မုံးကိုးမြို့မဈေး မီးလောင်မှုဖြစ်ပွား၍ ဆိုင်ခန်း(၁၅)ခန်း မီးလောင်ကျွမ်း

မုံးကိုးမြို့မဈေး မီးလောင်မှုဖြစ်ပွား၍ ဆိုင်ခန်း(၁၅)ခန်း မီးလောင်ကျွမ်း
ဇှနျ 8, 2018
By Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မုံးကိုးမြို့မှာရှိတဲ့ အမှတ်(၁)စည်ပင်သာယာရေးဈေးမှာ ၂၀၁၈ခုနှစ် ဇွန်လ(၇)ရက်နေ့ နံနက်(၁)နာရီမထိုးမီက မီးလောင်မှု ဖြစ်ပွားမှုကြောင့် ဈေးဆိုင်ခန်း (၁၅)ခန်း မီးလောင်ဆုံးရှုံးသွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဈေးအတွင်းက ဦးလမွန်းဖွင့်လှစ်ထားရှိတဲ့ ကုန်ခြောက်ဆိုင်ခန်းမှာ ဝါယာရှော့ဖြစ်ရာကနေ လောင်ကျွမ်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် ဦးလမွန်းကို မုံးကိုးနယ်မြေရဲစခန်းမှာ မီးပေါ့ဆမှုနဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~