က်ုိင္းတံုတြင္ က်ဳိင္းတံုခရိုင္အေသးစား စားေသာက္ကုန္ထုတ္လုပ္မႈ လုပ္ငန္းရွင္မ်ား အသင္း ဖြဲ႕စည္း

က်ုိင္းတံုတြင္ က်ဳိင္းတံုခရိုင္အေသးစား စားေသာက္ကုန္ထုတ္လုပ္မႈ လုပ္ငန္းရွင္မ်ား အသင္း ဖြဲ႕စည္း
ဇွန် 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံခရိုင္ အေသးစား စားေသာက္ကုန္ ထုတ္လုပ္မႈ လုပ္ငန္းရွင္မ်ား အသင္း ကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ(၂၁)ရက္ေန႔တြင္ ဖြဲ႕စည္းလိုက္ၿပီး ေတာင္ႀကီးၿမိဳ႕တြင္ ဇြန္လ (၂၉)ရက္ေန႔၌ က်င္းပမည့္ အေသးစား စားေသာက္ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားျပပြဲႏွင့္ ၿပိဳင္ပြဲတြင္ ေဒသတြင္း စားေသာက္ကုန္မ်ား ပါဝင္ျပသႏုိင္ရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အသင္းအား စုစုေပါင္း အသင္းဝင္(၆၉)ဦးျဖင့္ က်ိဳင္းတုံၿမိဳ႕ရိွ စားသုံးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရုံးတြင္ ဖြဲ႕စည္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"အသင္းကို ဒီေန႔မွာ ယာယီဖြဲ႕စည္းထားၿပီးေတာ့ ေနာက္ပိုင္းမွာ တရား၀င္ျဖစ္ဖို႔ အသင္းအဖြဲ႕ မွတ္ပုံတင္တာေတြ ဆက္လုပ္သြားမွာျဖစ္ပါတယ္။ ၿပီးရင္ အသင္း၀င္ေတြကို အသင္း၀င္ကတ္ ထုတ္ေပးၿပီးေတာ့ ဒီကတ္ေတြနဲ႔ ပိုက္ဆံေခ်းတာေတြ ဘာေတြလုပ္လို႔ ရေသးတယ္။ ဒါ့အျပင္ အသင္းကို UNFCCI အထိ အသင္း၀င္ တျဖည္းျဖည္း ျဖစ္သြားရင္ ေခတ္မီတဲ့ ထုပ္ပိုးပုံေတြ၊ သင္တန္းလာေပးတာေတြ၊ စက္ပစၥည္းေထာက္ပ့ံတာေတြ ဒါမ်ိဳးအက်ိဳးေတြ ရလာမွာျဖစ္ပါတယ္"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူေရးရာ ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အသင္းတြင္ ဥကၠဌ အျဖစ္ ဦးစိုင္းတစ္ရွဲန္၊ အတြင္းေရးမွဴးအျဖစ္ ဦးစိုင္း၀န္းရွဲန္ႏွင့္ ဘ႑ာေရးမွဴး အျဖစ္ ဦးေအာင္ေထြးတို႔က တာ၀န္ယူကာ အလုပ္အမႈေဆာင္ (၁၄)ဦး အပါအဝင္ စုစုေပါင္း အသင္းဝင္ေပါင္း (၆၉)ဦးျဖင့္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"လက္ရိွ က်ိဳင္းတုံမွာက ဒိန္ခ်ဥ္ဘူးေတြအပါအ၀င္ ေပါင္မုန္႔၊ ကိတ္မုန္႔ေတြကိုပါ ေဒသတြင္းက အေသးစား စားေသာက္ကုန္ လုပ္ငန္းရွင္ေတြက ထုတ္လုပ္ ေရာင္းခ်ႏိုင္ေနၿပီျဖစ္တဲ့ အတြက္ ေနာက္ပိုင္းမွာ ဒီအသင္းက တရား၀င္ဖြဲ႕စည္းၿပီး UNFCCI ရဲ႕ အသင္းပါ ျဖစ္လာမယ္ဆိုရင္ ေဒသတြင္းက အေသးစား စားေသာက္ကုန္လုပ္ငန္းေတြက ပိုၿပီးေတာ့ တိုးတက္လာႏိုင္မွာျဖစ္သလို ဒီအသင္းပိုမို ခိုင္မာလာေအာင္ ကၽြန္ေတာ္တို႔ ဌာနက ကူညီသြားမွာပါ"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးက ေျပာသည္။

