ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုး၏ ပထမဆံုး တရားစီရင္ေရးဆုိင္ရာစံႏႈန္းမ်ားလက္စြဲကို တာခ်ီလိတ္ရိွ တရားေရးဆုိင္ရာႏွင့္ ဆက္စပ္ဌာနမ်ားသို႔ ရွင္းလင္း

ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုး၏ ပထမဆံုး တရားစီရင္ေရးဆုိင္ရာစံႏႈန္းမ်ားလက္စြဲကို တာခ်ီလိတ္ရိွ တရားေရးဆုိင္ရာႏွင့္ ဆက္စပ္ဌာနမ်ားသို႔ ရွင္းလင္း
ဇွန် 26, 2018
By Tachileik News Agency

UNDP ႏွင့္ IDLO ၏ ပံ့ပိုးမႈျဖင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုးက ပထမဆံုး ျပဳစုထုတ္ျပန္ခဲ့သည့္ တရားစီရင္ေရး ဆုိင္ရာ စံႏႈန္းမ်ား လက္စြဲစာအုပ္ကို တရားေရးဆုိင္ရာႏွင့္ ဆက္စပ္ဌာနမ်ားသို႔ ပထမဆံုးအႀကိမ္ ရွင္းလင္းျခင္းကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ ဟိုတယ္တာခ်ီလိတ္တြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၆)ရက္ေန႔ ေန႔လည္ပိုင္းက က်င္းပသည္။

“တာခ်ီလိတ္က ရွမ္း(အေရွ႕ပိုင္း)မွာ အလွမ္းေဝးေနတဲ့ အတြက္ အခုလို သက္ဆုိင္ရာအဖြဲ႕အစည္း စံုစံုလင္လင္နဲ႔ ပထမဆံုး လုပ္ေဆာင္တာပါ။ ဌာနတြင္း အသိေပးတာကေတာ့ ေတာင္ႀကီးခရိုင္ဥပေဒရံုးနဲ႔ ဓႏုေဒသမွာေတာ့ ရွင္းျပၿပီးပါၿပီ။ အဓိက ကေတာ့ ဥပေဒအရာရိွေတြကို ရွင္းျပတာပါ။ ျပည္သူနဲ႔ ဆက္စပ္အဖြဲ႔အစည္းအားလံုးကို ရွင္းလင္းျခင္းကိုေတာ့ ဒီဟာကေတာ့ ပထမဆံုးအႀကိမ္ လုပ္တာပါ။ ပြဲေတာ္ေတာ္မ်ားမ်ားကို ေတာင္ႀကီးမွာပဲ လုပ္တာမ်ားေတာ့ ရွမ္းျပည္နယ္ တစ္ျပည္နယ္လံုး အတုိင္းအတာျဖစ္သြားေအာင္ အခု ရွမ္း(အေရွ႕)မွာလုပ္တယ္။ ၿပီးရင္ ရွမ္း(ေျမာက္)မွာလည္း ေနာက္လထဲ ဆက္လုပ္သြားမွာပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ ျပည္နယ္ဥပေဒခ်ဳပ္ ဦးတင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရားစီရင္ေရးဆုိင္ရာ စံႏႈန္းမ်ားကို တရားေရးဆုိင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ဆက္စပ္ဌာနမ်ား၊ အမ်ားျပည္သူ သိရိွျခင္းျဖင့္ တရားစီရင္ေရးက႑တြင္ အမ်ားျပည္သူ၏ ယံုၾကည္ကိုးစားမႈကို ျမႇင့္တင္ႏုိင္ေရးအတြက္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုးက ပထမဆံုးအႀကိမ္ ျပဳစုေရးဆြဲထားျခင္းျဖစ္ေၾကာင္း သိရသည္။

“တရားဥပေဒစိုးမိုးေရးကို အေထာက္အကူျဖစ္ေစဖို႔၊ ျပစ္မႈဆိုင္ရာ စစ္ေဆးမႈျပဳလုပ္တဲ့အခ်ိန္ကစၿပီးေတာ့ တရားစီရင္မႈၿပီးဆံုးတဲ့အခ်ိန္ထိ ျပည္သူေတြရဲ႕ ဥပေဒဆုိင္ရာ အခြင့္အေရးေတြကို ဥပေဒနဲ႔အညီ၊ တရားမွ်တမႈက႑ ျပဳျပင္ေျပာင္းလဲေရးမွာ အမ်ားျပည္သူတုိ႔ရဲ႕ ယံုၾကည္ကိုးစားမႈကို ျမႇင့္တင္ႏုိင္ဖို႔၊ ဥပေဒအရာရိွေတြရဲ႕လုပ္ငန္းေတြ ေဆာင္ရြက္တဲ့အခါမွာ သေဘာတရားေတြကို နားလည္လာဖို႔နဲ႔ အမႈလုိက္ပါေဆာင္ရြက္တဲ့ ဥပေဒအရာရိွေတြ အေကာင္းဆံုးအမႈလုိက္ပါေဆာင္ရြက္ႏုိင္ဖို႔ ရည္ရြယ္ၿပီးေတာ့ ထုတ္ေဝရျခင္းျဖစ္ပါတယ္”ဟု ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုး၊ တရားစြဲႏွင့္အမႈလုိက္ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚခင္ခ်ိဳအုန္းက တရားစီရင္ေရး ဆုိင္ရာ စံႏႈန္းမ်ားလက္စြဲစာအုပ္ရွင္းလင္းရာတြင္ ေျပာၾကားသည္။

