ေက်ာက္မဲၿမိဳ႕ နႏၵမာလာပန္းၿခံအား မူလအမည္ ဗိုလ္ခ်ဳပ္ပန္းၿခံသို႔ ေျပာင္းလဲၿပီး ျပဳျပင္မြမ္းမံမည္

ေက်ာက္မဲၿမိဳ႕ နႏၵမာလာပန္းၿခံအား မူလအမည္ ဗိုလ္ခ်ဳပ္ပန္းၿခံသို႔ ေျပာင္းလဲၿပီး ျပဳျပင္မြမ္းမံမည္
ဇွန် 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕အဝင္မုခ္ဦးအနီးရွိ နႏၵမာလာပန္းၿခံအား ယခင္က အသံုးျပဳခဲ့သည့္ အမည္ျဖစ္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းၿခံအမည္ကို ျပန္လည္ေျပာင္းလဲၿပီး ပန္းၿခံျပဳျပင္တည္ေဆာက္ေရး လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌထံမွ သိရွိရသည္။

“ပန္းၿခံက အရင္အစရွိတုန္းက ဗိုလ္ခ်ဳပ္ပန္းၿခံဆိုၿပီးရွိခဲ့တာ။ ေနာက္ေတာ့ နႏၵမာလာပန္းၿခံျဖစ္သြားတယ္။ အဲဒါကို ရပ္/ေက်း အုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ သေဘာတူညီခ်က္အရ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းၿခံဆိုၿပီး နာမည္ေျပာင္းဖို႔ စီစဥ္တာပါ။ ျပည္သူ႔ရင္ျပင္လည္း ထည့္သြင္း တည္ေဆာက္ဖို႔ရာ လုပ္ေဆာင္ေနပါတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပန္းၿခံတြင္းရိွ ဗိုလ္ခ်ဳပ္ပံုတူ ေၾကးရုပ္တု၏ ကဗၼည္းေက်ာက္စာတြင္ ပန္းၿခံအမည္ကို ဗိုလ္ခ်ဳပ္ပန္းၿခံဟု သံုးစြဲထားျခင္းျဖစ္ေၾကာင္း သိရၿပီး ပန္းၿခံမွာ လက္ရွိတြင္ ယိုယြင္းေနသျဖင့္ အမ်ားျပည္သူလည္ပတ္ရန္ အဆင္မေျပျဖစ္ေနေၾကာင္း သိရသည္။

“ျပည္သူ႔ရင္ျပင္ ထည့္သြင္းမယ္ဆိုတာကေတာ့ အတိုင္းထက္အလြန္ ေကာင္းမြန္ပါတယ္။ အဲဒါအျပင္ တစ္ခုတည္းေသာ ပန္းၿခံျဖစ္တဲ့အတြက္ တစ္ျခားၿမိဳ႕ေတြမွာလို ကေလးေတြေဆာ့ကစားစရာေနရာေတြ၊ မိသားစု အပန္းေျဖစရာေနရာေလးေတြလည္း ေကာင္းေကာင္းမြန္မြန္ ရွိေစခ်င္တယ္။ အရင္ကလို တိရိစၦာန္ ရံုငယ္ေလးေတြ မရွိလာရင္ေတာင္ ကေလးသူငယ္ေတြ ေပ်ာ္ရြင္ေစမယ့္ အဆင္အယင္ေတြ ရွိေစခ်င္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕ ေဒသခံတစ္ဦးျဖစ္သည့္ မနန္းေစာေစာက ေျပာသည္။

အဆိုပါ ပန္းၿခံျပဳျပင္တည္ေဆာက္ေရးအား ရန္ပံုေငြရွာေဖြေရး အဖြဲ႕ျဖင့္ ရန္ပံုေငြရွာေဖြ ေဆာင္ရြက္မည္ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၄) ရက္ေန႔မတုိင္မီ အၿပီးသတ္ေဆာင္ရြက္သြားရန္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အဝင်မုခ်ဦးအနီးရှိ နန္ဒမာလာပန်းခြံအား ယခင်က အသုံးပြုခဲ့သည့် အမည်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအမည်ကို ပြန်လည်ပြောင်းလဲပြီး ပန်းခြံပြုပြင်တည်ဆောက်ရေး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌထံမှ သိရှိရသည်။

“ပန်းခြံက အရင်အစရှိတုန်းက ဗိုလ်ချုပ်ပန်းခြံဆိုပြီးရှိခဲ့တာ။ နောက်တော့ နန္ဒမာလာပန်းခြံဖြစ်သွားတယ်။ အဲဒါကို ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူတွေ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်အရ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံဆိုပြီး နာမည်ပြောင်းဖို့ စီစဉ်တာပါ။ ပြည်သူ့ရင်ပြင်လည်း ထည့်သွင်း တည်ဆောက်ဖို့ရာ လုပ်ဆောင်နေပါတယ်” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပန်းခြံတွင်းရှိ ဗိုလ်ချုပ်ပုံတူ ကြေးရုပ်တု၏ ကဗ္မည်းကျောက်စာတွင် ပန်းခြံအမည်ကို ဗိုလ်ချုပ်ပန်းခြံဟု သုံးစွဲထားခြင်းဖြစ်ကြောင်း သိရပြီး ပန်းခြံမှာ လက်ရှိတွင် ယိုယွင်းနေသဖြင့် အများပြည်သူလည်ပတ်ရန် အဆင်မပြဖြေစ်နေကြောင်း သိရသည်။

“ပြည်သူ့ရင်ပြင် ထည့်သွင်းမယ်ဆိုတာကတော့ အတိုင်းထက်အလွန် ကောင်းမွန်ပါတယ်။ အဲဒါအပြင် တစ်ခုတည်းသော ပန်းခြံဖြစ်တဲ့အတွက် တစ်ခြားမြို့တွေမှာလို ကလေးတွေဆော့ကစားစရာနေရာတွေ၊ မိသားစု အပန်းဖြေစရာနေရာလေးတွေလည်း ကောင်းကောင်းမွန်မွန် ရှိစေချင်တယ်။ အရင်ကလို တိရိစ္ဆာန် ရုံငယ်လေးတွေ မရှိလာရင်တောင် ကလေးသူငယ်တွေ ပျော်ရွင်စေမယ့် အဆင်အယင်တွေ ရှိစေချင်ပါတယ်” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးဖြစ်သည့် မနန်းစောစောက ပြောသည်။

အဆိုပါ ပန်းခြံပြုပြင်တည်ဆောက်ရေးအား ရန်ပုံငွေရှာဖွေရေး အဖွဲ့ဖြင့် ရန်ပုံငွေရှာဖွေ ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မတိုင်မီ အပြီးသတ်ဆောင်ရွက်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~