က်ိဳင္းတုံၿမိဳ႕တြင္ ေဒသတြင္း အေသးစား စားေသာက္ကုန္ထုတ္လုပ္ငန္းမ်ားက မုန္႔တီ၊ ဂ်ဳံေခါက္ဆြဲ၊ ငံျပာရည္၊ ကိတ္မုန္႔၊ ဒိန္ခ်ဥ္၊ အေၾကာ္မုန္႔မ်ိဳးစုံ၊ ၀က္ေခါက္၊ ဟင္းခတ္အေမႊးအႀကိဳင္ႏွင့္ ေဖ်ာ္ရည္တို႔ကို ထုတ္လုပ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - စားသံုးသူေရးရာဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် အသေးစား စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းရှင်များ အသင်း ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး တောင်ကြီးမြို့တွင် ဇွန်လ (၂၉)ရက်နေ့၌ ကျင်းပမည့် အသေးစား စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများပြပွဲနှင့် ပြိုင်ပွဲတွင် ဒေသတွင်း စားသောက်ကုန်များ ပါဝင်ပြသနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသင်းအား စုစုပေါင်း အသင်းဝင်(၆၉)ဦးဖြင့် ကျိုင်းတုံမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"အသင်းကို ဒီနေ့မှာ ယာယီဖွဲ့စည်းထားပြီးတော့ နောက်ပိုင်းမှာ တရားဝင်ဖြစ်ဖို့ အသင်းအဖွဲ့ မှတ်ပုံတင်တာတွေ ဆက်လုပ်သွားမှာဖြစ်ပါတယ်။ ပြီးရင် အသင်းဝင်တွေကို အသင်းဝင်ကတ် ထုတ်ပေးပြီးတော့ ဒီကတ်တွေနဲ့ ပိုက်ဆံချေးတာတွေ ဘာတွေလုပ်လို့ ရသေးတယ်။ ဒါ့အပြင် အသင်းကို UNFCCI အထိ အသင်းဝင် တဖြည်းဖြည်း ဖြစ်သွားရင် ခေတ်မီတဲ့ ထုပ်ပိုးပုံတွေ၊ သင်တန်းလာပေးတာတွေ၊ စက်ပစ္စည်းထောက်ပံ့တာတွေ ဒါမျိုးအကျိုးတွေ ရလာမှာဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အသင်းတွင် ဥက္ကဌ အဖြစ် ဦးစိုင်းတစ်ရှဲန်၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းဝန်းရှဲန်နှင့် ဘဏ္ဍာရေးမှူး အဖြစ် ဦးအောင်ထွေးတို့က တာဝန်ယူကာ အလုပ်အမှုဆောင် (၁၄)ဦး အပါအဝင် စုစုပေါင်း အသင်းဝင်ပေါင်း (၆၉)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လက်ရှိ ကျိုင်းတုံမှာက ဒိန်ချဉ်ဘူးတွေအပါအဝင် ပေါင်မုန့်၊ ကိတ်မုန့်တွေကိုပါ ဒေသတွင်းက အသေးစား စားသောက်ကုန် လုပ်ငန်းရှင်တွေက ထုတ်လုပ် ရောင်းချနိုင်နပြေီဖြစ်တဲ့ အတွက် နောက်ပိုင်းမှာ ဒီအသင်းက တရားဝင်ဖွဲ့စည်းပြီး UNFCCI ရဲ့ အသင်းပါ ဖြစ်လာမယ်ဆိုရင် ဒေသတွင်းက အသေးစား စားသောက်ကုန်လုပ်ငန်းတွေက ပိုပြီးတော့ တိုးတက်လာနိုင်မှာဖြစ်သလို ဒီအသင်းပိုမို ခိုင်မာလာအောင် ကျွန်တော်တို့ ဌာနက ကူညီသွားမှာပါ"ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။

ကျိုင်းတုံမြို့တွင် ဒေသတွင်း အသေးစား စားသောက်ကုန်ထုတ်လုပ်ငန်းများက မုန့်တီ၊ ဂျုံခေါက်ဆွဲ၊ ငံပြာရည်၊ ကိတ်မုန့်၊ ဒိန်ချဉ်၊ အကြော်မုန့်မျိုးစုံ၊ ဝက်ခေါက်၊ ဟင်းခတ်အမွှေးအကြိုင်နှင့် ဖျော်ရည်တို့ကို ထုတ်လုပ်နခြေင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~