ရွမ္းျပည္နယ္အတြင္း ဌာနတြင္းရွင္းလင္းျဖန္႔ေဝရန္ လက္စဲြစာအုပ္မ်ားကုိ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရံုး၊ တရားစဲြႏွင့္အမႈလုိက္ ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚခင္ခ်ဳိအုန္းက ရွမ္းျပည္နယ္ ဥပေဒခ်ဳပ္ ဦးတင္ဦးထံ ေပးအပ္ခဲ့ၿပီး တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ မိတ္ဆက္ရွင္းလင္းျခင္းႏွင့္ ျဖန္႔ေဝေရးတို႔အတြက္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုး၊ ကုလသမဂၢ ဖံြ႕ၿဖဳိးမႈ အစီအစဥ္ UNDP ႏွင့္ အျပည္ျပည္ ဆိုင္ရာ ဥပေဒ ဖံြ႕ၿဖဳိးေရးအဖဲြ႕အစည္းIDLO တို႔က ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ျပည္သူေတြအေနနဲ႔ တရားစီရင္ေရးဆုိင္ရာမွာ တရားမွ်တမႈရရိွေရးအတြက္ ဘယ္ဟာက မတရားတာလဲ၊ ဘယ္ဟာက တရားတာလဲ၊ ဘယ္ဟာအမွား၊ ဘယ္ဟာအမွန္ဆိုတာ သိဖို႔လုိပါတယ္။ ဒါေတြသိၿပီး ျပည္သူေတြအေနနဲ႔ အမွန္တရားေပၚေပါက္ေအာင္ ရဲရဲရင့္ရင့္ ရင္ဆုိင္ဖို႔လိုအပ္သလို ဝိုင္းဝန္း ပူးေပါင္းရင္ဆိုင္ေျဖရွင္းေပးၾကဖို႔႔လည္း လိုအပ္မွာျဖစ္ပါတယ္။ တရားစီရင္ေရးစံႏႈန္းေတြကို ျပည္သူေတြက မျဖစ္မေနသိရိွဖို႔ လိုအပ္ပါတယ္”ဟု ရွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္က စံႏႈန္းလက္စြဲစာအုပ္ရွင္းလင္းပြဲတြင္ ေျပာၾကားသြားသည္။

တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္တာခ်ီလိတ္တြင္ က်င္းပသည့္ရွင္းလင္းပြဲအခမ္းအနားသို႔ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရံုး၊တရားစဲြႏွင့္အမႈလုိက္ ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚခင္ခ်ဳိအုန္း၊ ရွမ္းျပည္နယ္ အစုိးရ အဖဲြ႕၀င္ ျပည္နယ္ဥပေဒခ်ဳပ္ ဦးတင္ဦး၊ ရွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္၊ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးစုိင္းလံုစံခတ္၊ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ခရုိင္စီမံခန္႔ခဲြမႈ ေကာ္မတီဥကၠ႒ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္၊ ခရုိင္ဥပေဒ အရာရွိ ဦးသိန္းထြန္း ၊ ခရုိင္တရားသူႀကီး ဦး၀င္းေအာင္၊ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ခရိုင္ဦးစီးဌာနမွဴး ဦးေက်ာ္ေမာ္ထြန္း၊ ခရိုင္ႏွင့္ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕အသီးသီးမွ တာဝန္ရိွသူမ်ား၊ သစ္ေတာဦးစီးဌာန၊ က်ဳိင္းတံု၊ တာခ်ီလိတ္၊မုိင္းဆတ္ခရုိင္တုိ႔ရွိ ခရုိင္ဥပေဒအရာရွိမ်ားႏွင့္ ၿမဳိ႕နယ္ဥပေဒအရာရွိမ်ား၊ တရားစီရင္ေရးႏွင့္ ဆက္စပ္ဌာနမ်ား၊ အဖြဲ႕အစည္းမ်ား တက္ေရာက္ၾကသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

UNDP နှင့် IDLO၏ ပံ့ပိုးမှုဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပထမဆုံး ပြုစုထုတ်ပြန်ခဲ့သည့် တရားစီရင်ရေး ဆိုင်ရာ စံနှုန်းများ လက်စွဲစာအုပ်ကို တရားရေးဆိုင်ရာနှင့် ဆက်စပ်ဌာနများသို့ ပထမဆုံးအကြိမ် ရှင်းလင်းခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပသည်။

