သစ္ေတာရံုးအတြင္း ရပ္တန္႔ထားသည့္ ၿမိဳ႕နယ္ဦးစီးမွဴး၏ ကား ေဒသႏၱရလက္လုပ္ရီမိုင္း ေပါက္ခြဲခံရမႈ ေက်ာက္မဲတြင္ ျဖစ္ပြား

သစ္ေတာရံုးအတြင္း ရပ္တန္႔ထားသည့္ ၿမိဳ႕နယ္ဦးစီးမွဴး၏ ကား ေဒသႏၱရလက္လုပ္ရီမိုင္း ေပါက္ခြဲခံရမႈ ေက်ာက္မဲတြင္ ျဖစ္ပြား
ဇွန် 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္သစ္ေတာဦးစီးဌာနရံုး၀န္းအတြင္း ရပ္တန္႔ထားသည့္ ၿမိဳ႕နယ္ဦးစီးမွဴး၏ ေမာ္ေတာ္ယာဥ္တစ္စီး ေဒသႏၱရလက္လုပ္ ရီမုမိုင္းေပါက္ကြဲမႈ ဇြန္လ(၁)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္ရွိ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနရံုး၀န္းအတြင္း ရပ္တန္႔ထားသည့္ ေမာ္ေတာ္ယာဥ္တြင္ ၂၀၁၈ခုႏွစ္ ဇြန္လ(၁)ရက္ေန႔ ည(၁၁)နာရီမထိုးမီက ေပါက္ကြဲမႈ ျဖစ္ပြားရာ အဆိုပါ ကားမွာ ၿမိဳ႕နယ္ဦးစီးမွဴးျဖစ္သူ ဦးသူရေက်ာ္ ပိုင္ဆိုင္သည့္ ကားျဖစ္ၿပီး  အင္ဂ်င္၏ ေအာက္ပိုင္းတြင္ ေပါက္ကြဲမႈ ျဖစ္သည့္အတြက္ ယာဥ္၏ အင္ဂ်င္၊ ေရတိုက္ကီ၊ ေရွ႕ဘန္မာ ႏွင့္ ရႊံ႕ကာတို႔ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေပါက္ကြဲမႈျဖစ္ပြားရာ ေနရာသို႔ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ား၊ အမွတ္(၁) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (စကခ ၁ )ႏွင့္ အမွတ္ (၉၁၂)တပ္ခြဲ(၂) BE တပ္တို႔မွသြားေရာက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ေပါက္ကြဲမႈျဖစ္ပြားသည့္ ေနရာ၌ ယမ္းနံ႔မ်ားရၿပီး၊ သံေဘာစိမ်ား ေတြ႔ရွိရသည့္ အတြက္ အဆိုပါ မိုင္းသည္ ေဒသႏၱရလက္လုပ္ ရီမုမိုင္းျဖစ္ေၾကာင္း သိရွိရသည္။

ေပါက္ကြဲမႈေၾကာင့္ အနီး၀န္းက်င္ရွိ လူမ်ားသို႔ ထိခုိက္မႈ မရွိေၾကာင္း ႏွင့္ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာမွ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်သစ်တောဦးစီးဌာနရုံးဝန်းအတွင်း ရပ်တန့်ထားသည့် မြို့နယ်ဦးစီးမှူး၏ မော်တော်ယာဉ်တစ်စီး ဒေသန္တရလက်လုပ် ရီမုမိုင်းပေါက်ကွဲမှု ဇွန်လ(၁)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

ကျောက်မဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးဝန်းအတွင်း ရပ်တန့်ထားသည့် မော်တော်ယာဉ်တွင် ၂၀၁၈ခုနှစ် ဇွန်လ(၁)ရက်နေ့ ည(၁၁)နာရီမထိုးမီက ပေါက်ကွဲမှု ဖြစ်ပွားရာ အဆိုပါ ကားမှာ မြို့နယ်ဦးစီးမှူးဖြစ်သူ ဦးသူရကျော် ပိုင်ဆိုင်သည့် ကားဖြစ်ပြီး အင်ဂျင်၏ အောက်ပိုင်းတွင် ပေါက်ကွဲမှု ဖြစ်သည့်အတွက် ယာဉ်၏ အင်ဂျင်၊ ရေတိုက်ကီ၊ ရှေ့ဘန်မာ နှင့် ရွှံ့ကာတို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁ )နှင့် အမှတ် (၉၁၂)တပ်ခွဲ(၂) BE တပ်တို့မှသွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ၌ ယမ်းနံ့များရပြီး၊ သံဘောစိများ တွေ့ရှိရသည့် အတွက် အဆိုပါ မိုင်းသည် ဒေသန္တရလက်လုပ် ရီမုမိုင်းဖြစ်ကြောင်း သိရှိရသည်။

ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ လူများသို့ ထိခိုက်မှု မရှိကြောင်း နှင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~