တရုတ္ႏိုင္ငံက ၀ယ္ယူမည့္ ျမန္မာ့ဖရဲသီးမ်ား၏ အနိမ့္ဆံုးအေလးခ်ိန္ကို ေျပာင္းလဲသတ္မွတ္လိုက္သည့္အတြက္ ဖရဲကုန္သည္မ်ား အခက္ေတြ႔ေန

တရုတ္ႏိုင္ငံက ၀ယ္ယူမည့္ ျမန္မာ့ဖရဲသီးမ်ား၏ အနိမ့္ဆံုးအေလးခ်ိန္ကို ေျပာင္းလဲသတ္မွတ္လိုက္သည့္အတြက္ ဖရဲကုန္သည္မ်ား အခက္ေတြ႔ေန
ဇွန် 3, 2018
By Tachileik News Agency
ျမန္မာႏုိင္ငံမွတင္သြင္းေနသည့္ ဖရဲသီးမ်ားအား တရုတ္ႏိုင္ငံက  အနိမ့္ဆံုးလက္ခံမည့္ အေလးခ်ိန္ကို ၂၀၁၈ ခုႏွစ္ ဧၿပီလမွစ၍ ေျပာင္းလဲ သတ္မွတ္ထားသျဖင့္  ဖရဲတင္သြင္းရန္ အဆင္သင့္ျဖစ္ေနသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)က ဖရဲစိုက္ေတာင္သူမ်ားမွာ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

"သႀကၤန္ၿပီးေနာက္ပိုင္းမွာ ဖရဲတစ္လံုးကို (၁၅) ကီလိုဂရမ္( ဆယ္ပိႆဝန္းက်င္)ရွိမွ ဝယ္မယ္ဆိုၿပီး သတ္မွတ္ လိုက္တယ္။ ဖရဲေတြက တစ္လံုးမွ ပံုမွန္ဆိုရင္ (၆)ပိႆ၊ (၇) ပိႆေလာက္ပဲရွိေတာ့ တင္လို႔ မရဘူး။ တင္သြားလည္း မေရာင္းရဘူး။ ေဒသတြင္းမွာ ျပန္ေရာင္းရတာလည္း တစ္လံုးမွ (၅၀၀) က်ပ္ေလာက္ေတာင္ မရဘူး။ ဒီႏွစ္က ေစ်းကြက္ လံုးဝပ်က္တယ္”ဟု လားရိႈးၿမိဳ႕မွ  ဖရဲစိုက္ပ်ိဳးေရး လုပ္ကိုင္သူ ဦးအုိက္မတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ယခုႏွစ္ ဖရဲသီးစတင္ တင္ပို႔ခဲ့သည့္ ေဖေဖၚဝါရီလမွ ဧၿပီလ ေစ်းကြက္မွာ ဖရဲတစ္တန္လ်ွင္ တရုတ္ေငြ ယြမ္ (၁၀၀၀)မွ (၂,၅၀၀) အထိ ေစ်းရခဲ့ေသာ္လည္း ဒုတိယအႀကိမ္ ဖရဲသီးတင္ပို႔ရာသီတြင္ တရုတ္ဘက္မွ အနိမ့္ဆံုး အေလးခ်ိန္ ေျပာင္းလဲသတ္မွတ္လိုက္ၿပီးေနာက္ ဖရဲေစ်းႏႈန္းမွာ တစ္တန္လွ်င္ ယြမ္ (၅၀၀) မွ (၁,၀၀၀) အၾကားထိ က်ဆင္းသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဖရဲက ေျပာင္းသီးႏွံလိုမ်ိဳး ေလွာင္ထားလို႔ မရဘူးေလ။ မွည့္တာနဲ႔ ရိတ္သိမ္း(ခူး)ရတယ္။ အခ်ိန္က်လို႔ ခူးထားၿပီးမွ ျပန္ေရာင္းမယ့္ အခ်ိန္က်ေတာ့ ေစ်းႏႈန္းလည္းေျပာင္း၊ အေလးခ်ိန္ကလည္း သတ္မွတ္ခံရတဲ့ အတြက္ တရုတ္ဘက္ကို တင္ပို႔လို႔ မရေတာ့ဘူး။ တင္တဲ့သူလည္း ကားခေတာင္ျပန္မရဘူး။ ေဒသတြင္းမွာပဲ ျပန္ေရာင္းထြက္ေအာင္ ႀကိဳးစားေနရတယ္” ဟု ရွမ္း/ေျမာက္ ေက်ာက္မဲၿမိဳ႕နယ္ ဗူးခါးေက်းရြာအနီးမွ ဖရဲစိုက္ေတာင္သူတစ္ဦးက ေျပာသည္။

ေစ်းႏႈန္းက်ဆင္းသြားသည့္အတြက္ မူဆယ္သို႔ ဖရဲသီးတင္ပို႔မႈမွာလည္း သႀကၤန္ကာလမတုိင္မီကထက္ (၈၀) ရာခိုင္ႏႈန္းခန္႔အထိ ေလ်ာ့က်သြားခဲ့ေၾကာင္း သိရသည္။

