မယ်ဆိုင်ဘက် ထိုင်း - မြန်မာချစ်ကြည်ရေးတံတား(၁)ထိပ်တွင် ဆိုင်ကယ်များ စနစ်တကျ ရပ်တန့်ရေး သတ်မှတ်မျဉ်းများ ရေးဆွဲ

မယ်ဆိုင်ဘက် ထိုင်း - မြန်မာချစ်ကြည်ရေးတံတား(၁)ထိပ်တွင် ဆိုင်ကယ်များ စနစ်တကျ ရပ်တန့်ရေး သတ်မှတ်မျဉ်းများ ရေးဆွဲ
ဇှနျ 4, 2018
By Tachileik News Agency
ဓါတ်ပုံ - สถานีตำรวจภูธร แม่สาย

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား(၁)ထိပ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားနေသည့် အတွက် အဆိုပါ တံတားဝန်းကျင်တွင် ဆိုင်ကယ်များ စနစ်တကျ ရပ်တန့်ရေးအတွက် မယ်ဆိုင်ရဲတပ်ဖွဲ့က မျဉ်းများကို ယနေ့ ၂၀၁၈ခုနှစ် ဇွန်လ(၄)ရက်နေ့ နံနက်ပိုင်းက ရေးဆွဲကာ ဆေးသုတ်နေသည်ကို တွေ့ရသည်။

မယ်ဆိုင်မြို့ရှိ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား(၁)ထိပ်တွင် တာချီလိတ်ဘက်မှ လာသော ဆိုင်ကယ်များနှင့် တာချီလိတ်ဘက်သို့ သွားမည့်ဆိုင်ကယ်များ အပါအဝင် ဈေးဝယ်ရန် ရပ်တန့်သည့် ဆိုင်ကယ်များမှာ စည်းကမ်းမဲ့ ရပ်တန့်လေ့ရှိသည့် အတွက် သတ်မှတ်မျဉ်းများအား သိသာ ထင်ရှားစေရန်အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - สถานีตำรวจภูธร แม่สาย

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~