ေသြးလြန္တုပ္ေကြးေရာဂါ ကာကြယ္ေရးတြင္ ျခင္ေဆးမႈတ္ျခင္းကို အမွန္တကယ္ လိုအပ္မွသာ သံုးစြဲရန္ ညႊန္ၾကားထား

ေသြးလြန္တုပ္ေကြးေရာဂါ ကာကြယ္ေရးတြင္ ျခင္ေဆးမႈတ္ျခင္းကို အမွန္တကယ္ လိုအပ္မွသာ သံုးစြဲရန္ ညႊန္ၾကားထား
ဇွန် 7, 2018
By Tachileik News Agency

ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ေရးအတြက္ ေဆးမႈတ္ျခင္းလုပ္ငန္းမ်ားကို ျခင္မ်ားေဆးယဥ္ပါးမႈ မျဖစ္ေစရန္အတြက္ အမွန္တကယ္လိုအပ္သည့္ အခ်ိန္မွသာ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“ေဆးမႈတ္တာနဲ႔ ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ရဲ႕ ဝန္ထမ္းေတြကို တိတိက်က် ညႊန္ၾကားထားပါတယ္။ အဓိက ကေတာ့ ေသြးလြန္တုပ္ေကြးေရာဂါနဲ႔ ပတ္သက္ၿပီး လူနာထြက္တယ္ဆိုေတာ့မွ လူနာအိမ္ရဲ႕ ကိုက္ (၁၀၀) ပတ္ခ်ာလည္ကို ေဆးမႈတ္စက္ (၂)လုံး (၃)လုံးနဲ႔ မႈတ္ဖို႔ အဆင့္ဆင့္ ညႊန္ၾကားထားၿပီးသားပါ။ ဘာလို႔လဲ ဆိုေတာ့ ေဆးမႈတ္တယ္ဆိုတာက ေရာဂါျဖစ္ပြားမွပဲ မႈတ္လို႔ရတယ္။ ေရာဂါျဖစ္ပြားလုိ႕ မႈတ္ရင္ေတာင္ ေတာ္ေတာ္ေလးကို သတိထားရပါတယ္။ အရင္ႏွစ္ေတြက ကၽြန္ေတာ္တို႔မွာက မျငင္းႏိုင္တဲ့ အေနအထားေတြရိွခဲ့တယ္။ ဒီအိမ္မွာ လာမႈတ္ေပးပါအုံး။ ဟုိအိမ္မွာ လာမႈတ္ေပးပါအုံးဆိုၿပီး လာေခၚတဲ့ အေနအထားရိွတယ္။ အဲဒီလိုအေနအထားမွာက ကၽြန္ေတာ္တို႔က ေဆးကို ေလွ်ာ့ထည့္တယ္။ ဒီလိုမွမဟုတ္ရင္ ေဆးကို ယဥ္ပါးသြားမွာစိိုုးရတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာေတာ့ ကၽြန္ေတာ့္ဝန္ထမ္းေတြကို ေဆးမႈတ္တာနဲ႔ ပတ္သက္ၿပီး အတည္ျပဳလူနာေတြ႕မွာသာ မႈတ္ဖို႕ ညႊန္ၾကားထားပါတယ္”ဟု Vector Borne Disease Control Unit Eastern Shan State မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာ ဘစိုးသက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လူမႈေရးအဖြဲ႕အစည္းမ်ားက ျခင္ေဆးမႈတ္သည့္ စက္ပစၥည္းမ်ားကို ဝယ္ယူကာ ျခင္ေျပးေစရန္ ေျမာင္းမ်ား၊ ျခံမ်ားတြင္ ျခင္ေဆးမႈတ္မႈမ်ား လုပ္ေဆာင္ေနျခင္းသည္ ျခင္မ်ားေဆးယဥ္ပါးမႈ ျဖစ္ႏုိင္သည့္အျပင္ ျခင္ေဆးမႈတ္သည့္ နည္းစနစ္ မွားယြင္းပါက ေရာဂါသယ္ေဆာင္သည့္ျခင္မ်ားအား အျခားေနရာသို႔ ေျပာင္းေရႊ႕ေစသျဖင့္ ေရာဂါပ်ံ႕ပြားမႈ ပိုျဖစ္ေစေၾကာင္း သိရသည္။

