မႏၱေလးတြင္ ဆိုင္ကယ္ခိုးၿပီး အခ်ိန္(၂)နာရီခြဲအၾကာ တြန္းလာသည့္ လူငယ္အား ရဲတပ္ဖြဲ႔က ဖမ္းဆီးရမိ

မႏၱေလးတြင္ ဆိုင္ကယ္ခိုးၿပီး အခ်ိန္(၂)နာရီခြဲအၾကာ တြန္းလာသည့္ လူငယ္အား ရဲတပ္ဖြဲ႔က ဖမ္းဆီးရမိ
ဇွန် 19, 2018
By Tachileik News Agency

မႏၱေလးၿမိဳ႕ ဘုရားႀကီးေတာင္ဘက္မုဒ္ ေစာင္းတန္းမွ ဆိုင္ကယ္ခိုးယူလာသူအား ရတနာဘုမၼိ အေနာက္ရပ္ကြက္တြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၈)ရက္ေန႔က ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

အမွတ္(၉)ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ယင္းေန႔ ေန႔လယ္ (၁)နာရီခြဲဝန္းက်င္တြင္ ရတနာဘုမၼိ အေနာက္ရပ္ကြက္ (၈၄)လမ္း၊ (၃၅)လမ္းႏွင့္ (၃၆)လမ္းၾကားတြင္ Toyamax 125 တစ္စီးကို ေသာ့မပါဘဲ တြန္းလာသည့္ လူငယ္တစ္ဦးအား ေတြ႔ရျဖင့္ သက္ေသမ်ားေရွ႕တြင္ စစ္ေမးရာ ေန႔လယ္ (၁၁)နာရီအခ်ိန္က ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဘုရားႀကီးေတာင္ဘက္ပုဒ္ေစာင္းတန္းတြင္ ရပ္ထားသည့္ ဆိုင္ကယ္ကို ေဆာ့ကတ္ျဖဳတ္၍ ခိုးယူလာျခင္းျဖစ္ေၾကာင္းကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

ဆိုင္ကယ္ခိုးယူလာသည့္ အသက္ (၂၅)ႏွစ္အရြယ္ ႏုိင္မိုးဦးအား အမွတ္(၁၀)ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၈၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ၊ ၃၇၉/၅၄ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနၿပီး သက္ေသခံဆုိင္ကယ္ကို သိမ္းဆည္းထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -  ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးမြို့ ဘုရားကြီးတောင်ဘက်မုဒ် စောင်းတန်းမှ ဆိုင်ကယ်ခိုးယူလာသူအား ရတနာဘုမ္မိ အနောက်ရပ်ကွက်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့က ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

အမှတ်(၉)မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယင်းနေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်တွင် ရတနာဘုမ္မိ အနောက်ရပ်ကွက် (၈၄)လမ်း၊ (၃၅)လမ်းနှင့် (၃၆)လမ်းကြားတွင် Toyamax 125 တစ်စီးကို သော့မပါဘဲ တွန်းလာသည့် လူငယ်တစ်ဦးအား တွေ့ရဖြင့် သက်သေများရှေ့တွင် စစ်မေးရာ နေ့လယ် (၁၁)နာရီအချိန်က ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးတောင်ဘက်ပုဒ်စောင်းတန်းတွင် ရပ်ထားသည့် ဆိုင်ကယ်ကို ဆော့ကတ်ဖြုတ်၍ ခိုးယူလာခြင်းဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ဆိုင်ကယ်ခိုးယူလာသည့် အသက် (၂၅)နှစ်အရွယ် နိုင်မိုးဦးအား အမှတ်(၁၀)မြို့မရဲစခန်းတွင် (ပ)၁၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ၊ ၃၇၉/၅၄ဖြင့် အမှုဖွင့်ဆောင်ရွက်နပြေီး သက်သေခံဆိုင်ကယ်ကို သိမ်းဆည်းထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~