တောင်ကြီးတွင် ဖွင့်လှစ်မည့် ချည်မျှင်၊အထည်အလိပ်နှင့် ရက်ကန်းသင်တန်းများအား ဇွန်လ(၂၂)ရက်နေ့ နောက်ဆုံး လျှောက်ထားနိုင်

တောင်ကြီးတွင် ဖွင့်လှစ်မည့် ချည်မျှင်၊အထည်အလိပ်နှင့် ရက်ကန်းသင်တန်းများအား ဇွန်လ(၂၂)ရက်နေ့ နောက်ဆုံး လျှောက်ထားနိုင်
ဇှနျ 15, 2018
By Tachileik News Agency


ဖြစ်ကြောင်း သိရသည်။

ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းအတွက် သင်တန်းလျှောက်ထားလိုသူများ အနေဖြင့်  အခြေခံပညာအလယ်တန်းအောင်မြင်သည့် မြန်မာနိုင်ငံသား ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် အသက် (၁၆)နှစ်ပြည့်ပြီး အသက် (၅)နှစ်ထက် မကျော်လွန်သူ၊ အိမ်ထောင်မရှိသူ၊ အမျိုးသားဖြစ်ပါက အရပ်အမြင့် အနည်းဆုံး (၅)ပေ (၁)လက်မနှင့် အမျိုးသမီးဖြစ်ပါက အနည်းဆုံး (၄)ပေ (၁၁)လက်မရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

လက်ရက်ကန်း (၆)လ သင်တန်းအတွက် သင်တန်းလျှောက်ထားလိုသူများအနေဖြင့် အခြေခံပညာမူလတန်း အောင်မြင်ထားသည့် မြန်မာနိုင်ငံသား ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် အသက် (၁၆)နှစ်ပြည့်ပြီး အသက် (၅)နှစ်ထက် မကျော်လွန်သည့် အမျိုးသမီးများ၊ အိမ်ထောင် မရှိသူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။



သင်တန်းလျှောက်ထားလိုသူများ အနေဖြင့် ပညာအရည်အချင်းထောက်ခံချက်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်၊ ပတ်စ်ပို့စ် ဓါတ်ပုံ (၃)ပုံတို့နှင့်အတူ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက်သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၂၂)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)၌ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် စတင် ဖွင့်လှစ်မည့် သင်တန်းနှစ်ခုကို ၂၀၁၈ ခုနှစ် ဇွန်လ (၂၂)ရက်နေ့ နောက်ဆုံး လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင် ဖွင့်လှစ်မည့် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းအတွက် သင်တန်းသား (၂၀)ဦးနှင့် လက်ရက်ကန်း (၆)လ သင်တန်းအတွက် သင်တန်းသား (၁၀)ဦး ခေါ်ယူမည်
ဖြစ်ကြောင်း သိရသည်။

ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းအတွက် သင်တန်းလျှောက်ထားလိုသူများ အနဖြေင့် အခြေခံပညာအလယ်တန်းအောင်မြင်သည့် မြန်မာနိုင်ငံသား ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် အသက် (၁၆)နှစ်ပြည့်ပြီး အသက် (၅)နှစ်ထက် မကျော်လွန်သူ၊ အိမ်ထောင်မရှိသူ၊ အမျိုးသားဖြစ်ပါက အရပ်အမြင့် အနည်းဆုံး (၅)ပေ (၁)လက်မနှင့် အမျိုးသမီးဖြစ်ပါက အနည်းဆုံး (၄)ပေ (၁၁)လက်မရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

လက်ရက်ကန်း (၆)လ သင်တန်းအတွက် သင်တန်းလျှောက်ထားလိုသူများအနဖြေင့် အခြေခံပညာမူလတန်း အောင်မြင်ထားသည့် မြန်မာနိုင်ငံသား ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် အသက် (၁၆)နှစ်ပြည့်ပြီး အသက် (၅)နှစ်ထက် မကျော်လွန်သည့် အမျိုးသမီးများ၊ အိမ်ထောင် မရှိသူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ရက်ကန်းသင်တန်းအား အမှန်တကယ် စိတ်ဝင်စားပါက သတ်မှတ် အရပ်အမြင့်ပေနှင့် အသက် အကန့်အသတ်တို့အား လျှော့ပေါ့စဉ်းစား လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပါက သင်တန်းကာလအတွင်း အဆောင်တွင် အခမဲ့နေထိုင်ခွင့်၊ ပညာသင်ထောက်ပံ့ကြေး တစ်လလျှင် ကျပ်သုံးသောင်းကိုလည်း ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းလျှောက်ထားလိုသူများ အနဖြေင့် ပညာအရည်အချင်းထောက်ခံချက်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်၊ ပတ်စ်ပို့စ် ဓာတ်ပုံ (၃)ပုံတို့နှင့်အတူ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက်သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၂၂)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၈၁ ၂၁၂၁၆၁၄၊ဝ၉ ၄၄၄၀၂၀၉၆၅၊ ဝ၉ ၄၂၀၇၃၀၁၃၀ တို့သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~