တာခ်ီလိတ္ၿမိဳ႕ အထက(ခြဲ)ပုန္းထြန္ ေက်ာင္းအတြင္း စုေပါင္း သန္႔ရွင္းေရး ျပဳလုပ္

တာခ်ီလိတ္ၿမိဳ႕ အထက(ခြဲ)ပုန္းထြန္ ေက်ာင္းအတြင္း စုေပါင္း သန္႔ရွင္းေရး ျပဳလုပ္
ဇွန် 2, 2018
By Tachileik News Agency

ေက်ာင္းဖြင့္ကာလျဖစ္၍ ေက်ာင္းအတြင္း ေရေျမာင္းမ်ားရွင္းလင္းျခင္း ႏွင့္အတူ သစ္ပင္သစ္ကိုင္းမ်ား ခုတ္ထြင္ ရွင္းလင္းျခင္း အျဖစ္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အတြင္းရွိ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ)တြင္ မီးသတ္တပ္ဖြဲ႔ႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္းတို႔ စုေပါင္း ေဆာင္ရြက္ ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းအတြင္း၌ ေရစီးေရလာေကာင္းမြန္းေရး ႏွင့္ ျခင္အႏၱရာယ္မ်ား ေလ်ာ့နည္းေရးအတြက္ ေရေျမာင္းအတြင္း ရွင္းလင္းျခင္း၊ ေက်ာင္းတြင္း လမ္းသြားလမ္းလာႏွင့္ မလြတ္ကင္းသည့္ သစ္ပင္ သစ္ကိုင္းမ်ားအား ခုတ္ထြင္ရွင္းလင္းကာ စုေပါင္းသန္႔ရွင္းေရး ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔မွ တာခ်ီလိတ္ၿမိဳ႕နယ္ဦးစီးအရာရွိ ဦးေအာင္ေဇာ္လင္း ႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ ၿမိဳ႕နယ္အရန္ မီးသတ္တပ္ဖြဲ႔ရင္းမွ ဒုတပ္ရင္းမွဴး ဦးရဲနႏၵာလင္း ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ မဇၥ်ိမလူမႈကူညီေရး အသင္း ဥကၠဌ ဦးတင့္ေဆြႏွင့္ အသင္းသားမ်ား မွ ၂၀၁၈ခုႏွစ္ ဇြန္လ(၂)ရက္ေန႔ နံနက္ပိုင္းက စုေပါင္းရွင္းလင္းခဲ့ၾကသည္။

ဆက္လက္၍ ဇြန္လ(၃)ရက္ေန႔ နံနက္(၇)နာရီတြင္ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)အတြင္း စုေပါင္းသန္႔ရွင္းေရးျပဳလုပ္မည္ျဖစ္သည့္အတြက္ မည္သူမဆို ပူးေပါင္းပါ၀င္ကာ ေဆာင္ရြက္ႏိုင္မွာျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ေနမ်ဳိး ( မဇၥ်ိမ )


~~~~~~~~⊰❂ unicode ~~~~~~~~

ကျောင်းဖွင့်ကာလဖြစ်၍ ကျောင်းအတွင်း ရေမြောင်းများရှင်းလင်းခြင်း နှင့်အတူ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း အဖြစ် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် မီးသတ်တပ်ဖွဲ့နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ စုပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းအတွင်း၌ ရေစီးရေလာကောင်းမွန်းရေး နှင့် ခြင်အန္တရာယ်များ လျော့နည်းရေးအတွက် ရေမြောင်းအတွင်း ရှင်းလင်းခြင်း၊ ကျောင်းတွင်း လမ်းသွားလမ်းလာနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းကာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာချီလိတ်မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်လင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒါလင်း နှင့် တပ်ဖွဲ့ဝင်များ၊ မဇ္ဈိမလူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင့်ဆွေနှင့် အသင်းသားများ မှ ၂၀၁၈ခုနှစ် ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းက စုပေါင်းရှင်းလင်းခဲ့ကြသည်။

ဆက်လက်၍ ဇွန်လ(၃)ရက်နေ့ နံနက်(၇)နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်မည်ဖြစ်သည့်အတွက် မည်သူမဆို ပူးပေါင်းပါဝင်ကာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - နေမျိုး ( မဇ္ဈိမ )

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~