“ျပည္သူလူထုေတြဆီမွာက ျခင္ေဆးမႈတ္တာနဲ႔ ပတ္သက္ၿပီး အသိလြဲမွားေနတာေတြလည္း ရိွတယ္။ ေဆးမႈတ္တာက အလြန္ဆုံးခံရင္ (၄၅)မိနစ္ပဲ။ ၿပီးရင္ ေဆးမႈန္ေလးေတြက ေျမႀကီးေပၚက်သြားၿပီဆိုရင္ ဘာအာနိသင္မွ မရိွေတာ့ဘူး။ အဲဒီေတာ့ တခ်ိဳ႕ေတြက ဒါကို သူတို႔အေနနဲ႕ ကာကြယ္လိုက္ၿပီလို႔ ခံယူၿပီးေတာ့ ကၽြန္ေတာ္တို႔က ဒါကို False Security (လံုၿခံဳၿပီလို႔ လြဲမွားစြာ ယံုမွတ္ျခင္း) လို႔ေခၚတယ္။ ငါတို႕အိမ္ကေတာ့ ေဆးမႈတ္ၿပီးသြားၿပီ။ ေသြးလြန္တုပ္ေကြး မျဖစ္ေတာ့ဘူးဆိုတဲ့ စိတ္ဝင္သြားတယ္။ ဒီစိတ္ေၾကာင့္ ေပါ့ေပါ့ဆဆ ေနလိုက္ေတာ့ ေရာဂါပိုဆိုးသြားတဲ့ အေနအထားေတြရိွတယ္။ ေဆးမႈတ္ထားေပမဲ့လည္း ဖုံး၊သြန္၊လဲ၊စစ္ဆိုတဲ့ လုပ္ငန္းကိုေတာ့ ျပည္သူတိုင္းက ေဆာင္ရြက္ရမယ့္ ကိစၥျဖစ္ပါတယ္”ဟု Vector Borne Disease Control Unit Eastern Shan State ဟု လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာဘစိုးသက္က ေျပာသည္။

ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြား၍ ျခင္ေဆးဖ်န္းရန္ လိုအပ္ပါက က်န္းမာေရးဦးစီးဌာနအေနျဖင့္ ျခင္ေဆးဖ်န္းေပးရန္ စက္ႏွင့္ ေဆးပစၥည္းမ်ား ျဖည့္တင္းေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း - #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဆေးမှုတ်ခြင်းလုပ်ငန်းများကို ခြင်များဆေးယဉ်ပါးမှု မဖြစ်စေရန်အတွက် အမှန်တကယ်လိုအပ်သည့် အချိန်မှသာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ဆေးမှုတ်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို တိတိကျကျ ညွှန်ကြားထားပါတယ်။ အဓိက ကတော့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး လူနာထွက်တယ်ဆိုတော့မှ လူနာအိမ်ရဲ့ ကိုက် (၁၀၀) ပတ်ချာလည်ကို ဆေးမှုတ်စက် (၂)လုံး (၃)လုံးနဲ့ မှုတ်ဖို့ အဆင့်ဆင့် ညွှန်ကြားထားပြီးသားပါ။ ဘာလို့လဲ ဆိုတော့ ဆေးမှုတ်တယ်ဆိုတာက ရောဂါဖြစ်ပွားမှပဲ မှုတ်လို့ရတယ်။ ရောဂါဖြစ်ပွားလို့ မှုတ်ရင်တောင် တော်တော်လေးကို သတိထားရပါတယ်။ အရင်နှစ်တွေက ကျွန်တော်တို့မှာက မငြင်းနိုင်တဲ့ အနေအထားတွေရှိခဲ့တယ်။ ဒီအိမ်မှာ လာမှုတ်ပေးပါအုံး။ ဟိုအိမ်မှာ လာမှုတ်ပေးပါအုံးဆိုပြီး လာခေါ်တဲ့ အနေအထားရှိတယ်။ အဲဒီလိုအနေအထားမှာက ကျွန်တော်တို့က ဆေးကို လျှော့ထည့်တယ်။ ဒီလိုမှမဟုတ်ရင် ဆေးကို ယဉ်ပါးသွားမှာစိုးရတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ကျွန်တော့်ဝန်ထမ်းတွေကို ဆေးမှုတ်တာနဲ့ ပတ်သက်ပြီး အတည်ပြုလူနာတွေ့မှာသာ မှုတ်ဖို့ ညွှန်ကြားထားပါတယ်”ဟု Vector Borne Disease Control Unit Eastern Shan State မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူမှုရေးအဖွဲ့အစည်းများက ခြင်ဆေးမှုတ်သည့် စက်ပစ္စည်းများကို ဝယ်ယူကာ ခြင်ပြေးစေရန် မြောင်းများ၊ ခြံများတွင် ခြင်ဆေးမှုတ်မှုများ လုပ်ဆောင်နခြေင်းသည် ခြင်များဆေးယဉ်ပါးမှု ဖြစ်နိုင်သည့်အပြင် ခြင်ဆေးမှုတ်သည့် နည်းစနစ် မှားယွင်းပါက ရောဂါသယ်ဆောင်သည့်ခြင်များအား အခြားနေရာသို့ ပြောင်းရွှေ့စေသဖြင့် ရောဂါပျံ့ပွားမှု ပိုဖြစ်စေကြောင်း သိရသည်။

“ပြည်သူလူထုတွေဆီမှာက ခြင်ဆေးမှုတ်တာနဲ့ ပတ်သက်ပြီး အသိလွဲမှားနေတာတွေလည်း ရှိတယ်။ ဆေးမှုတ်တာက အလွန်ဆုံးခံရင် (၄၅)မိနစ်ပဲ။ ပြီးရင် ဆေးမှုန်လေးတွေက မြကြေီးပေါ်ကျသွားပြီဆိုရင် ဘာအာနိသင်မှ မရှိတော့ဘူး။ အဲဒီတော့ တချို့တွေက ဒါကို သူတို့အနေနဲ့ ကာကွယ်လိုက်ပြီလို့ ခံယူပြီးတော့ ကျွန်တော်တို့က ဒါကို False Security (လုံခြုံပြီလို့ လွဲမှားစွာ ယုံမှတ်ခြင်း) လို့ခေါ်တယ်။ ငါတို့အိမ်ကတော့ ဆေးမှုတ်ပြီးသွားပြီ။ သွေးလွန်တုပ်ကွေး မဖြစ်တော့ဘူးဆိုတဲ့ စိတ်ဝင်သွားတယ်။ ဒီစိတ်ကြောင့် ပေါ့ပေါ့ဆဆ နေလိုက်တော့ ရောဂါပိုဆိုးသွားတဲ့ အနေအထားတွေရှိတယ်။ ဆေးမှုတ်ထားပေမဲ့လည်း ဖုံး၊သွန်၊လဲ၊စစ်ဆိုတဲ့ လုပ်ငန်းကိုတော့ ပြည်သူတိုင်းက ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်”ဟု Vector Borne Disease Control Unit Eastern Shan State ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား၍ ခြင်ဆေးဖျန်းရန် လိုအပ်ပါက ကျန်းမာရေးဦးစီးဌာနအနဖြေင့် ခြင်ဆေးဖျန်းပေးရန် စက်နှင့် ဆေးပစ္စည်းများ ဖြည့်တင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း - #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~