သီေပါၿမိဳ႕နယ္ နမ့္လန္ေဒသ၏ ေရေဘးသင့္ပ်က္စီးမႈမ်ားကို ျပည္နယ္အစုိးရအဖြဲ႔ ကြင္းဆင္းစစ္ေဆးကာ ျပန္လည္ထူေထာင္ေရးအတြက္ က်ပ္သိန္း(၁၀၀)ပံ့ပိုး

သီေပါၿမိဳ႕နယ္ နမ့္လန္ေဒသ၏ ေရေဘးသင့္ပ်က္စီးမႈမ်ားကို ျပည္နယ္အစုိးရအဖြဲ႔ ကြင္းဆင္းစစ္ေဆးကာ ျပန္လည္ထူေထာင္ေရးအတြက္ က်ပ္သိန္း(၁၀၀)ပံ့ပိုး
ဇွန် 15, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္၊ နမ့္လန္ေဒသ၏ ေရေဘးသင့္ပ်က္စီးမႈ အေျခအေနကို ျပည္နယ္အစိုးရက ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၄)ရက္ေန႔က ကြင္းဆင္းစစ္ေဆးၿပီး ေရေဘးသင့္ေဒသ ျပန္လည္ထူေထာင္ေရးအတြက္ က်ပ္သိန္း(၁၀၀)ပံ့ပိုးေပးခဲ့ေၾကာင္း သိရသည္။

“နမ့္လန္မွာ ကယ္ဆယ္ေရးေကာ္မတီကို ရပ္မိရပ္ဖေတြနဲ႔ ဌာနဆိုင္ရာေတြ ပူးေပါင္းၿပီး ဖြဲ႕စည္းထားတာ ရိွတယ္။ တျခားလူေတြကေရာ လွဴထားတာေတြက သိန္းတစ္ေထာင္ေက်ာ္ေလာက္ ရိွတယ္။ အစားအေသာက္၊ အသံုးအေဆာင္ေတြလည္း လွဴထားတယ္။ ေငြသားအေနနဲ႔က မေန႔ကအထိ သိန္းေပါင္း (၆၀၀)ေလာက္ ရိွတယ္။ ဒီေန႔က ျပည္နယ္အစိုးရက က်ပ္သိန္း (၁၀၀)လွဴတယ္။ တစ္ျခား အလွဴရွင္ေတြ လွဴတာလည္း ရိွပါတယ္။ ေရတုိက္စားမႈျဖစ္ပြားေတာ့ လမ္းေတြ၊ စာသင္ေက်ာင္းေတြရဲ႕ အုတ္တံတုိင္းေတြ ပ်က္စီးသြားတယ္။ မုိးကုန္မွ လမ္းေတြပံုမွန္အတုိင္း ျပန္လည္တည္ေဆာက္ေပးရမွာေပါ့”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နမ့္လန္ေက်းရြာတြင္ မိုးဆက္တုိက္ရြာသြန္းၿပီးေနာက္ ဇြန္လ(၈)ရက္ေန႔က ေတာင္က်ေခ်ာင္းေရ ထိုးခ်လာသျဖင့္ အိမ္ေထာင္စု (၁၂၁၄)မွာ ေရေဘးသင့္ခဲ့ၿပီး (၂၁)ႏွစ္တာကာလအတြင္း အဆိုးရြားဆံုး ေရလႊမ္းမိုးမႈ ျဖစ္ခဲ့ရာ ရပ္မိရပ္ဖမ်ား၊ ဌာနဆုိင္ရာမ်ား ပါဝင္သည့္ သဘာဝေဘး ျပန္လည္ကယ္ဆယ္ေရး ေကာ္မတီကို ဖြဲ႕စည္းလုပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေရလႊမ္းမိုးမႈေၾကာင့္ သာမန္ထိခို္က္မႈမွလြဲ၍ ထိခုိက္ဒဏ္ရာရမႈ၊ ေသဆံုးသူမရိွဘဲ ေရတြင္း၊ေရကန္မ်ားတြင္ ေဆးခတ္္ျခင္းအပါအဝင္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကိုလည္း က်န္းမာေရးဌာနက အခ်ိန္ႏွင့္တေျပးညီ ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

“ကြ်န္ေတာ္တုိ႔ ဌာနကေတာ့ သဘာဝေဘး ျဖစ္ၿပီးတဲ့ေနာက္ ဘာေတြျဖစ္လာႏုိင္မလဲ။ ႏုန္းႏွစ္ေတြပါလာေတာ့ လူတြမွာ အေရျပားေရာဂါေတြျဖစ္မလား။ အေအးမိမလား။ ဒါေတြျဖစ္လာရင္ ကုသဖုိ႔ ျပင္ဆင္ထားတယ္။ အဓိက က ေရတြင္းေရကန္ေတြပ်က္စီးသြားတာဆိုေတာ့ ေရတြင္းေရကန္ေတြမွာ ေဆးခတ္ေပးတယ္။ ေသြးလြန္တုပ္ေကြးအတြက္ အဘိတ္ေဆး ခပ္ေနတာေတြ လုပ္ေနေတာ့ ေရလႊမ္းမိုးတဲ့ ေနရာေတြက ေရတြင္း၊ ေရကန္စာရင္းေကာက္ၿပီးေတာ့ ေရလႊမ္းမိုးလာရင္ ေသာက္ေရသန္႔ ရေအာင္ ဘယ္လိုလုပ္ေဆာင္လုိ႔ရမလဲဆိုတာ စီစဥ္ပါတယ္”ဟု ေရလႊမ္းေဒသအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈအစီအစဥ္မ်ား ေဆာင္ရြက္ေပးေနသည့္ သီေပါျပည္သူ႔ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းက ဆိုသည္။

