခ်ီလိတ္ၿမိဳ႕ရွိ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ေသြးအလွဴရွင္မ်ား ႏွင့္ ဖိတ္ၾကားထားသူမ်ား၊ မီဒီယာမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရသည္။

အခမ္းအနားျဖစ္ေျမာက္ေရးအတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ ေဆးဆိုင္မ်ားအသင္း၊ Dr. Sai Clinic ၊ သမားေတာ္ေဆးခန္း၊ ေကာင္းျမတ္ေဆးဆိုင္၊ ဦးျမင့္ဦး(မုတ္ဆိတ္)၊ ေဒၚခ်ဳိခ်ဳိျမင့္၊ေဒၚနီလာေအး၊ ျမသဟာ အေထြေထြေရာဂါအထူးကုေဆးရုံႏွင့္ အေဆြေတာ္ (၂၄)နာရီအထူးကုေဆးခန္း၊ စံပယ္လႈိင္ စသည့္ အသင္းအဖြဲ႔ႏွင့္ လုပ္ငန္းရွင္မ်ားက ပံ့ပိုးကူညီခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~


ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူရှင် (၂၇၄) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ လက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်းနှင့် ဘီပိုးကာကွယ်ဆေးထိုးပေးခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၄)ရက်နေ့တွင် ကျင်းပသည်။

တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းမှု (၅)ကြိမ်မှ (၅)ကြိမ်အထက် လှူဒါန်းခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်းဖြစ်ပြီး (၇၆)ကြိမ်အထိ သွေးလှူဒါန်းထားသည့် ဂေါ်ရခါးလူမှုကူညီရေး အသင်းမှ ဦးအောင်မင်းက သွေးလှူသည့် အကြိမ်ရေအတွက် အများဆုံးဖြစ်ကြောင်း နှင့် သွေးလှူမည့် သူများအား ရှာဖွေပေးသူများ နှင့် ယခုအခမ်းအနား အတွက် ကူညီပံ့ပိုးကြသည့် စေတနာရှင် လုပ်ငန်းရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် အမှတ်တရများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ဓာတ်ခွဲခန်းတွင် သွေးလှူရှင်စာရင်းပေးသွင်းထားသော်လည်း ယနေ့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်သည့် အခမ်းအနားသို့ မတက်ရောက်နိုင်သူ (၃၀)ကျော်အနဖြေင့် ဓာတ်ခွဲခန်းသို့ ဂုဏ်ပြုမှတ်တမ်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် (၅) ကြိမ်နှင့်အထက် သွေးလှူဒါန်းထားသူများကို ဘီပိုးကာကွယ်ဆေးထိုးနှံပေးနေရာ ဇွန်လ (၁၅)ရက်နေ့ နောက်ဆုံးထား လာရောက် ထိုးနှံနိုင်ကြောင်း သိရသည်။

ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် ယနေ့တွင် ခရိုင်ပြည်သူ့ဆေးရုံကြီး၌ သွေးလှူဒါန်းသူ ဦးရေ စုစုပေါင်း (၃၀)ဝန်းကျင်ရှိကြောင်း သိရသည်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် တာချီလိတ်မြို့နယ် ဆေးဆိုင်များအသင်း၊ Dr. Sai Clinic၊ သမားတော်ဆေးခန်း၊ ကောင်းမြတ်ဆေးဆိုင်၊ ဦးမြင့်ဦး(မုတ်ဆိတ်)၊ ဒေါ်ချိုချိုမြင့်၊ဒေါ်နီလာအေး၊ မြသဟာ အထွေထွေရောဂါအထူးကုဆေးရုံနှင့် အဆွေတော် (၂၄)နာရီအထူးကုဆေးခန်း၊ စံပယ်လှိုင် စသည့် အသင်းအဖွဲ့နှင့် လုပ်ငန်းရှင်များက ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~