အမ်ဳိးသားလုံၿခဳံေရးႏွင့္ ႏုိင္ငံတကာ ဆက္ဆံေရးအေျခအေနမ်ားႏွင့္ စပ္လ်ဥ္းသည့္ အစည္းအေဝး ႏိုင္ငံေတာ္သမၼတအိမ္ေတာ္တြင္ က်င္းပ

အမ်ဳိးသားလုံၿခဳံေရးႏွင့္ ႏုိင္ငံတကာ ဆက္ဆံေရးအေျခအေနမ်ားႏွင့္ စပ္လ်ဥ္းသည့္ အစည္းအေဝး ႏိုင္ငံေတာ္သမၼတအိမ္ေတာ္တြင္ က်င္းပ
ဇွန် 8, 2018
By Tachileik News Agency

ရခုိင္ျပည္နယ္အေရးကိစၥအပါအဝင္ အမ်ဳိးသားလုံၿခဳံေရးႏွင့္ ႏုိင္ငံတကာဆက္ဆံေရးအေျခအေနမ်ားႏွင့္ စပ္လ်ဥ္းသည့္ အစည္းအေဝးကုိ ၂၀၁၈ ခုႏွစ္ ဇြန္လ (၈)ရက္ေန႔ နံနက္ (၁၀) နာရီတြင္ ေနျပည္ေတာ္ရွိ ႏုိင္ငံေတာ္သမၼတအိမ္ေတာ္ ဧည့္ခန္းမေဆာင္၌ က်င္းပေၾကာင္း သိရသည္။

အဆိုပါ အစည္းအေဝးတြင္ ကုလသမဂၢဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းႀကီးရုံး (UNHCR)ႏွင့္ ကုလသမဂၢဖြံ႕ၿဖဳိးမႈအစီအစဥ္(UNDP)ႏွင့္ နားလည္မႈစာခၽြန္လႊာေရးထုိးခဲ့သည့္ အေျခအေနမ်ား၊ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ ဖြဲ႔စည္းမႈအေျခအေနမ်ား၊ ရွန္ဂရီလာဒုိင္ယာေလာ့ခ္ႏွင့္ ဆက္စပ္ကိစၥရပ္မ်ား၊ ရခိုင္ျပည္နယ္ႏွင့္ နယ္စပ္လုံၿခဳံေရးကိစၥရပ္မ်ားစသည္တို႔ကို ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အစည္းအေဝးသို႔ ႏုိင္ငံေတာ္သမၼတဦးဝင္းျမင့္၊ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယသမၼတမ်ားျဖစ္သည့္ ဦးျမင့္ေဆြ၊ ဦးဟင္နရီဗန္ထီးယူ၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္၊ အမ်ဳိးသားလႊတ္ေတာ္ဥကၠ႒ ဦးမန္းဝင္းခုိင္သန္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီးစုိးဝင္း၊ ျပည္ထဲေရး၀န္ႀကီး႒ာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၊ ကာကြယ္ေရးဝန္ႀကီး႒ာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးစိန္ဝင္း၊ နယ္စပ္ေရးရာ၀န္ႀကီး႒ာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးရဲေအာင္၊ ႏုိင္ငံေတာ္အတုိင္ပင္ခံရုံးဝန္ႀကီး႒ာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ အျပည္ျပည္ဆုိင္ရာပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး႒ာန ျပည္ေထာင္စုဝန္္ႀကီး ဦးေက်ာ္တင္၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးႏွင့္ သမၼတရုံးဝန္ႀကီး႒ာန ဒုတိယဝန္ႀကီး ဦးမင္းသူတုိ႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ အဌမ ပံုမွန္အစည္းအေဝး (၁၃)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၈)ရက္ေန႔တြင္က်င္းပမည့္ အစည္းအေဝးအစီအစဥ္အား ဇြန္လ(၇)ရက္ေန႔က ေရႊ႕ဆုိင္းထားျခင္းျဖစ္သည္။

ဓါတ္ပံု - ႏိုင္ငံေတာ္သမၼတရံုး



~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့ နံနက် (၁၀) နာရီတွင် နပြေည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည့် အခြေအနေများ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမှုအခြေအနေများ၊ ရှန်ဂရီလာဒိုင်ယာလော့ခ်နှင့် ဆက်စပ်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် နယ်စပ်လုံခြုံရေးကိစ္စရပ်များစသည်တို့ကို ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများဖြစ်သည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် သမ္မတရုံးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးမင်းသူတို့ တက်ရောက်ကြကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဌမ ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် ဇွန်လ (၈)ရက်နေ့တွင်ကျင်းပမည့် အစည်းအဝေးအစီအစဉ်အား ဇွန်လ(၇)ရက်နေ့က ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။

ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~