ေရလႊမ္းမိုးမႈေၾကာင့္ အေျခခံပညာေက်ာင္းအုတ္တံတိုင္းမ်ား၊ လမ္းမ်ားပ်က္စီးသြားရာ လက္ရိွတြင္ လမ္းမ်ားျပန္လည္ အသံုးျပဳႏုိင္ေရးအတြက္ ျပည္နယ္အစိုးရက အေရးေပၚျပင္ဆင္မႈမ်ား ေဆာင္ရြက္ေပးရန္ စီစဥ္ေနၿပီး မိုးရာသီကုန္ဆံုးခ်ိန္တြင္ လမ္းမ်ား ျပန္လည္တည္ေဆာက္ေရး လုပ္ေဆာင္ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေရေဘးသင့္ခဲ့ရသည့္ နမ့္လန္ေက်းရြာသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံစိုင္း၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ေဒါက္တာညီညီေအာင္တို႔က ကြင္းဆင္းစစ္ေဆးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - Dr.MH


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ နမ့်လန်ဒေသ၏ ရေဘေးသင့်ပျက်စီးမှု အခြေအနေကို ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ် ဇွန်လ (၁၄)ရက်နေ့က ကွင်းဆင်းစစ်ဆေးပြီး ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း(၁၀၀)ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

“နမ့်လန်မှာ ကယ်ဆယ်ရေးကော်မတီကို ရပ်မိရပ်ဖတွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဖွဲ့စည်းထားတာ ရှိတယ်။ တခြားလူတွေကရော လှူထားတာတွေက သိန်းတစ်ထောင်ကျော်လောက် ရှိတယ်။ အစားအသောက်၊ အသုံးအဆောင်တွေလည်း လှူထားတယ်။ ငွေသားအနေနဲ့က မနေ့ကအထိ သိန်းပေါင်း (၆၀၀)လောက် ရှိတယ်။ ဒီနေ့က ပြည်နယ်အစိုးရက ကျပ်သိန်း (၁၀၀)လှူတယ်။ တစ်ခြား အလှူရှင်တွေ လှူတာလည်း ရှိပါတယ်။ ရေတိုက်စားမှုဖြစ်ပွားတော့ လမ်းတွေ၊ စာသင်ကျောင်းတွေရဲ့ အုတ်တံတိုင်းတွေ ပျက်စီးသွားတယ်။ မိုးကုန်မှ လမ်းတွေပုံမှန်အတိုင်း ပြန်လည်တည်ဆောက်ပေးရမှာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နမ့်လန်ကျေးရွာတွင် မိုးဆက်တိုက်ရွာသွန်းပြီးနောက် ဇွန်လ(၈)ရက်နေ့က တောင်ကျချောင်းရေ ထိုးချလာသဖြင့် အိမ်ထောင်စု (၁၂၁၄)မှာ ရေဘေးသင့်ခဲ့ပြီး (၂၁)နှစ်တာကာလအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဖြစ်ခဲ့ရာ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ ပါဝင်သည့် သဘာဝဘေး ပြန်လည်ကယ်ဆယ်ရေး ကော်မတီကို ဖွဲ့စည်းလုပ်ကိုင်နခြေင်းဖြစ်ကြောင်း သိရသည်။

ရေလွှမ်းမိုးမှုကြောင့် သာမန်ထိခို်က်မှုမှလွဲ၍ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးသူမရှိဘဲ ရေတွင်း၊ရေကန်များတွင် ဆေးခတ်ခြင်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ကျန်းမာရေးဌာနက အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ ဌာနကတော့ သဘာဝဘေး ဖြစ်ပြီးတဲ့နောက် ဘာတွဖြေစ်လာနိုင်မလဲ။ နုန်းနှစ်တွေပါလာတော့ လူတွမှာ အရပြေားရောဂါတွဖြေစ်မလား။ အအေးမိမလား။ ဒါတွဖြေစ်လာရင် ကုသဖို့ ပြင်ဆင်ထားတယ်။ အဓိက က ရေတွင်းရေကန်တွေပျက်စီးသွားတာဆိုတော့ ရေတွင်းရေကန်တွေမှာ ဆေးခတ်ပေးတယ်။ သွေးလွန်တုပ်ကွေးအတွက် အဘိတ်ဆေး ခပ်နေတာတွေ လုပ်နေတော့ ရေလွှမ်းမိုးတဲ့ နေရာတွေက ရေတွင်း၊ ရေကန်စာရင်းကောက်ပြီးတော့ ရေလွှမ်းမိုးလာရင် သောက်ရေသန့် ရအောင် ဘယ်လိုလုပ်ဆောင်လို့ရမလဲဆိုတာ စီစဉ်ပါတယ်”ဟု ရေလွှမ်းဒေသအတွက် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များ ဆောင်ရွက်ပေးနေသည့် သီပေါပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ဆိုသည်။

ရေလွှမ်းမိုးမှုကြောင့် အခြေခံပညာကျောင်းအုတ်တံတိုင်းများ၊ လမ်းများပျက်စီးသွားရာ လက်ရှိတွင် လမ်းများပြန်လည် အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရက အရေးပေါ်ပြင်ဆင်မှုများ ဆောင်ရွက်ပေးရန် စီစဉ်နပြေီး မိုးရာသီကုန်ဆုံးချိန်တွင် လမ်းများ ပြန်လည်တည်ဆောက်ရေး လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်ခဲ့ရသည့် နမ့်လန်ကျေးရွာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံစိုင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒေါက်တာညီညီအောင်တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - Dr.MH

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~