“ေစ်းႏႈန္းက က်သြားတယ္ေလ။ တစ္တန္ကို ယြမ္ (၅၀၀) နဲ႔ (၁,၀၀၀) ၾကားမွာပဲရွိတယ္။ ဖရဲကားေတြ ဝင္တာလည္း ေလ်ာ့က်သြားတယ္။ တစ္ရက္မွ (၁၀) စီးေလာက္ေတာင္ မဝင္ေတာ့ဘူး။ ေတာင္သူေတြ အခက္ေတြ႔တဲ့ ကာလ ျဖစ္ေနတာေတာ့အမွန္ပဲ” ဟု ျမန္မာ - တရုတ္ နယ္စပ္ မူဆယ္ၿမိဳ႕ရွိ ခြာညိဳ သစ္သီးပြဲရံုမွ ဦးစိုင္းခင္ေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈး၊ တန္႔ယန္းႏွင့္ ေက်ာက္မဲၿမိဳ႕နယ္မ်ားမွ ဖရဲစိုက္ပ်ိဳးသူမ်ားသည္ လက္ရိွတြင္ ေဒသတြင္း ေစ်းကြက္ႏွင့္ မႏၱေလးတင္ပို႔ရန္ ႀကိဳးစားေနရေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံမှတင်သွင်းနေသည့် ဖရဲသီးများအား တရုတ်နိုင်ငံက အနိမ့်ဆုံးလက်ခံမည့် အလေးချိန်ကို ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ ပြောင်းလဲ သတ်မှတ်ထားသဖြင့် ဖရဲတင်သွင်းရန် အဆင်သင့်ဖြစ်နေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဖရဲစိုက်တောင်သူများမှာ အခက်အခဲဖြစ်နေကြောင်း သိရသည်။

"သင်္ကြန်ပြီးနောက်ပိုင်းမှာ ဖရဲတစ်လုံးကို (၁၅) ကီလိုဂရမ်( ဆယ်ပိဿဝန်းကျင်)ရှိမှ ဝယ်မယ်ဆိုပြီး သတ်မှတ် လိုက်တယ်။ ဖရဲတွေက တစ်လုံးမှ ပုံမှန်ဆိုရင် (၆)ပိဿ၊ (၇) ပိဿလောက်ပဲရှိတော့ တင်လို့ မရဘူး။ တင်သွားလည်း မရောင်းရဘူး။ ဒေသတွင်းမှာ ပြန်ရောင်းရတာလည်း တစ်လုံးမှ (၅၀၀) ကျပ်လောက်တောင် မရဘူး။ ဒီနှစ်က ဈေးကွက် လုံးဝပျက်တယ်”ဟု လားရှိုးမြို့မှ  ဖရဲစိုက်ပျိုးရေး လုပ်ကိုင်သူ ဦးအိုက်မတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုနှစ် ဖရဲသီးစတင် တင်ပို့ခဲ့သည့် ဖေဖော်ဝါရီလမှ ဧပြီလ ဈေးကွက်မှာ ဖရဲတစ်တန်လျှင် တရုတ်ငွေ ယွမ် (၁ဝဝဝ)မှ (၂,၅၀၀) အထိ ဈေးရခဲ့သော်လည်း ဒုတိယအကြိမ် ဖရဲသီးတင်ပို့ရာသီတွင် တရုတ်ဘက်မှ အနိမ့်ဆုံး အလေးချိန် ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ဖရဲဈေးနှုန်းမှာ တစ်တန်လျှင် ယွမ် (၅၀၀) မှ (၁,ဝဝဝ) အကြားထိ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖရဲက ပြောင်းသီးနှံလိုမျိုး လှောင်ထားလို့ မရဘူးလေ။ မှည့်တာနဲ့ ရိတ်သိမ်း(ခူး)ရတယ်။ အချိန်ကျလို့ ခူးထားပြီးမှ ပြန်ရောင်းမယ့် အချိန်ကျတော့ ဈေးနှုန်းလည်းပြောင်း၊ အလေးချိန်ကလည်း သတ်မှတ်ခံရတဲ့ အတွက် တရုတ်ဘက်ကို တင်ပို့လို့ မရတော့ဘူး။ တင်တဲ့သူလည်း ကားခတောင်ပြန်မရဘူး။ ဒေသတွင်းမှာပဲ ပြန်ရောင်းထွက်အောင် ကြိုးစားနေရတယ်” ဟု ရှမ်း/မြောက် ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီးမှ ဖရဲစိုက်တောင်သူတစ်ဦးက ပြောသည်။

ဈေးနှုန်းကျဆင်းသွားသည့်အတွက် မူဆယ်သို့ ဖရဲသီးတင်ပို့မှုမှာလည်း သင်္ကြန်ကာလမတိုင်မီကထက် (၈၀) ရာခိုင်နှုန်းခန့်အထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။

“ဈေးနှုန်းက ကျသွားတယ်လေ။ တစ်တန်ကို ယွမ် (၅၀၀) နဲ့ (၁,ဝဝဝ) ကြားမှာပဲရှိတယ်။ ဖရဲကားတွေ ဝင်တာလည်း လျော့ကျသွားတယ်။ တစ်ရက်မှ (၁၀) စီးလောက်တောင် မဝင်တော့ဘူး။ တောင်သူတွေ အခက်တွေ့တဲ့ ကာလ ဖြစ်နေတာတော့အမှန်ပဲ” ဟု မြန်မာ - တရုတ် နယ်စပ် မူဆယ်မြို့ရှိ ခွာညို သစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ တန့်ယန်းနှင့် ကျောက်မဲမြို့နယ်များမှ ဖရဲစိုက်ပျိုးသူများသည် လက်ရှိတွင် ဒေသတွင်း ဈေးကွက်နှင့် မန္တလေးတင်ပို့ရန် ကြိုးစားနေရကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~