“တာချီလိတ်က ရှမ်း(အရှေ့ပိုင်း)မှာ အလှမ်းဝေးနေတဲ့ အတွက် အခုလို သက်ဆိုင်ရာအဖွဲ့အစည်း စုံစုံလင်လင်နဲ့ ပထမဆုံး လုပ်ဆောင်တာပါ။ ဌာနတွင်း အသိပေးတာကတော့ တောင်ကြီးခရိုင်ဥပဒေရုံးနဲ့ ဓနုဒေသမှာတော့ ရှင်းပြပြီးပါပြီ။ အဓိက ကတော့ ဥပဒေအရာရှိတွေကို ရှင်းပြတာပါ။ ပြည်သူနဲ့ ဆက်စပ်အဖွဲ့အစည်းအားလုံးကို ရှင်းလင်းခြင်းကိုတော့ ဒီဟာကတော့ ပထမဆုံးအကြိမ် လုပ်တာပါ။ ပွဲတော်တော်များများကို တောင်ကြီးမှာပဲ လုပ်တာများတော့ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာဖြစ်သွားအောင် အခု ရှမ်း(အရှေ့)မှာလုပ်တယ်။ ပြီးရင် ရှမ်း(မြောက်)မှာလည်း နောက်လထဲ ဆက်လုပ်သွားမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားစီရင်ရေးဆိုင်ရာ စံနှုန်းများကို တရားရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနများ၊ အများပြည်သူ သိရှိခြင်းဖြင့် တရားစီရင်ရေးကဏ္ဍတွင် အများပြည်သူ၏ ယုံကြည်ကိုးစားမှုကို မြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပထမဆုံးအကြိမ် ပြုစုရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

“တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေဖို့၊ ပြစ်မှုဆိုင်ရာ စစ်ဆေးမှုပြုလုပ်တဲ့အချိန်ကစပြီးတော့ တရားစီရင်မှုပြီးဆုံးတဲ့အချိန်ထိ ပြည်သူတွေရဲ့ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ဥပဒေနဲ့အညီ၊ တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ အများပြည်သူတို့ရဲ့ ယုံကြည်ကိုးစားမှုကို မြှင့်တင်နိုင်ဖို့၊ ဥပဒေအရာရှိတွေရဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ သဘောတရားတွေကို နားလည်လာဖို့နဲ့ အမှုလိုက်ပါဆောင်ရွက်တဲ့ ဥပဒေအရာရှိတွေ အကောင်းဆုံးအမှုလိုက်ပါဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ထုတ်ဝေရခြင်းဖြစ်ပါတယ်”ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက တရားစီရင်ရေး ဆိုင်ရာ စံနှုန်းများလက်စွဲစာအုပ်ရှင်းလင်းရာတွင် ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း ဌာနတွင်းရှင်းလင်းဖြန့်ဝေရန် လက်စွဲစာအုပ်များကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက ရှမ်းပြည်နယ် ဥပဒေချုပ် ဦးတင်ဦးထံ ပေးအပ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိတ်ဆက်ရှင်းလင်းခြင်းနှင့် ဖြန့်ဝေရေးတို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP နှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေ ဖွံ့ဖြိုးရေးအဖွဲ့အစည်းIDLO တို့က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ တရားစီရင်ရေးဆိုင်ရာမှာ တရားမျှတမှုရရှိရေးအတွက် ဘယ်ဟာက မတရားတာလဲ၊ ဘယ်ဟာက တရားတာလဲ၊ ဘယ်ဟာအမှား၊ ဘယ်ဟာအမှန်ဆိုတာ သိဖို့လိုပါတယ်။ ဒါတွေသိပြီး ပြည်သူတွေအနေနဲ့ အမှန်တရားပေါ်ပေါက်အောင် ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့လိုအပ်သလို ဝိုင်းဝန်း ပူးပေါင်းရင်ဆိုင်ဖြေရှင်းပေးကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ တရားစီရင်ရေးစံနှုန်းတွေကို ပြည်သူတွေက မဖြစ်မနေသိရှိဖို့ လိုအပ်ပါတယ်”ဟု ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က စံနှုန်းလက်စွဲစာအုပ်ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ကျင်းပသည့်ရှင်းလင်းပွဲအခမ်းအနားသို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ဥပဒေ အရာရှိ ဦးသိန်းထွန်း၊ ခရိုင်တရားသူကြီး ဦးဝင်းအောင်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးကျော်မော်ထွန်း၊ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာန၊ ကျိုင်းတုံ၊ တာချီလိတ်၊မိုင်းဆတ်ခရိုင်တို့ရှိ ခရိုင်ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများ၊ တရားစီရင်ရေးနှင့် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ တက်ရောက်ကြသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~