တာချီလိတ်တွင် မိုးခဏလေးရွာသော်လည်း အထက-ခွဲ(ပုန်းထွန်)အတွင်း ရေ၀င်

တာချီလိတ်တွင် မိုးခဏလေးရွာသော်လည်း အထက-ခွဲ(ပုန်းထွန်)အတွင်း ရေ၀င်
ဇွန် 6, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း မိုးခဏလေးရွာသည်နှင့် ရေများတက်လာသည်ကို တွေ့ရပြီး ကျောင်းဆင်းချိန်ဖြစ်၍ ကလေးများ ရေဆော့နေသည်ကိုလည်း တွေ့ရသည်။

အဆိုပါ ကျောင်းတွင် ပြီးခဲ့သည့် ရက်များက စုပေါင်းသန့်ရှင်းရေး အဖြစ် မြောင်းအတွင်း အမှိုက်များ ဆယ်ယူ ရှင်းလင်းခဲ့ကြသည့် အတွက် ရေများမှာ မိုးတိတ်သည်နှင့် အလျင်အမြန် ကျသွားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ၂၀၁၈ခုနှစ် ဇွန်လ(၆)ရက်နေ့ ညနေ(၃းဝ၉)နာရီအချိန်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~