တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုး၌ ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းထားသည့္ ဆုိင္ကယ္ (၇၂)စီးကို ဇြန္လ(၂၄)ရက္ေန႔တြင္ ေလလံတင္ ေရာင္းခ်မည္

တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုး၌ ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းထားသည့္ ဆုိင္ကယ္ (၇၂)စီးကို ဇြန္လ(၂၄)ရက္ေန႔တြင္ ေလလံတင္ ေရာင္းခ်မည္
ဇွန် 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုးတြင္  ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းရန္ အမိန္႔ခ်ထားၿပီး ျဖစ္သည့္ ဆိုင္ကယ္အစီးေရ(၇၂)စီးအား ၿမိဳ႕နယ္တရားရံုးဝန္း၌ ၂၀၁၈ ခုနွစ္ ဇြန္လ (၂၄)ရက္ေန႔ နံနက္ (၁၀)နာရီတြင္ ေလလံတင္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေလလံေလွ်ာက္လႊာမ်ားအား  ၿမိဳ႕နယ္တရားရံုးတြင္ ဇြန္လ(၂၀)ရက္ေန႔ ညေန(၄)နာရီေနာက္ဆံုးထား၍ ေလွ်ာက္လႊာတစ္ေစာင္လွ်င္ က်ပ္ငါးေထာင္ႏႈန္းျဖင့္ ဝယ္ယူႏုိင္ၿပီး  ဇြန္လ (၂၁)ရက္ေန႔ ေနာက္ဆံုးထား တင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

ေလလံတင္ေရာင္းခ်ေပးမည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား မ်က္ျမင္အေျခအေနအရ အိတ္ဖြင့္ ေလလံ စနစ္ျဖင့္သာ ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး ဆိုင္ကယ္မ်ား တရားဝင္ မွတ္ပံုတင္(ယာဥ္လိုင္စင္)ရရွိေရး ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ေလလံဆြဲ၀ယ္သူမွ မိမိအစီအစဥ္ျဖင့္ သက္ဆိုင္ရာ ကုန္းလမ္းပို႔ေဆာင္ေရး၊ ညႊန္ၾကားေရးမွဴးဦးစီးဌာနျဖင့္ ဆက္သြယ္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္မ်ားအား ေလလံတင္ ေရာင္းခ်ေပးရာတြင္ ဆိုင္ကယ္(၆)စီး အတြဲေပါင္း စုစုေပါင္း (၁၂)တြဲ ေလလံတင္ေပးမည္ျဖစ္ၿပီး ေလလံဆြဲ၀ယ္ယူလိုသူမ်ား အေနျဖင့္ အေသးစိတ္သိရိွလိုပါက တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုး၏ ဖုန္း ၀၈၄ ၅၁၄၈၅ သို႔ ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တရားရုံးတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချထားပြီး ဖြစ်သည့် ဆိုင်ကယ်အစီးရေ(၇၂)စီးအား မြို့နယ်တရားရုံးဝန်း၌ ၂၀၁၈ ခုနှစ် ဇွန်လ (၂၄)ရက်နေ့ နံနက် (၁၀)နာရီတွင် လေလံတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လေလံလျှောက်လွှာများအား မြို့နယ်တရားရုံးတွင် ဇွန်လ(၂၀)ရက်နေ့ ညနေ(၄)နာရီနောက်ဆုံးထား၍ လျှောက်လွှာတစ်စောင်လျှင် ကျပ်ငါးထောင်နှုန်းဖြင့် ဝယ်ယူနိုင်ပြီး ဇွန်လ (၂၁)ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

လေလံတင်ရောင်းချပေးမည့် မော်တော်ဆိုင်ကယ်များအား မျက်မြင်အခြေအနေအရ အိတ်ဖွင့် လေလံ စနစ်ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ပြီး ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင်(ယာဉ်လိုင်စင်)ရရှိရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လေလံဆွဲဝယ်သူမှ မိမိအစီအစဉ်ဖြင့် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး၊ ညွှန်ကြားရေးမှူးဦးစီးဌာနဖြင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်များအား လေလံတင် ရောင်းချပေးရာတွင် ဆိုင်ကယ်(၆)စီး အတွဲပေါင်း စုစုပေါင်း (၁၂)တွဲ လေလံတင်ပေးမည်ဖြစ်ပြီး လေလံဆွဲဝယ်ယူလိုသူများ အနဖြေင့် အသေးစိတ်သိရှိလိုပါက တာချီလိတ်မြို့နယ်တရားရုံး၏ ဖုန်း ဝ၈၄ ၅၁၄၈၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~